ကွမ်းယာယဉ်ကျေးမှု








ကျနော် ကွမ်းယာမစားတတ်ပါဘူး။။
မြန်မာက ကွမ်းယာဓလေ့နဲ့ ရင်းနှီးနေပါတယ်။။ တစ်ချို့အိမ်တွေမှာ ကွမ်းအစ်နဲ့ ဧည့်ခံတာ
ကြုံဖူးပါတယ်။။ မွေးရပ်မြေမှာ ကွမ်းယာဆိုင်က စကားလုံးတွေနဲ့ ရင်းနှီးပါတယ်။။
အချို ။ဗမာဆေးနဲ့ ။ အိန္ဒိယဆေး ။ဖာလာစေ့နဲ့.....ဘာညာပေါ့...သေချာသိတာတော့မဟုတ်ပါဘူး။။
ကြားဖူးသလောက်ပေါ့....။။(မြန်မာက ကွမ်းယာဆိုင်လေးတွေကို လွမ်းလိုက်တာ)
ဒီနိုင်ငံရောက်စက ဒီဆိုင်လေးတွေကို ရဲရဲမကြည့်ရဲဘူး။။ နောက်တော့လည်း အသားကျသွားပါပြီ။။
ဒီလို ကွမ်းယာဆိုင်လေးတွေမှာ လုပ်တဲ့ မိန်းကလေးတွေကို နှမျှောတယ်။။
ဒီက ကွမ်းယာဆိုင်ဓလေ့ တဲ့.....ကြည့်ကြပါဦး....
မနေ့ညက ဘလော့ဂွ အမျိုးတစ်ယောက်ကို ဒီပုံတွေတင်မယ်ပြောထားတာ..
အခုတင်ဖြစ်သွားပြီ....အမှန်က ကိုယ်ကိုယ်တိုင်သွားရိုက်ခဲ့မလို့...မိုးတွေရွာနေတာနဲ့ မသွား
ဖြစ်တော့ဘူး။ ကိုယ်တိုင် သွားရိုက်ဖြစ်ခဲ့ရင်လည်း ဒီလောက် အလှပဂေးတွေ ရိုက်လာဖြစ်မှာမဟုတ်ဖူး။။
ကျနော်က အဖြစ်မရှိဘူးလေ..။။

မှတ်ချက်။။ ။။ ဒါတောင်ဆင်ဆာဖြတ်ပြီးမှ တင်ထားတာ....မဟုတ်ရင် နှာခေါင်းသွေးတွေ
ယိုကုန်မှာ စိုးပါတယ်။။

ဆူးပုပ်တဲ့ဗျိုးးးးးးးးးးးး


ဟိုတစ်နေ့က ဆူးပုပ်ဝယ်လာပြီး ကြက်ဥလေးနဲ့ကြော်စားတာ...
ကောင်းလိုက်တာ...
နိနိရေ...
အားတော့နာပါတယ်။။
ဒီမှာ ၂ယောက်တည်း စားလိုက်လို့။။
နောက် တွေ့ရင်ကျွေးမယ်နော်။
အခုတော့ သားရည်ကျလိုက်ပေဦး။
စိတ်မကောင်းပါဘူးဟယ်။။

ဘယာကြော်...........တဲ့ဗျိုးး


ကုလားပဲခြမ်းကို ရေ ၅နာရီ ၆နာရီ ခန့်စိမ်ထားပါ။။ ထို့နောက် ရေစစ်ပြီး
ကြိတ်စက်ဖြင့် ကြိတ်ပါ။။ ကြက်သွန်ဖြူ ဂျင်းအနည်းငယ်ခန့်လည်း ကြိတ်ပါ။
မများစေပါနှင့် ။များပါက ကြော်သောအခါ မဲ၍ခါးတတ်ပါသည်။။ ဆား ဟင်းချိုမှုန့်
ကြက်သွန်ဖြူ ဂျင်းတို့အား ကြိတ်ပြီးသားပဲတွင် သမအောင်နယ်ပါ။။ ထို့နောက်
ဆူပူတွင်( ကဖြိုးက ဒီအတိုင်းရေးထားတာ ကျွန်တော့်အထင်တော့ ဆီပူထင်တာပဲ..ဟီး)
ဘယာကြော်အတိုင်း လုံးပြားလေးများ ပြုလုပ်ကြော်စားပါ။။ ဘယာကြော်စစ်စစ်လေးဟု
မိမိကိုယ်ကို လိမ်လည်စားသုံးနိုင်ပါပြီ။။


ကိုဖြိုးမေးပို့ပေးတာကို ပြန်ရေးပေးတာပါ။။
ကျွန်တော်ကတော့ မစမ်းရသေးပါဘူး။။ နောက်ပြီး မတ်ပဲကြော်(ဗမာဘယာကြော်)
စားချင်တယ်။။ မတ်ပဲဆိုတာ ဘယ်လိုပဲမျိုးလဲ မသိ။ ပဲပြုပ်ပြုပ်တဲ့ပဲက
စားတော်ပဲမှန်းတော့သိပါတယ်။။


ဟိုတလောက အကြော်ဝယ်စားထားတဲ့ပုံလေး ပြန်တင်ပေးလိုက်တာ။။





ဘယာကြော်...........တဲ့ဗျိုးး


38 minu

ရပ်ဆွေရပ်မျိုး

ရပ်ဆွေရပ်မျိုး




ကျွန်တော်တို့မိဘနှစ်ပါးမှာ ညီအစ်ကိုမောင်နှမ အရင်းအခြာရယ်လို့ မရှိပါဘူး။။
အမေ့ကို တခြားမြို့မှာမွေးခဲ့တယ်ဆိုပေမယ့် နှစ်နှစ် သုံးနှစ်သမီးလောက်ကတည်းက
အခုနေတဲ့မြို့ကိုပြောင်းနေတဲ့သူပါ။။ ဆိုတော့ အမေကဒီမြို့သူစစ်စစ်လို့ ပြောလို့ရပါတယ်။။
အဖေကတော့ ရှမ်းပြည်ထဲမှာပဲမွေးပြီး ရှမ်းပြည်မှာပဲကြီးခဲ့တာပါ။။ အမေနဲ့ယူမှ အခုနေတဲ့
မြို့မှာနေပြီး မြို့လေးမှာပဲ ခေါင်းချသွားရတာပါ။။ (အခုနေတာက ရှမ်းပြည်နယ်စပ်ပေါ့)

အမေ့မှာ ညီအမလောက် ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။။ ကျွန်တော်တို့ငယ်တုန်းက
အဲဒီအန်တီကို ကျွန်တော်တို့ဘာသာစကားနဲ့ ကြီးတော်လို့ ခေါ်ရပါတယ်။။ ငယ်တုန်းကတော့
စိတ်ထဲမှာ ကိုယ့်ရဲ့ ကြီးတော်အရင်းပဲမှတ်နေမိတာပေါ့။။ သိတတ်တဲ့အရွယ်ရောက်မှ အမေ့ရဲ့
အစ်မတစ်ယောက်လိုခင်ရတဲ့ သူငယ်ချင်းမှန်းသိလိုက်ရပါတယ်။။ ဒီလိုသိလိုက်ရပေမယ့်လည်း
သူ့ကို အရင်အတိုင်း ကြီးတော်လို့ ခေါ် မြဲ။။ အခုတော့ အန်တီမိုး( ခေါ်) ကြီးတော်လည်း
လူ့လောကမှာ မရှိတော့ပါဘူး။။

ကျွန်တော်တို့ငယ်တုန်းက ရပ်ကွက်တစ်ခုထဲမှာနေရပါတယ်။။ လမ်းထိပ်မှာ အမေ့ငယ်သူငယ်ချင်း
မနွဲ့နေပါတယ်။။ မမနွဲ့( ကျွန်တော်တို့အခေါ် ညန်းညန်း= အန်တီ) အမေကို ကျွန်တော့်အမေက
မေမေဆင့်လို့ ခေါ်ပါတယ် ။။ သူ့အဖေကို ဖေဖေသန်းတဲ့။။ ကျွန်တော့်အမေခေါ်သလို ကျွန်တော်
တို့လည်း မေမေဆင့် ဖေဖေသန်းလို့ လိုက်ခေါ်ကြပါတယ်။။ သူတို့က မြန်မာ ဗုဒ္ဓဘာသာပါ။။
ဖေဖေသန်းက ဘာသာခြား။ လူမျိုးခြား။။ ဒါပေမယ့် ဖေဖေသန်းက မေမေဆင့်ဖက်လိုက်ပါတယ်။။
အခုတော့ မေမေဆင့်ရော ဖေဖေသန်းပါ မရှိတော့ပါဘူး။။ ဖေဖေသန်းက မနှစ်ကမှဆုံးသွားရရှာတာ။။
ကျွန်တော် မြန်မာပြန်တိုင်း ဖေဖေသန်းကို သွားတွေ့ဖြစ်ပါတယ်။။

ကျွန်တော် ၃~~၄တန်းလောက်ကျတော့ အခုနေတဲ့ လမ်းမတန်းကိုပြောင်းလာကြပါတယ်။။
ပြောင်းလာပေမယ့်လည်း ကျွန်တော်တို့ အရင်ရပ်ကွက်ဟောင်းကို သွားလည်မြဲ။ ကစားမြဲ။
လမ်းထဲကလူတွေကတော့ပြောကြပါတယ် ´`အမီးသုတ် က အမျိုးတွေမမေ့ဘူး´´တဲ့။။
(ဘာကြောင့်မှန်းတော့ မသိ။ အဲဒီလမ်းထဲက ရပ်ဆွေရပ်မျိုးတစ်ချို့က ကျွန်တော့်ကို
အမီးသုတ် လို့ခေါ်ကြတယ်။။ ကျွန်တော်ထင်ပါတယ် ၀တုတ်လွန်းတော့ မီးမီးတုတ်ကနေ
အမီးသုတ် လို့ခေါ်ဖြစ်သွားကြတာလား မသိနော်။။ဟီ)

အခုနေတဲ့လမ်းမတန်းကိုရောက်တော့ အိမ်ရှေ့မှာဆိုင်ဖွင့်တဲ့ ဦးစိန်နဲ့ အန်တီမား တို့အိမ်ကို
ချောင်းပေါက်မတတ် သွားကြပါတယ်။။ သူတို့က ကွမ်တုန်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေ။။
အန်တီမားတို့ကြောင့် ခရစ်မတ်စ်အကြိုညဆို စိန်မေရီဘုရားကျောင်း လိုက်လိုက်သွားတတ်တာ။။
နယူးယားဆိုရင် ကန်တော်ကြီးသွားလည်ကြတတ်တာ။။ အန်တီမားနာမကျန်းဖြစ်တော့ အိမ်က
အငယ်မ လိုက်ပြုစုရတာပေါ့ ။ အန်တီမားဆုံးတာ ၈လလောက်ရှိပြီ။။ သူ့အချစ်ဆုံး အငယ်မက
ဟိုးအဝေးကြီးမှာ။။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီပြန်တုန်းက အန်တီမားကိုတွေ့တာ နောက်ဆုံးပဲ။။
ကိုယ်တို့ပြန်ရောက်ပြီး ၁လလောက်နေတော့ ဆုံးရှာတာပဲ။။


အိမ်ဘေးမှာ အဖေကြီးတို့ဆိုင်ရှိပါတယ်။။
အဖေကြီးတို့က မြန်မာ။ဗုဒ္ဓဘာသာဝင်တွေ ။ ကိုယ်နိုင်ငံခြားထွက်တော့ အဖေကြီးက လိမ်လိမ်မာမာ
နေဖို့ပြောပါတယ်။။ကိုယ်ကလည်း အဖေကြီးကို အိမ်ကိုကြည့်ပေးဖို့ ။အပြန်အလှန်မှာ ကြပါတယ်။။
အိမ်ကိုဖုန်းဆက်လို့ အဖေကြီးရောက်နေတာနဲ့ကြုံရင် အဖေကြီးက ´´ အငယ်မ အဆင်ပြေရဲ့လား
ပေါက် ။ အကြီးကောင်နဲ့ ဖုန်းဆက်ဖြစ်ရဲ့လား .....´´(အငယ်မဆိုတာ ကိုယ့်ညီမအငယ်ဆုံး အကြီးကောင်ဆိုတာက မောင်အကြီးတစ်ယောက်ကိုပြောတာ) လို့ မေးရှာပါတယ်။။ ဘာလိုလိုနဲ့
အမေကြီးဆုံးတာ နှစ်နှစ်ရှိသွားပြီ ။။

နောက်တစ်အိမ်က ဘဘကြီး နဲ့ ဖွားတုပ် တို့အိမ်။ သူတို့က ကိုယ့်ငယ်သူငယ်ချင်းရဲ့ အဖိုးနဲ့အဖွား။။
နောက် ဖွားတုပ်ညီမ ဖွားကြည်။ သူတို့လည်း ကျွန်တော်တို့ရဲ့ ရပ်ဆွေရပ်မျိုးတွေပေါ့။။

မမထွေးလို့ခေါ်တဲ့ အန်တီထွေးက အမျိုးအရင်းတွေထက် ရင်းတဲ့ အမားသူငယ်ချင်း။။
မြန်မာ။ဗုဒ္ဓဘာသာ ။ရွှေဘိုအဆက်တွေလို့ ပြောတာပဲ။ အလုပ်အရမ်းကြိုးစားသူ။
စကားပြောကြမ်းသူ။ ကျွန်တော်တို့မိသားစုအပေါ် စိတ်ရင်းကောင်းသူ။ မှတ်မိပါသေးတယ်။
ဟိုးအရင်က ကျွန်တော်တို့ငှားနေတဲ့ အိမ်လေးကို အိမ်ရှင်က သူများကိုရောင်းမယ်လို့ကြားတာနဲ့
ဦးလေးသိန်း( အန်တီထွေးယောင်္ကျား) ကြိမ်ခြင်းတောင်းနဲ့ အိမ်ဝယ်ဖို့ငွေ ပို့ခိုင်းလိုက်တာ။။
အဲဒီတုန်းက အိမ်မ၀ယ်ဖြစ်လိုက်ပါဘူး။။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ အခုထိ အဲဒိမြင်ကွင်းလေး
ရှိနေတုန်းပါပဲ။။ အခုထိလည်း အန်တီထွေးတို့နဲ့ နှစ်အိမ့် တအိမ် နေနေတုန်းပါပဲ။။


အိမ်ကိုဖုန်းဆက်တိုင်း ´´မားရေ နေကောင်းလား...ဦးစိန်ဘယ်လိုနေသေးလဲ...သွားမကြည့်ဘူးလား
...အဖေကြီးရော နေကောင်းရဲ့လား...ဖွားကြည်တို့ ရောကောင်းကြလား........
....................လား
......................လား´´


အခုနေတဲ့မြို့လေးမှာ ကျွန်တော်တို့ရဲ့ဆွေမျိုးအရင်းအခြာ မရှိပါဘူး။။
ရပ်ဆွေရပ်မျိုးကတော့ ပေါမှပေါပဲ။။


မှတ်ချက်။။။နောက်ထပ် ရပ်ဆွေရပ်မျိုးတွေကျန်ပါသေးတယ်..(ရင်ထဲမှာ အမြဲရှိတယ်)
နိနိက သူတို့လမ်းလေးအကြောင်းရေးတော့ ကိုယ်ကလည်း အမျိုးတွေသတိရသွားတယ်။။




ပဲထောပတ်


မတန်ခူးဘလော့ပြေးပြီးကြည့်ပြီးမှချက်တာပါနော်..
အိမ်မှာတကယ်ချက်တာ..
ဒါမယ့်..ပထမဆုံးချက်တာဆိုတော့..မတင်ရဲလို့..မတင်တာပါ
မကေအိုအမ်ရေ...

K T V



ဒီည................
သူငယ်ချင်းတစ်ယောက် စိတ်ညစ်။ စိတ်ကျ။ စိတ်မကောင်း။စိတ်မပျော်
ဖြစ်နေလို့ KTV လိုက်ပို့ပေးလိုက်ပါတယ်။။
ကိုယ် ဖြစ်ရင်လည်း ဒီသူငယ်ချင်းက ဒီလိုပဲ ကိုယ့်ကိုပျော်အောင် လုပ်ပေးခဲ့တတ်
သူပဲလေ။။
တလျှောက်လုံး ငြိမ်သက် သည်းခံခဲ့သမျှ ဒီKTVမှာပဲ ပေါက်ကွဲနိုင်တော့တယ်။။
သူငယ်ချင်းရေ...
အရာရာအဆင်ပြေပါစေ...
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ...
ဖြစ်နေတာတွေကို လက်ခံလိုက်ပါ။။

KTVကို ဒီညမတိုင်ခင်နောက်ဆုံးသွားခဲ့တဲ့အခေါက်က သြဂုတ်လတုန်းက။။
အဲဒီတစ်ခေါက်က ကျွန်တော်စိတ်ညစ်လို့...။။
အင်း...ငယ်တုန်းက(အထူးသဖြင့်ကိုယ့်မြို့လေးမှာနေတုန်းက)KTVကိုပျော်လို့သွားကြတာ..
နှစ်ပတ်တစ်ခါ ။ဒါမှမဟုတ် တစ်လတစ်ခါလောက် ။။သွားဖို့ချိန်းတော့လည်းပျော်ပျော်ပဲ
KTV(အဲဒီတုန်းကတော့ ကာရာအိုကေပေါ့)ထဲမှာတုန်းကလည်းပျော်ပျော်ပဲ။အလွမ်းအဆွေး
သီချင်းတွေဆိုနေဦးတော့ ခပ်ပျော်ပျော်ပဲ။။
တကယ်တော့...
KTV ဆိုတဲ့ဦးတည်ချက်ချင်းတူပေမယ့် သွားတဲ့ခံစားချက်တွေမတူပါဘူး။။

(အိပ်မပျော်လို့ အတွေးထဲမှာရှိနေတာလေးတွေ ထပ်ဖြည့်လိုက်တာ..)
ကလေးပါတယ် ကဖြိုးရ..
အစားနဲ့ ရေနွေးပဲမှာလို့ရတယ်..
သြဂုတ် တုန်းကသွားတုန်းကယစ်ပြီးနင့်ဆီဆက်မိသေးတယ်လေ..အဟီးး