ဒီိလိုနဲ့ ဆံပင်ညှပ်သင့်အချိန်ရောက်လာပြန်တယ်..။
ထုံးစံအတိုင်း ဘွတ်ကင်လုပ်ထားတဲ့အချိန်ထက် နာရီဝက်နောက်ကျပြီးမှ
အိမ်က ထွက်ဖြစ်တယ်..။
ထုံးစံအတိုင်း taxiစီးဖြစ်တယ်..။
ကားထဲကနေ ဆံပင်ညှပ်ဆိုင်ဆီ နောက်ကျကြောင်းဖုန်းဆက်အသိပေးတော့
ကားသမားကြားသွားပြီး ကားအမြန်မောင်းပေးပါတယ်။
အမြန်ကားပေါ် မစီးရဲပါဘူး.။
ကားသမားကို အမြန်မမောင်းဖို့ တောင်းပန်ရသေးတယ်..။
(သများက အသည်းငယ်တယ်..အမြန်ကြီးမောင်းတဲ့ကားကို မစီးရဲဘူး)
ဆံပင်အရှည်ထားချင်ကြောင်း ပြောပေမဲ့ ညှပ်ပေးလိုက်တာ
တဖက်က မတရားတိုနေတယ်..။
ဆိုင်က ပြန်ထွက်လာတော့ ၁၁ရှိနေပြီ..။
အသွားကတည်းက ဝင်ကြည့်ချင်တဲ့ သားရေလက်ပတ်ဆိုင်ကို
ဝင်ဖြစ်တယ်..။
သိပ်တိတ်ဆိတ်တဲ့ ကိုယ့်ရဲ့ အထိမ်းအမှတ်နေ့အတွက် လက်ပတ်၂စုံ
ဝယ်ဖြစ်တယ်..။
(ကိုယ့်နဲ့သိပ်မရင်းနှီးတဲ့
သူငယ်ချင်းတယောက်ကတော့ ပန်းစည်းနဲ့ ကဒ်လာပေးတယ်)
ကိုယ့်အမျိုးသာ ကြားရင်တော့ ဘာပြောမလဲ မသိ။
ပြီးခဲ့တဲ့လကမှ သူတို့ဆီက Aldo လက်ပတ်၂စုံဝယ်ခဲ့တယ်.။
ခခကတော့ surprise ဆိုပြီး ရယ်စရာကောင်းတဲ့ဟန်းဖုန်းချိတ်သေးသေးလေး
၂စုံ နဲ့ ကဒ်ကို ည၉နာရီကျော်တော့ လာပေးတယ်..။
အမှန်က ဒီလိုပို့စ်တွေ မရေးချင်ဘူး။
ကွန်ပြူတာနဲ့ စကားပြောချင်တော့ ဒီလိုနည်းနဲ့ပဲ ပြောလို့အဆင်ပြေလို့သာ။
အခုတလော စိတ်အခြေအနေ သိပ်မကောင်းချင်။
အလကားနေရင်း ဝမ်းနည်းနေတတ်တဲ့ရောဂါ ရနေတယ်..။
Look back to memory lane
4 weeks ago