ဒီနေ့ ကောက်ညှင်းထုတ်ပွဲတော်..။
စနေနေ့ညနေပိုင်း ကောက်ညှင်းထုတ်မယ် စဉ်းစားပြီး ကောက်ကာ ငင်ကာ ဈေးသွား
ကောက်ညှင်းဆန်ဝယ်...လိုအပ်တဲ့ အစာတွေ..အရွက်တွေ..ကြိုးတွေဝယ်ပြီး
ဆန်ရေစိမ်..အရွက် ရေစိမ်..ကြိုးရေစိမ်..မှိုခြောက်ရေစိမ်..ပုဇွန်ခြောက်ရေစိမ်ပြီး
လုပ်လိုက်ရပါတယ်..။
ဖြစ်သလို လုပ်ပါတယ်..။
ဆိုလိုတာက...အစာသိပ်အစုံကြီးမဟုတ်ပဲ..။
ထုတ်တာကတော့ အိမ်ကိုလာနေကျ အဒေါ်ကြီးတယောက် ထုတ်ပေးပါတယ်.။
မြန်ကောင်းလှပ..။
ကောက်ညှင်းထုတ်ပွဲတော်မှာ ပျော်ရွှင်ကြပါစေ..။
နောက်တိုး ။ ။
အိမ်မှာ...
အဖိုးက ဒီပွဲတော်ရောက်တုန်းနှစ်တိုင်းလုပ်နေကျကတော့ ကောက်ညှင်းချည်း
အဖြူထည်ထုတ်ပြီး သကြားနဲ့တို့စားတာရယ်..။
ပဲနီထည့်ပြီး ထုတ်တာရယ်..။(မြေပဲထည့်မထည့်မသေချာ)
နောက်ပြီး ဒီပွဲတော်ရောက်ခါနီးဆို အဖိုးက ဒီအရွက်ကို ကိုယ်တိုင်သွားခုတ်ပါတယ်။
အခုလုပ်တာက ဒီကလူတွေစားတဲ့နည်းမျိုးပေါ့..။
(မြန်မာမှာဆိုရင်တော့ ရန်ကုန်ဘက်က တရုတ်ဖြစ်မယ်ထင်ပါတယ်..ဒါလဲမသေချာ)
ကျနော်လုပ်တာ အလွယ်နည်းမို့ ရှိတဲ့အဆာတွေနဲ့ပဲ လုပ်ဖြစ်ပါတယ်။
ကောက်ညှင်းဆန်ကို ရေဆေးပြီး၎နာရီ ရေစိမ်ထားရပါမယ်။
ထုတ်ရမဲ့ အရွက်ကိုလဲတရွက်ချင်းသေသေချာချာ ရေဆေးရပါမယ်..။
မှိုခြောက်ကိုရေနွေးစိမ်ပြီး ပါးပါးစိပ်..။(၃နာ၇ီလောက်ကြိုစိမ်ထားပါ)
မပြုပ်ရသေးတဲ့ ဘဲဥအငန်ကို အနှစ်ချည်းယူပြီး ပန်းကန်တစ်လုံးထဲ ထည့်ထားပေးပါ။
ကိုယ်ထုတ်လိုသလောက် ကောက်ညှင်းထုတ်အရေအတွက်အတိုင်း ဘဲဥကိုဝယ်ရပါမယ်။
ပုဇွန်ခြောက်ကို ရေဆေးပြီး အရင်ကြော်ပါတယ်..။ ငရုတ်ကောင်းဖြူးပါတယ်။
ပန်းကန်တလုံးထဲ ပြင်ထည့်ထားပါ။
လှီးထားတဲ့ မှိုကို ကြော်ပါတယ်..။ ကြာညို့နဲ့ ငရုတ်ကောင်းထည့်ပါတယ်။
ပန်းကန်တစ်လုံးထဲ ထည့်ထားပါ..။
ကျန်နေတဲ့ ဆီနဲ့ ၄နာရီရေစိမ်ထားတဲ့ ကောက်ညှင်းကို ထည့်ကြော်ပါတယ်..။
ကြာညို့အငန်ထည့်....五香粉 ထည့်..။၂မိနစ်လောက်ကြော်ပြီး အိုးကချ။
ပြီးတော့ ထုတ်လို့ရပါပြီ..။
ထုတ်ပြီးရင် အိုးတလုံးထဲကို စီပြီးထည့်ပါ..။ ရေအပြည့်ဖြည့်ပါ..။
၂နာရီခွဲကြာ ပြုပ်ရပါမယ်..။ ရေလျော့ရင် ရေထပ် ထပ်ထည့်ပေးနေရပါမယ်..။
(အိုးနဲ့ ကောက်ညှင်းထုတ် အပြည့်ဖြစ်နေရပါမယ်..ဒါမှ ရေထဲ အိုးထဲမှာ ကောက်ညှင်းထုတ်
တွေ ပေါလော မဖြစ်နေမှာပါ..။)
ကြက်ဥထည့်ပြုပ်တာက ကောက်ညှင်းထုတ်အိုးမှာထည့်ပြုပ်တဲ့ ကြက်ဥပြုပ်
စားကောင်းတတ်လို့ပါ..။
မချစ်ကြည် မေးတဲ့ ဝက်သားကတော့..ကျနော်မစားတော့ မပြောတတ်ပါဘူး။
ဆောတီးပါနော့..။
အဆင်ပြေပါစေ..။
မှတ်ချက်..။ ။။ ဓါတ်ပုံသာရိုက်ထားတာ..။တင်ချင်စိတ်သိပ်မရှိပါ..။
ဖြစ်သလို လုပ်ထားသောကြောင့်..။
အစ်မတယောက်မယုံကြည်မှာစိုး၍ တင်လိုက်ရပါသည်..။