Song

The Scientist - Coldplay





အလုပ်တွေ များနေတယ်..။
အလုပ်တွေ ရှုပ်နေတယ်..။
စိတ်တွေ မနားရဘူး..။
မျက်လုံးတွေ အသုံးပြုနေရတယ်..။
ညနက်သန်းကောင်မှာ လူနားပေမယ့်..စိတ်အနားမရသေး..။
သီချင်းနဲ့အတူ စီးနင်းမျောပါသွား...။

Trouble - Coldplay



အလကားနေရင်း သီချင်းနားထောင်နေတယ်..။
အလကားနေရင်း ဆွေးမြေ့စေတဲ့သီချင်းတွေပဲ ကြိုက်မိနေတယ်..။
အလကားနေရင်း သီချင်းစာသားတွေ လိုက်ဖတ်နေတယ်..။
အလကားနေရင်း သီချင်းနောက် လိုက်ပါနေတယ်..။
အလကားနေရင်းနဲ့ပေါ့.........
အလကားပါ...။

မြင်းခွာရွက်သုတ်နှင့်...........


အခုတလော ကိုယ့်ကိုယ်ကို ရောဂါတခုရှိနေပြီဆိုပြီး သံသယဖြစ်နေပါတယ်..။
ဒီနေ့ ဈေးသွားတော့ မြင်းခွာရွက်တွေ တွေ့တာနဲ့ ကျမ္မာရေးနဲ့ ညီညွတ်အောင် စားမယ် ဆိုရည်ရွယ်ပြီး
ဝယ်ခဲ့ပါတယ်..။ အန်တီ ၂၅ကျပ်ဖိုးပါ..။ ဒီမှာတွေ့နေတာတော့ကြာပါပြီ..။ သုတ်စားဖို့
စိတ်မဝင်စားသေးလို့ပါ။ မမေဓါဝီ ကြောင့်လို့လည်း ပြောနိုင်ပါတယ်..။
မမေဓါဝီ သုတ်တာတွေလည်း စားချင်နေလို့ပေါ့...။
ဘလော့ပေါ်တင်ဖို့ မရည်ရွယ်ပါဘူး..။
မခင်ဦးမေ နဲ့ ဂျီမှာအပြန်အလှန်ပြောကြရင်း တင်ဖြစ်တာပါ..။


ဒါက ကန်ဇွန်းဥရဲ့ အရွက်ပါ..။
ရေလုံပြုပ်ပြီး ကြာညို့အချိုဆမ်း ။ နှမ်းဆီနဲနဲဆမ်းထားတာပါ..။
ဒီက လမ်းဘေးခေါက်ဆွဲဆိုင်တွေမှာ ရောင်းတတ်ပါတယ်..။

အမဲသားကို ညကတည်းက ဆားနဲ့ နယ်ထားပြီး..နောက်တစ်နေ့ကျမှ ရေဆေး ။
ဂျင်းများများ ချောင်းကော့သီး တစ်ဝက်လောက်ထည့်ပြီး ဟင်းရည်ချက်ထားတာပါ။
အမဲသားနှူးခါနီးလောက်မှ မုန်လာဥကို ထည့်ပါတယ်..။ အငန်မကြိုက်လို့ ဆားထပ်မထည့်ပါ။
အချိုမှုန့်မကြိုက်လို့ အချိုမှုန့်လည်း မထည့်ပါ..။ ဟင်းခတ်မှုန့်လဲ မထည့်ပါ..။
နှစ်သက်သူများ ထည့်ချက်နိုင်ပါတယ်..။
ပန်းကန်ထဲ ခပ်ထည့်ချိန်မှ ကြက်သွန်မြိတ်ပါးပါးလှီးတာကို ဖြူးလိုက်ပါ။

ပင်မှည့်သီးပါ..။ ဒီနေ့ဝယ်လာတာ ချဉ်စူးနေတာပဲ..။

ဒါကတော့ ဂျပန်ငါးဆားနယ် ပါ။ မမကိုပြောပြရင်းနဲ့ မသိမှာစိုးလို့ ရုပ်ဆိုးဆိုးနဲ့ တင်ပြလိုက်ရပါတယ်။
ဒီငါးကို ရေဆေး အတုံးလေးတွေတုံးပြီး မီးသေးသေးလေးနဲ့ ခြောက်နေအောင် ကြော်ပြီး
ဆန်ပြုပ်အဖြူထည်နဲ့ တွဲစားရတာ အတော် လိုက်ဖက်ပါတယ်။



မှတ်ချက်။ ။
မသီတာကြီးကပြောရော့မယ်..
ဂုဏ်တုဂုဏ်ပြိုင် ဘာညာ ကွိကွ..

မုန်ညှင်းချဉ်


ဒီနေ့ ဈေးသွားတော့ မုန်ညှင်းစိမ်းတွေ တစ်စည်း ၁၀ ဆိုတာနဲ့
၁၀စည်း ၁၀၀ဖိုးဝယ်ခဲ့တယ်..။ မုန့်ညှင်းချဉ် လုပ်မယ် စိတ်ကူးနဲ့ပေါ့။
၁စည်းအဆစ်တောင်းခဲ့သေးတယ်..ဟိ။
အရင်က မရှင်လေးကို လုပ်တာ တင်ပေးမယ်ဆိုတာ ကတိခံဖူးတယ်။
အိမ်မှာနေတုန်းကတော့ မလုပ်ခဲ့ဖူးဘူး..။
အိမ်မှာ တခါလုပ်ရင် ပိဿချိန် ၅၀ ဝန်းကျင်လောက် လုပ်တာများတယ်။
အဖိုးက ဒိုင်ခံ လုပ်တတ်ပါတယ်..။
ဆားနယ်ရင်တော့ ကစားရင် ဝင်နယ်တတ်တယ်..။
ကူလုပ်ခိုင်းရင် ဘယ်တော့မှ မကူချင်ဘူး။ ငပျင်းဆိုတော့လေ..။
အခုလုပ်မယ့် နည်းက အလွယ်နည်း ။နှစ်ပေါက် မုန်ညှင်းချဉ်တော့
မဟုတ်ပါဘူး..။ ၃..၄..ရက်လောက်နေ စားလို့ရတဲ့ မုန်ညှင်းချဉ်မျိုး။
အိမ်ကဆိုင်မှာ သုံးတာမျိုးပေါ့ ။လုပ်ရတာ လွယ်ပါတယ်..။




မုန်ညှင်းကို တစ်လက်မအနေလောက်လှီးပြီး..
အခုလို ဆားနဲ့ ပက်ပြီး နယ်ထားရပါမယ်။




လက်ဖနောင့်နဲ့ နာနာ အရွက်တွေ ညိုးသွားအောင် နယ်ရပါမယ်။
ပုံမှာပါသလို မုန်ညှင်းထဲက အခါးရည်
အစိမ်းရောင်ထွက်လာရင်ရပါပြီ ။
အစိမ်းရောင်အရည်တွေကို သွန်ပစ်ရပါမယ်။
ပြီးရင် ရေ ၃....၄ခါ သေချာ ဆေးပြီး ဇကာကုံးနဲ့
ရေစစ်ထားပေးပါ..။(ဖြစ်နိုင်ရင် လက်နဲ့ဆုပ်ပြီး
ရေတွေကို ညှစ်ထုပ်ပေးပါ)




ဒါကတော့ ကြံသကာကို အရည်ကျိုပြီး အအေးခံထားတာပါ။
ကြံသကာ မရနိုင်ရင် သကြားကျိုပြီး အသုံးပြုနိုင်ပါတယ်။
(ထန်းလျက်တော့ မသုံးပါနဲ့..)



ဒါက ငရုတ်သီးမှုန့် ။ဆား နဲ့ ချောင်းကော့မှုန့်ပါ။
ငရုတ်သီးမှုန့်အကြမ်းမှုန့်ပဲသုံးပါ။
ကျနော်ကတော့ ကိုရီးယားငရုတ်သီးမှုန့် အလွယ်တကူ
ဝယ်လို့ရတဲ့နေရာမှာမို့ အဲဒီငရုတ်သီးမှုန့်သုံးဖြစ်ပါတယ်။
အိမ်မှာတော့ ရှမ်းငရုတ်သီးခြောက်ကို ကြိတ်သုံးတယ်။
(အခုတော့ မသိတော့ဘူး)
ထည့်ထားတဲ့ ပန်းကန်က အဖြူရောင်မို့ ဆားကို သေချာကြည့်မှ
မြင်နိုင်ပါမယ်။ ချောင်းကောမရှိရင် မထည့်လည်းရပါတယ်..။
လက်တကမ်းမှာရှိနေလို့ ထည့်လိုက်တာပါ။



ဒါကတော့ ဇလုံထဲမှာ ရေစစ်ပြီးသားမုန့်ညှင်းကို
ဆား...ငရုတ်သီးမှုန့် ..ကြံသကာရည်..ချောင်ကောနဲ့
နယ်ဖို့ အသင့်ပြင်နေတာပါ.။


အဆာများနဲ့ နှံ့အောင် နယ်ပြီးပုံ..။



ဖြစ်နိုင်ရင် အဝကျယ်တဲ့ ဖန်ပုလင်းကြီးနဲ့ အချဉ်တည်တာ
ပိုစားကောင်းပါတယ်..။
အိမ်ပြောင်းထားတော့ ဖန်ပုလင်း ရှိမနေတော့..
ပလက်စတစ်ဘူးတွေနဲ့ပဲ ထည့်လိုက်ရပါတယ်..။
လေမခိုအောင် လက်နဲ့ ဖိ သိပ်ထည့်ပါရန်..။
ပုလင်းနဲ့ သိပ်မယ်ဆိုရင်မပြည့်အောင်
ထည့်ပါရန်..။ လက်တစ်လုံးစာလောက်ချန်ပြီး
သိပ်နိုင်ပါတယ်..။ မြန်မာမှာတော့ စဉ့်အိုးတွေနဲ့ပဲ တည်ပါတယ်..။

ဒိမှာ ရာသီဥတုပူနေတော့ အခုတည်ထားတဲ့ မုန်ညှင်းချဉ် ၃ ..၄ ရက်လောက်နဲ့ ချဉ်မယ်လို့
မှန်းထားပါတယ်..။ အချဉ်ပေါက်ရင် ပုံပြန်တင်ပေးပါ့မယ်..။


ထပ်မံဖြည့်စွက်ချက် ။ ။
ချောင်းကော့ ဆိုတာ တရုတ်အမွှေးအကြိုင်တမျိုးပါ..။( ဒီမှာသွားကြည့်ပါ)
ဒီမုန့်ညှင်းချဉ်လုပ်ရာမှာ ထည့်လည်းရ ။ မထည့်လည်းရ ပါတယ်။
အဓိက က ဆား ..အချိုရည် နဲ့ ငရုတ်သီးမှုန့်ပါ..။
မစူးနွယ် ပြောသွားတဲ့ ရေမုန်ညှင်းချဉ်(စွေးရမ်းချိုင်)လဲ နောက်နေ့ တည်ဖြစ်ရင် တင်ပါမယ်။
ခါဂျက်ဥ (မုန်လာဥနီ)ထည့်ချင်လည်းရပါတယ် ။စောင်းစောင်းပါးပါးလှီးထည့်ပါ။
ကြည်သွန်နီတော့ မလုပ်လိုက်ပါနဲ့..။မုန်ညှင်းချဉ်ရာဇဝင်ရိုင်းသွားလိမ့်မယ်..ဟိ။
ကြက်သွန်ချဉ်ဆိုတာ ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ကြက်သွန်ဖြူကို လုပ်တာ
မဟုတ်ပါဘူး..။ အချဉ်တည်တဲ့ နောက်ကြက်သွန်တမျိုးနဲ့ တည်တာပါ။။
ရှမ်းပြည်ဖက်မှာ ဆောင်းအကုန်နွေအကူး ပူစမှာ စထွက်တတ်ပါတယ်။

cry me out....( song)



ပြီးခဲ့တဲ့ အပတ်က ခခနဲ့ အွန်လိုင်းကနေ လဒရေဒီယို လိုင်းတစ်ခု နားထောင်ဖြစ်ပါတယ်။
သီချင်းတစ်ပုဒ် လွှင့်နေတုန်းမှာ သူက အဲ့သီချင်းသံစဉ်ကို လိုက်ညည်းနေရင်း
အဲဒီ လွှင့်နေတဲ့သီချင်းကို ကြိုက်ကြောင်း ပြောပါတယ်။ အရင် လဒမှာရေဒီယိုနားထောင်
တိုင်း လာတတ်တဲ့သီချင်းလေးပါ..။ အဲတာနဲ့ ယူကျုမှာ ပြန်ရှာပြီး နှစ်ယောက်သား
တညလုံး နားထောင်ဖြစ်တယ်..။ နောက်နေ့ကျ ဖိုရမ်တစ်ခုမှာ သွားတောင်းလာပါတယ်။
ခခကြိုက်တဲ့သီချင်းကို သူ့အုပ်ထိန်းသူ ပိုကြိုက်သွားပါတယ်..။


Cry me out - Pixie Lott

I got your emails
You just don't get females now, do you?
What's in my heart
Is not in your head, anyway

Mate, you're too late
And you weren't worth the wait, now were you?
It's out of my hands
Since you blew your last chance when you played me

You'll have to cry me out
You'll have to cry me out
The tears that will fall mean nothing at all
It's time to get over yourself

Baby, you ain't all that
Baby, there's no way back
You can keep talkin'
But baby, I'm walkin' away

When I found out
You messed me about, I was broken
Back then I believed you
Now I don't need ya no more

The pic on your phone
Proves you weren't alone, she was with you, yeah
Now I couldn't care about who, what or where
We're through

You'll have to cry me out
You'll have to cry me out
The tears that will fall mean nothing at all
It's time to get over yourself

Baby, you ain't all that
Baby, there's no way back
You can keep talkin'
But baby, I'm walkin' away

Gonna have to cry me out
Gonna have to cry me out
Boy, there ain't no doubt
Gonna have to cry me out

Won't hurt a little bit
Boy, better get used to it
You can keep talkin'
But baby, I'm walkin' away

You'll have to cry me out
You'll have to cry me out
The tears that will fall mean nothing at all
It's time to get over yourself

'Cause baby you ain't all that
Baby, there's no way back
You can keep talkin'
Baby, I'm walkin' away

You'll have to cry me out
You'll have to cry me out

I'm not missing you..(song)



စာသားပါတာပါ ထည့်ပေးလိုက်တယ်။
2007..2006 လောက်က ထွက်တာ ထင်တယ်။
မေ့ပြီ။

စစ်ပွဲ

အပြောင်းအလွှဲတစ်ခုကြောင့် အပြောင်းအလဲ ဖြစ်ခဲ့တယ်..။
နေ့စဉ် နေ့တိုင်း တိုက်ပွဲတစ်ခုလို အသင့်ပြင်အနေအထားနဲ့ နေနေရတယ်..။
ဒါ...ကိုယ်ရွေးချယ်ခဲ့တာပဲလေ....။
ခြုံခို တိုက်မဲ့သူရှိလိမ့်မယ်..။
စစ်ကြေငြာသူရှိလိမ့်မယ်..။
တခြားအုပ်စုတွေနဲ့ ပူးပေါင်းပြီး တိုက်မဲ့သူ ရှိလိမ့်မယ်..။
ဘယ်နေ့ ကျဆုံးမလဲ စောင့်ကြည့်သူရှိလိမ့်မယ်..။
ဒါပေမယ့်..
ကိုယ်ကလည်း ခေသူမဟုတ်ပါဘူး..။
ကိုယ့်ကို လာတိုက်ရင်..
ကိုယ့်ဆီ လာ စစ်ကြေငြာရင်...
.............
....................
ခြေထောက်ဖက် တောင်းပန်လိုက်မယ်..။
အသက်ချမ်းသာခွင့်ပေးပါ............လို့။ ဟီးဟီး..။IMBooster

ကစားကွင်းသို့ တစ်ခေါက်

legolandကို သွားတဲ့လမ်းဘေးမှာ တွေ့ရတဲ့ ချယ်ရီ..။
သူတို့ဆီမှာ ချယ်ရီတွေ လက်ညိုးထိုးမလွှဲ..။
ရပ်ကွက်ထဲမှာလည်း ချယ်ရီပင်တန်းနဲ့..။

အဲဒီနေ့က တိမ်ကင်းစင်နေတယ်..။ပြာနှမ်းနေတာပဲ ကောင်းကင်က..။
မုဒ်ဦးကို ရိုက်ခဲ့တယ်..။ ခခပုံကြီး ပြူးတူးပြဲတဲကြီးမို့ မတင်တော့တာ..။

တချို့ကလေးမိဘတွေ အတူတကွ ..။
ခခအုပ်ထိန်းသူများ ယောင်လို့တောင် စိတ်မကူးမိပေါင်။
နတ်မြင်းပျံစီးကြပါအုန်းလား..။

ဒီရဟတ်လဲ မလွတ်စေရ..။ညောင်းလွန်းတော့ ဝေးဝေးကသာ မှန်းရိုက်ပါသည်။

ပင်လယ်ဓါးပြလှေကြီး ..။ ဟိုယိမ်း ဒီယိုင်နဲ့ သူမို့ စီးချင်တယ်..။
တန်းစီရတာကိုက တမေ့တမော..။

ဗိုက်ဆာတာ မခံနိုင်တော့ဘူး..။
မှတ်မိသလောက် ပုဇွန်ထမင်းကြော်ပါသွားသလိုပဲ..။
ဒါလည်း မခံနိုင်ဘူး..လျှောက်ရတာကိုး..။

ketchup.. mayonnaise..စားနေတုန်း အရှိန်မပျက်ရလေအောင်..ပိုယူထား။

စားမကောင်းတဲ့ ဘာဂါ..။
ရွှေကျင်ကြအုန်းမလား..

အကြိတ်အနယ် ရှာကြ..ကျင်ကြ..။
ဟော..သူလေးက ရွှေပြားကြီးတစ်ပြားတောင် ရသွားသတဲ့.။
tattooထိုးကြအုန်းမလားးး..။

သူထိုးချင်တဲ့ပုံ မရှိလေတော့ မြင်းခေါင်းလေးနဲ့ပဲ ဖြေသိမ့်လိုက်ရတယ်..။
၁ပတ်လောက်ခံတယ် ထင်တယ်..။

ဒီရဲတိုက်ကြီးထဲမှာ ဘာရှိမလဲလို့..ယောင်တောင်ပေါင်တောင်လိုက်သွားမိတယ်..။
တန်းစီမိတယ်..။ လိုက်တန်းစီတဲ့ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတယ်..။
တန်းစီရာရဲ့ အဆုံး မှောင်ကြီး မည်းကြီးထဲမှာ ဝန်ထမ်းကောင်မလေးက ၂ယောက်လားလို့
မေးတာ..အင်း..နှစ်ယောက်ပါလို့ ပြန်ဖြေတဲ့အချိန်မှာကို အန္တရာယ်မရှိဘူးလို့ ယုံကြည်နေဆဲ..။
တဖြည်းဖြည်းနဲ့ အောက်ပုံပါ အရုပ်တွေ ဘာညာ လုပ်ထားတာ ကို ရထားလေးပေါ်တင်ပြီး
ခေါ်ပြတယ်ပဲ ရိုးရိုးသားသား ထင်မိခဲ့တာ..။ ပြသထားတဲ့ အရုပ်တွေရဲ့ အဆုံးမှာ..အရှိန်နဲ့
မောင်းထွက်လိုက်တော့ သိလိုက်ပါပြီ..။ကိုယ်မှားပြီဆိုတာ..။ ခခရဲ့ အင်္ကျီ..လက်..မျက်နှာ
မျက်မှန် ရရာ အကုန်စွဲထားတော့တာ..။ပြီးတော့ အသားကုန်အော်ဟစ်သေးတယ်..။

ကားမောင်းသင်တန်းတဲ့..။ ကားတိုက်သင်တန်းဆို တော်သေး..။

မော်တော်စီးသေးတယ်..သူ့အမျိုးနဲ့..။

ဒါနောက်ဆုံးကစားတာပဲ..။
တဝှီးဝှီးနဲ့..ရေကစင်သေး...ခေါင်းကမူးသေး..သူမို့ ကြိုက်တယ်။
အမှန်က ..သူကစားတာတွေရှိသေးတယ်..။လိုက်မရိုက်နိုင်တာရယ်..ညောင်းတာရယ်ကြောင့်။
အမှတ်တရလေးတွေ..။