လမုန့်ပွဲတော်


ဒီနေ့ လပွဲတော်နေ့ဖြစ်တယ်..။
ခါတိုင်း အကင်လုပ်စားနေကျ သူငယ်ချင်း မလုပ်ဖြစ်လို့ မကင်တော့ဘူး။
ဆိုတော့ အပြင်မှာ သွားစားဖြစ်တယ်..။
သူငယ်ချင်းတွေနဲ့...။
၁၀၁ အဆောက်အအုံနားက ဆိုင်မှာ ဘူဖေးစားဖြစ်ပါတယ်။
အအေးစာတွေ စားပြီးမှ ဓါတ်ပုံရိုက်ဖို့ သတိရတယ်..။


ပုဇွန်ကြော်ကို စားရင်း တန်းလန်း သတိရမိပါတယ်..။
(ဓါတ်ပုံရိုက်ဖို့ပါ..ဟီးး)
မုန်လာဥဖြူထောင်းနဲ့ကြာညိုရည်တို့စားပါ။



ဒါကရောက်တိုင်း မစားမဖြစ်ပါ..။
ခါတိုင်း ၄..၅ခုလောက်ကုန်တယ်..။ဒီနေ့၂ခုပဲ စားဖြစ်ပါတယ်။


ဒါက ရာဇဝင်နဲ့ ကော့တေးလ်ပါ..။
တခါက သောက်ကောင်းကောင်းနဲ့သောက်လိုက်တာ..
ခြေယိုင်သွားပြီး အိမ်မပြန်နိုင် ဖြစ်ရပါတယ်။ဒိနေ့တော့ ၄ခွက်လောက်ပါပဲ..။

ဆာရှိမိ
ခဏ ခဏ ယူစားမိပါတယ်။
ဘေးစွန်း လှမ်းမြင်နေရတာက အမဲသား။




အကင်...စားချင်လို့မဟုတ်ဘူး။
ပွဲတော်မို့..။


ပန်းသီင်္းဆိုင် ဝင်လည်မိသေး။


ဒီတံဆိပ် ကြိုက်ပါတယ်။
ဘယ်တော့မှ မဝယ်နိုင်ပါ.။
အလွန်ဆုံး စာရွက်ဖြူပေါ်မှာ သူ့တံဆိပ်လေး ခဏ ခဏ ရေးမိရုံတင်။


လမ်းဘေး အနုပညာသည်လေး..။
ကလေးတွေ သူ့ကို ချစ်ကြတယ်။


သနားစရာ အဆိုတော်..။
ဘယ်သူမှ သူ့ကို အားမပေးကြဘူး။






အိမ်ပြန်ချိန်ရောက်ပြီလေ..။
ဒီနေ့ဇာတ်လိုက်ကြီးကို မော့ကြည့်မိတယ်..။
သူကတော့ ပျော်ပျော်ကြီး သာနေတယ်။



မှတ်ချက် ။ ။ လမုန့်တွေ ရှောက်ပန်းသီးတွေ မရိုက်ချင်တော့ဘူး။
ပျင်းသွားပြီ။ မနှစ်ကပို့စ်မှာ ရှုစားနိုင်ပါတယ်။

covent garden မှာလဲ လမ်းဘေးအနုပညာသည်တွေအများကြီးကို
ရိုက်ခဲ့သေးတယ်..။ ဟိုမှာ ကျန်ခဲ့ပြီ.။ ပုံ၁၀၀၀ကျော်။



11 comments:

အများကြီးစား ပြီး တအား ကြီး O ပါစေ။း)

green fingers

ပျော်စရာကြီး။
စားချင်တယ်။

ကော့တေးလ် ဆိုတဲ့ဟာ.... ကြည့်ရတာသောက်ချင်စရာလေး... စတော်ဘယ်ရီလိုလို၊ဘာလိုလို....။

သူများ နေ့စဉ်ယူလာတဲ့ လ မုန့်တွေကို ပယ်ပယ်နယ်နယ်စားနေပါတယ်...။

လမုန့်ရော မစားဘူးလား

လမုန့်ဆိုလို့ လာစားတာ .. လမုန့်မပါပါလား
ဒီမှာလည်း လမုန့်တွေရောင်းနေတာ ပွဲတော်ကြောင့်ကိုး
ဒါပေမယ့် ဈေးကြီးလို့ ၀ယ်မစားနိုင်ဘူး.. ရွှတ်

လမုန့်တော့ လွမ်းသလိုပဲ
snow skin ကို ပိုကြိုက်တယ်

သောက်ကောင်းကောင်းဆို ဘယ်နှစ်ခွက်များလဲ မသိ။ ခုတောင် ၄ခွက် ဆိုပါ့လားးး
ပွဲတော်ကြောင့်ပဲ အကင်ကို အားနာပါးနာ စားရသလိုလို.. တို့လဲ ပွဲတော် ချင်ပါ့အေ..

တို့ လည်း အဲ့နေ့ က အိမ်နီးချင်းကလာပို့ လို့ ဝက်သားလမုန့် စားရတယ်ပေါက်ရေ။ ဒါမဲ့ ငိုချင်တယ်။ ကိုယ့်အိမ်မှာကတော့ လူမစုံဘူးလေ။

ဒီမှာလည်း မုန့် ဈေးတန်းနဲ့  ဓါတ်ပုံမရိုက်နိုင်အောင်လူ ကြပ်တာနဲ့ 

အဲဒီက လမုန့်ပွဲတော်မှာရော မီးပုံးလေးတွေ မရောင်းဘူးလား ပေါက်...
ဒီမှာတော့ ကလေးတွေ မီးပုံးလေးတွေ ကိုယ်စီနဲ့...
သူတို့ကိုကြည့်ပြီး ငယ်ငယ်က သီတင်းကျွတ်မှာ ဖယောင်းတိုင်ထည့်ထွန်းပြီး လေတိုက်လာရင် လင်းတခါ မှိန်တလှည့်နဲ့ တွန်းခဲ့ရတဲ့ ယုန်ရုပ်မီးပုံးလေးကို သတိရနေတာ...
လမုန့်ကတော့ အီလို့ မစားနိုင်ဘူး...

လျောက်လည်ပြီး
မုန့်စားတဲ့အကြောင်းဆိုရင်သိပ်ကြိုက်တယ်။
အမျိုးစုံတွေ့ဘူးပြီး မစားဘူးသေတာဆိုမှန်းပြီး၊ စားဘူးတာဆိုလည်း ပြန်သတိရပြီး၊ အရသာရှိလို့လေ။