Showing posts with label စားစရာ. Show all posts
Showing posts with label စားစရာ. Show all posts

နံနံပင်+ ချဉ်ပေါင်ဟင်းရည်

 ပိတ်ရက် အပြင်မသွားဖြစ်လို့ ဟင်းချက်ဖြစ်ပါတယ်..။
ပျင်းပျင်းရိရိနဲ့ပေါ့..။
ဒီတခါ ပုဇွန်ကို အချိုကြော်ပါမယ်..။

 ပုဇွန်ဝယ်ထားတာကို ခြေထောက်ဖြတ် နုတ်ခမ်းမွှေးဖြတ်ပြီး ရေဆေးပါတယ်..။


 ကြက်သွန်နီ ငရုတ်ချို နီဝါကို ဖြစ်သလို လှီးဖြတ်ထားပါတယ်..။


 ခရုဆီနဲ့ ကြာညိုအငန်ထည့်ပါတယ်..။
ကြက်သွန်မြိတ်မမေ့ပါနဲ့..။
ဂျင်းအရင်ကြော်ပါ..။

 အရွက်တစ်စည်းရှိလို့ ကြော်ဖြစ်တယ်..။
ကြက်သွန်ဖြူနဲ့ ဆီ..ဆားပဲ ပါတယ်..။

 ဒုတိယအကြိမ်မြှောက်  ချဉ်ပေါင်ဟင်းရည်ချက်ပါတယ်..။
ဆရာမ တစ်ယောက် သင်ပေးလို့ ချက်တတ်ပါတယ်..။
မျှစ်ထည့်ချက်ထားပါတယ်..။
ပိုချိုအောင် ကြော်မဲ့ပုဇွန်ထဲက အကောင်သေးနဲနဲ ထည့်ချက်ထားပါတယ်..။
ချခါနီး ငရုတ်သီးစိမ်းနဲ့ နံနံပင် အုပ်ပါတယ်..။


သူများပေးထားတဲ့ ဘာလချောင်ကြော်ပါ..။
ကျနော်ပိုစားဖြစ်တာကတော့ ချဉ်ပေါင်နဲ့ ဘာလချောင် ..အရွက်ကြော်ပါပဲ..။

ကုလားပဲရေစိမ်ခြင်း

အိမ်မှာ ကုလားပဲတွေရှိတာနဲ့ ညက ရေစိမ်ထားလိုက်တယ်.။
သူများဘလော့မှာ တိုဟူးနွေးဆိုတာ လုပ်စားတာတွေ့တော့
သိပ်အကြိုက်ကြီး  မဟုတ်ပေမဲ့ လုပ်စားဖို့ စိတ်ပါလာတယ်..။

နေ့လည်ထတော့ ပဲရေပွနေတာကြည့်ပြီး ဘာမှ လုပ်ချင်စိတ်မရှိဘူး။
အမှန်က ၃နာရီလောက်ရေစိမ်ထား ဆိုရပြီ..။
ကျနော်ကတော့ အတော်ကြာကြာစိမ်မိသွားတယ်..။
ကိစ္စမရှိပါဘူးလေ..ရေကြာကြာစိမ်တော့ ပဲကြိတ်ရလွယ်တယ်ပဲ
သဘောထားလိုက်တော့တယ်။
နေ့လည်၁ကျော်လောက်မှာ ရေစိမ်ထားတဲ့ပဲတွေကို ၃ခါလောက်ဆေးလိုက်တယ်။
ဘရမ်ဒါနဲ့ ရေနဲနဲပဲနဲနဲစီရောကြိတ်လိုက်တယ်.။





ကြိတ်နေဆဲ..
ပဲ..

ကြိတ်ပီးသားတွေကို အဝတ်ပါးအိတ်ထဲ ထည့်ပြီးစစ်ရပါမယ်.။
အခုလို ပဲရည်နဲ့ ပဲဖတ် ခွဲထုတ်ရပါမယ်..။

ဒါက ပဲရေစစ်ပြီးကျန်တဲ့ပဲဖတ်တွေ..။
လွှင့်ပစ်ရတော့မယ်ပဲဖတ်တွေကို.။
ဒီတိုဟူးက ဂုတ်သွေးစုတ်တိုဟူးနော်..။
ကုလားပဲရဲ့ အဆီအနှစ်တွေ စုတ်ယူပြီး
ကျန်တဲ့ ပဲဖတ်ကို အရေးမလုပ်တဲ့ တိုဟူး။
ဟိ

စစ်ပြီးသားပဲရည်တွေကို 
ဇလုံတခုတည်းမှာထားပြီး ပဲနှစ်ထိန်ကျန်အောင် 
၂နာ၇ီလောက်ထားထားပါ.။

အပေါ်ယံပဲရည်တွေကိုအိုးထဲမှာ ထည့်ကျိုပါ.။
ဆားထည့်ပါ..။ သကြားနဲနဲထည့်ပါ.။
ယောင်းမနဲ့ အဆင်မပြတ်မွှေပေးပါ.။
ဆူပွက်လာသည်အထိ..။
ဇလုံအောက်မှာ ထိန်ကျန်နေတဲ့ပဲနှစ်တွေကို လက်နဲ့ခွာပြီး
အရည်ပျော်အောင်လုပ်ပါ..။
မီးဖိုပေါ်မှာရှိတဲ့ ပဲရည်ဆူပွက်ချိန်မှာ ပဲနှစ်ရည်တွေကို
ဖြေးဖြေးချင်းလောင်းပြီး လက်ကလည်း အဆက်မပြတ်
မွှေထားပေးပါ..။

တဖြည်းဖြည်း ပျစ်လာပါမယ်.။

အခုလို ပွက်နေရင် မီးသေးအောင်လျှော့ပေးထားပါ.။
၁၀မိနစ်လောက်ဆက်တည်ပေးပါ..။

တိုဟူးပျော့အတွက် အစာများ..။
ငရုတ်သီးဆီ..။ နှမ်းထောင်းဆီ..။
မြေပဲထောင်း။ ဟွားကြောင်းဆီ (花椒)
မပါမဖြစ် နံနံပင်..။
ကြက်သွန်ဖြူကြော်ဆီက ရိုက်ဖို့မေ့သွားတယ်.။
စားတော့ ထည့်လိုက်တယ်..။
ကြာညိုပါတယ်နော်.။


များနေတော့ တိုဟူးသုတ်အတွက် ဗန်းထဲထည့်ခဲထားလိုက်တယ်။
တိုဟူးသား လက်လက်ထနေတာ သဘောကျတယ်..။
ပါးပါးလှီးပြီးသားကို အစကနေကိုင်ရင် အကြောပါတယ်..။
ပြတ်မထွက်ဘူး။
အဲ့ဒီတိုဟူးမှာ အသက်ပါတယ်ဆိုတဲ့သဘောပဲ..။
အဟိ။


ဒါ တိုဟူးသုတ်ပါ..။
တိုဟူးသုတ်မှာ ရှာလကာရည် နဲ့ကြက်သွန်ဖြူစိမ်းထောင်းရည်ထည့်ထားတယ်။
အမှန်က ဒီတိုဟူးကျိုနည်းကို ၂၀၀၈။၂၀၀၉လောက်ကတည်းက ဘလော့ဂါ( မမ) ဆောင်းက
တင်ပေးဖို့ တောင်းဆိုဖူးပါတယ်..။
အဲ့တုန်းကတည်းက တင်ပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်.။
သိပ်လဲ မကြာသေးပါဘူးလေ..၃နှစ်လောက်ပါပဲ..အဟီး။




မှတ်ချက် ။ ။ မွှေးကုလားပဲမှုန့်နဲ့လည်း ချက်ကြပါတယ်..။
အလွယ်နည်းပေါ့လေ..။ အဆင်ပြေသလို ကျိုကြရတာပါ..။

အိမ်က တိုဟူးစားနေကြဆိုတော့ အပြင်က တိုဟူးစားခဲတယ်.။
ကိုယ်တိုင်ကလဲ သိပ်မကြိုက်တာလဲပါတယ်..။
သိပ် အာသီသမ၇ှိဘူး။
နောက်ပြီးပဲမှုန့်နဲ့လုပ်တဲ့ တိုဟူးဆို ပိုမစားဖြစ်သေးတယ်.။
(အရင်ကပါ..)


အခုတော့ ဘာလာလာ ဂျောင်းပဲ..အဲ့လေ..စားပါတယ်။