ဖဘမှာ ကိုယ့်မြို့ရဲ့ groupမှာ ပုံတွေတင်ရင်းး ပုံထဲက အကြောင်းအရာတွေ
မျှဝေရင်း ...အတွေးစတွေ ပုံဖေါ်ရင်း တွေးမိတာတွေ များလာတယ်..။
တချို့သောသူတွေတင်တဲ့ ပုံတွေ ကြည့်ပြီး ပြောင်းလဲလာတဲ့ အခြေအနေတွေကို
သိလာတယ်..။.
ကျနော်နေတဲ့ လမ်းမပေါ်မှာ ဆိုင်တန်းတွေ အများအပြား၇ှိတဲ့အထဲမှာ...
နာရီပြင်ဆိုင်တွေလည်း ပါတယ်...။တခြားမြို့လေးတွေတော့ မသိပါ..။
ကျနော်တို့ မြို့က သေးသလောက် နာရီပြင်ဆိုင်တွေ လိုအပ်တာထက် ပိုများနေတယ်
လို့ ထင်မိတယ်....။
မြို့ရဲ့ တခြားနေရာတွေက နာရီပြင်ဆိုင်တွေ မမှတ်မိတော့ပေမဲ့..ကိုယ်နဲ့ လက်တကမ်းမှာ
ရှိတဲ့ နာရီပြင်ဆိုင်တွေကိုတော့ အမှတ်ယပါသေးတယ်..။
Purcell towerနာရီစဉ်ကြီးအောက်က အတ်ချားဘရားသား နာရီပြင်ဆိုင်က Purcell
နာရီကြီးကို ပြင်ပေးနေကျ (လွှဲကောင်း လွှဲပါလိမ့်မယ်)
နောက် တိုက်ဝါဘေးက ရှန်ဟဲ နာရီပြင်ဆိုင် ..အဲဒီဆိုင်က နောက်တော့ ဆောက်လုပ်ရေး
ပစ္စည်းတွေ ရောင်းတယ်..။
အဲ့ဆိုင်က တရုတ်တော့ တရုတ်ပဲ ( ဘာတရုတ်မှန်း မသိဘူး- ဆိုလိုတာက ဘယ်နယ်က
တရုတ်မှန်း မသိတာကို ပြောတာပါ) သူ့အိမ်က သမီးအငယ်လေးက တမျိုးလေး..။
မောင်နှမ ၂ယောက်ပဲရှိတယ် ..။ အငယ်မလေးက...
ကျောင်းမနေရဘူး.။ မနက်ဆို ဆိုင်ကို လာနေကျလေး..။
သူ့ဘေးက တိုက်အောက်မှာ အောင်ဆေးဆိုင်ဘေးမှာပေါ့ ကျော် နာရီပြင်ဆိုင်ဆိုတာ
ရှိခဲ့တယ်...။နောက်တော့ တခြားပြောင်းသွားတယ် ထင်တယ်..။
ကျော် နာရီပြင်ဆိုင်ရဲ့ တခန်းကျော်မှာ စိန် နာရီပြင်ဆိုင်ဆိုတာ ရှိသေးတယ်..။
အဲ့ဆိုင်မှာ မောင်နှမ ၃ယောက်ရှိတယ်..။ သူတို့အမေက အပြင်ထွက်ခဲတယ်..။
ကျနော်တို့ ဆိုင်ကို အမြဲလာဖြစ်တာ သားလတ် နဲ့ သမီးအငယ် ပဲဖြစ်တယ်..။
အဲဒီဆိုင်ရှေ့မှာတော့ မြို့မ နာရီပြင်ဆိုင် ဆိုတာ ရှိတယ်..။ အဲဒီဆိုင်ပိုင်ရှင်က ဂေါ့ဖ်တံလည်း
လုပ်ရောင်းတယ်..။ အဲ့ဆိုင်ကိုတော့ အလကားနေရင်း အလကား သွားလည်တတ်တယ်..။
အဖေ့ နာရီပျက်ရင် အဲဒီဆိုင်မှာ ပြင်တတ်တယ်..။ ဆိုင်ပိုင်၇ှင် မိသားစုနဲ့ ရင်းနှီးတော့
အလကားနေရင်း သွားနေတာပဲ..။ နာရီလိုချင်စိတ်တော့ မရှိပါဘူး။
မြို့မ နာရီပြင်ဆိုင်ရဲ့ မျက်စောင်းထိုးမှာတော့ ရိုးမား နာရီပြင်ဆိုင်ဆိုတာ ရှိတယ်..။
ခပ်သေးသေးပါပဲ..။ဆိုင်ရှင် မျက်နှာပေါက်ဆိုးဆိုး..အပေါက်ဆိုးဆိုးနဲ့..။
ဆက်လျှောက်လာရင် ညောင်ပင်ကြီးတပင်ရှိမယ်...။ အုတ်ခုံနဲ့ ဝိုင်းထားတယ်..။
အဲဒီအပေါ်မှာ နွေဆို ကြံရည်ရမယ်..။
(ငတ်တဲ့ရောဂါ ထလာပြီ..နောက်မှ လမ်းဘေးဆိုင်လေးတွေကိုရေးတော့မယ်)
ညောင်ပင်ကြီးအရှေ့က ဗဟိုနာရီပြင်ဆိုင်ဆိုတာ ရှိမယ်..။
အဲဒီနာရီပြင်ဆိုင်က အရင်က "စံ "ကျူရှင်ဆိုတာနဲ့ အမျိုးတွေ ထင်ပါတယ်..။
နာရီပြင်ဆိုင်တွေသာ ပေါနေတာ ကျနော့်မှာ နာရီမရှိဘူး.။
မိဘဆီက ပူဆာဖို့လဲ ဆန္ဒမရှိဘူး.။
ဗဟိုနာရီပြင်ဆိုင် မျက်စောင်းထိုးက ဗရာဘိုဆိုင်က ဖန်စီနာရီတော့
ဝယ်ဝတ်တတ်ပါတယ်..။ ပျက်တော့လဲ ပစ်ထားလိုက်တယ်..။
အခုထိလဲ မရှိသေးဘူး.။
ရှိဖို့ အကြောင်းဖန်လာရင်လည်း ကိုယ့်အတွက် နေသားကျပါ့မလား
တွေးပူနေတယ်..။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago