ချစ်တိုင်းလည်း မညား ( ထူးအိမ်သင်)
သစ်ရွက်ကလေးတွေလည်း....မြေမှာခလို့ လွှင့်ကြွေမြဲ..
အဖော်မဲ့နှတ်ခမ်းများလည်း....ညင်သာတီးတိုးရွတ်ဆိုဆဲ...
အနွမ်းပန်းများသည်လည်း....ကြွေကာခန်းခြောက်ရစ်ပြီကွယ်..
အချစ်ရဲ့လိပ်ပြာလေး...ဘယ်မှာပုန်းလို့နားခိုလဲ..
အဖော်ကွဲတဲ့ ငှက်လေးများ..အပေါ်ကိုသာ ငေး ငေးကြည့်ရင်းနဲ့သာ...
နှလုံးသားမျက်ရည်များ ကျဆင်းလာ....
သူပေးတဲ့ အချစ်အနမ်းများ...ပြန်လည်ကာတွေးတော စိတ်မောမိတာ..
အေးမြပါးပြင်ထိ ပူနွေးလာ..
ကတိစကားများကိုလည်း မြေလှန်ပြန်ရှာရင်းး...
ဘဝအသစ်များပေါ်လည်း ညင်သာစွာလျှောက်လှမ်းရင်းးး
ချစ်တိုင်းလည်း မညား...စကားကိုသာ...တီးတိုးရေရွတ်မိတာ..
ကိုယ့်နှလုံးသားအသည်းအိမ်မှာ အချစ်များစွာ..
သူပေးတဲ့ အချစ်များကိုသာ...ထွေးပိုက်နေတုန်းအခိုက်မှာ...
ကိုယ့်နှလုံးသား အသည်းတစ်နေရာ...အချစ်ပေးတဲ့ ဒဏ်ရာများ...
အိုး...အချစ်..