Showing posts with label သူငယ်ချင်းများနဲ့. Show all posts
Showing posts with label သူငယ်ချင်းများနဲ့. Show all posts

ကံစမ်းမဲ

ဒီနေ့ မိုးအုံ့တယ်...။
အလုပ်နဲ့ပတ်သက်တဲ့ ညစာစားပွဲ သွားရတယ်..။
ကံစမ်းမဲပါတယ်..။
ပထမဆုက အိုင်ပက်တဲ့..။
ပေါက်ရင် ခခကိုပေးသုံးမယ် ကတိပေးထားတယ်..။
(တော်သေးတယ် မပေါက်လို့....။)

ဒုတိယဆုက ၃၂လက်မတီဗွီ ။
အိမ်မှာ တီဗွီမရှိတာနဲ့ ပေါက်ရင်အတော်ပဲလို့ တွေးမိတယ်..။
(အခန်းကသေးတော့ ၃၂လက်မကို ကြီးလွန်းတယ်လို့ အတွေးထဲ ဂျီးများနေမိပြန်ရော..ဟိ)
မပေါက်တာပဲ ကောင်းပါတယ်လေ..။

တတိယဆုကတော့ Xbox ပါ။
မပေါက်ချင်ဆုံးဆုထဲမှာပါတယ်..။
ဂိမ်းမကြိုက်ဘူး..။
(ခခကတော့ ကြိတ်ကြံချင် ကြံနေမှာ..)

စတုတ္ထဆုက ၂၂လက်မတီဗွီပဲ...။
လိုချင်တယ်..။
ကံမပါဘူးလို့ပဲ ဆိုရမယ်..။

ပဉ္စမဆုက ဆိုနီ ကက်ဆက်ထင်တယ်..။
လိုအပ်တယ်..။
လွှဲပြန်တယ်..။

နောက်ဆုငယ်လေးတွေက
အမ်ပီဖိုးပါတယ် ထင်တယ်..။
ဘာလုပ်ရမှာလဲ..ကိုယ်ဆီရှိနေပြီပဲ..။
ဟားဟား..။

နောက်ဆုံးဆုက ပေါင်ချိန်စက်...။
မပေါက်တာပဲကောင်းတယ်..။
ရှိနေရင် အားတိုင်းချိန်ကြည့်ပြီး စိတ်ဓါတ်ကျနေအုန်းမယ်..။


အိုနောက်ဆုံးတော့...
နှစ်သိမ့်ဆု ချော့ကလက်ဘူးတွေနဲ့ပဲ စိတ်ဖြေလိုက်ရပါတယ်.။
ဟီးးဟီးး...။
ကမ်းပေ့လိုက်ရတာအမော...။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ ပြီးဆုံးသွားပါတယ်။


နောက်ဆက်တွဲကတော့..၉နာရီမှာပြီးတယ်ဆိုပေမယ့် နောက်တစ်ပွဲထပ်နွှဲချင်သေးတော့
KTVကို ဆက်လက်ချီတက်ကြပါတယ်..။ မှန်းထားတာက ၂နာရီလောက်ပဲ ဆိုမှာပါ..။
ထင်တာထက်ပိုပြီး သောင်းကျန်းကြပါတယ်..။ အဖွဲ့ထဲမှာ ငယ်ငယ်က သောင်းကျန်းဖက်ငယ်သူငယ်ချင်း
ပါတော့ ပိုဆိုးပါတယ်..။ငယ်တုန်းကတော့ ကန်တော်လေးထောင့်က ယိုးဒယားဆိုတဲ့ ကာရာအိုကေဆိုင်မှာ
သီချင်းတွေတူတူဆိုကြ ပျော်ကြ ငိုရနဲ့..။ အခု အဲဒီနေရာက စည်ဘီယာရောငိးတဲ့ အကင်ဆိုင်
ဖြစ်နေပြီ..။မဆိုတာကြာပြီဖြစ်တဲ့ အရင်တုန်းကဆိုခဲ့တဲ့သီချင်းတွေ ပြိုင်တူအော်ဆိုကြ မြူးကြနဲ့ လောကကြီးကို
ခနမေ့သွားပါတယ်..။

အိမ်ပြန်ချိန်မှာ မိုးတွေရွာနေပြီ..။
အိမ်ရောက်တော့ ၁နာရီရှိနေပြီ..။
မနက်ဖန် အလုပ်တက်ရဦးမယ်..။
မနက်ဖန်ပေါ့....
မနက်ဖန်...။