တနေ့တနေ့ ဒါပဲ စဉ်းစားနေမိတယ်..။
အရေးပါတာ ဘာမှ မရှိဘူး.။(ကိုယ့်ကိုယ်ကို သုံးသပ်သည်။)
ဟိုတနေ့က စားဖြစ်တာနဲ့ ချက်ဖြစ်တာကို တင်ပါမယ်..။
နေ့လည်စာကို အရွက်ကြော်နဲ့ ထမင်းဖြူစားဖြစ်တယ်..။
ညစာ ဒန်ပေါက်ချက်ဖြစ်တယ်.။
သူငယ်ချင်းတယောက်က အိမ်လာမယ်ဆိုလို့..သူမသိအောင်
တိတ်တိတ်လေးချက်ထားပေးပါတယ်..။
ကိုယ်ကတော့ လုံးဝမစားပါ..။
ခခကတော့ အတော်ပျော်သွားပါတယ်..။
သူ့အကြိုက်ကိုး..။
ဒါက သောကြာနေ့ နေ့လည်စာစားဖြစ်တာပါ..။
ကြည့်ပြီး မသနားကြပါနဲ့..။
အရင်လို ဝမြဲ လှမြဲပါပဲ..။

