02/04/2026

ညက အိပ်ခါနီး မနက်ကျရင် တောင်တက်မယ်စိတ်ကူးတယ်။

မနက်ကျ ကော်ဖီနှပ်မယ်၊ ကြက်ဥပြုပ်မယ်၊ အသီးခွဲထည့်မယ်ပေါ့။

မနက်က စောစောနိုးပေမဲ့ မသွားဖြစ်တော့။ 

မနက်စာပြင်တယ် ၊ အိုင်ပွက်ပွတ်တယ်။ 

အပင်ရေလောင်း၊  ပန်းတွေညှပ်တယ်၊    ပန်းအိုးထိုးတယ်။

သီချင်းနားထောင်တယ်၊ သတင်းဖတ်တယ် ၊ စတော့ ရှယ်ယာတွေအတွက်စိတ်ပူမိတယ် ၊

အရာရာဟာ ဘုရားသခင်အလိုတော်ပါပဲလေ။

မုန့်ဖတ်သုပ်စားမယ် ၊ ပြီးရင် အပြင်သွားရမယ်။






အလှ

 

 မနက်အာရုံဦးအလှ 

မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊ 
လွမ်းကြောင်း သတိရကြောင်းတွေ မတွေးတော့ပါဘူး။
မနက်ခင်းအလှအကြောင်းပဲ တွေးနေမိတော့တယ်။


3rd July  ‘24



Not sharing တိုဟူးပျော့


ဆန်စီး(ရှမ်းဆန်) ရှိနေတာနဲ့  ကိုယ်တစ်ယောက်တည်းပဲ စားဖြစ်မဲ့
တိုဟူးပျော့ လုပ်ဖြစ်တယ်၊
ပဲရေမစိမ်ပဲ အလွယ်နည်းနဲ့ပဲ လုပ်ဖြစ်တယ်၊
အဆာကုန်နေတော့ နှမ်းလှော် , ကြိတ် ၊ ဆီပူလောင်း၊
ငရုတ်သီးမှုန့် (အနု ၊ အကြမ်းရော) ဆီပူလောင်း၊
ကြက်သွန်ဖြူ ခွါ ၊ ဓါးနဲ့ နုတ်နုတ်စင်း မီးအေးအေးနဲ့ ကြော်၊
ဟွားကျောင်းဆီ နည်းနည်းရှိနေတာနဲ့ မလုပ်ဖြစ်တော့၊
 နံနံပင်ထည့်တယ်၊

 #notsharing
#yunnanfood
#warmtofu
#foodporn
#foodie
#yunnan
#tofu
#stickyricenoodle
#ricenoodle



ကမ်းခြေကမျှောလိုက်တဲ့ ပုလင်းစာ


"မနက်ဖန်သည် ရက်ရာဇာဖြစ်ရန်မလိုပါ။

ချစ်သူ ပြုံးနေရန်သာ လိုပါသည်ဟုဆိုလျှင် သင် နားလည်နိုင်ပါ့မလား။"

.

.

.

.

.

ဟု ဆရာမူးဇိ က ရေးသည်။

#ကမ်းခြေကမျှောလိုက်တဲ့ပုလင်းစာ
#blog
#love
#flowers
#pink

ငိုညည်းတဲ့ အသည်းများ....

ဗလီသွားတယ်...
အလှူငွေပုံးပိုက်ပြီး ကောက်ခံပေးတယ်...(ရေဘေးဒုက်ခသည်များအတွက်..)
စာအုပ်ဆိုင်ရောက်ခဲ့တယ်...
စာအုပ်မွေကောင်းတုန်း....
စိုးရိမ် နွေးထွေးတဲ့ ဖုန်းဝင်တယ်...
 ယူရုတ်တွေ...
မွန်းအောင်တွေ...
ယူအက်စ်တွေ...
စစခလတွေ....
 Ikea တွေ..
ငပျင်းတွေ....
ရေစီးကြောင်းတွေ....


ငါ့စုဗူး - ၂၅ (အောင်ချိမ့်)

ငါ့စုဗူး - ၂၅ (အောင်ချိမ့်)

ငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ်
ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ်
ငါဟာ တိုင်ပတ်နေတယ်
ငါဟာ ရွာလည်နေတယ် ၊၊
 ဒါဟာ ကမ်ဘာကြီး လိမ်မော်သီးကဲ့သို့
လုံးဝန်းနေကြောင်း ၊ လုံးကြောင်း
သေချာရေရာအောင်
ငါပြောနိုင်ခဲ့တာပဲ ၊၊ ၊၊

ရေစီးကြောင်း

နှစ်များရဲ့ အဆုံး ...လမ်းကို...
တစ်ယောက်တည်း...ဖြတ်ကာ ပြေးနေ...
ကျော်ခဲ့မှ ..လွန်ဆန် ခက်သူရယ်...
ရေစီးကြောင်း....သဘောလား ကွယ်..

I'm fine

I am colorblind,
coffee black and egg white
Pull me out from inside,
I am ready,
I am ready,
I am ready,
I am fine .


I am colorblind,
coffee black and egg white
Pull me out from inside,
I am ready,
I am ready,
I am ready,
I am fine,
I am fine,
I am fine

ခခ

ဒီနေ့ ခခပုံတင်ရင်း ခေါင်းထဲမှာ  elvis costello ရဲ့she သီချင်းနားထဲမှာတဝဲလည်လည်...။
(ဒါက ထားပါတော့...။ ကိုယ်၌ကိုက သီချင်းနှစ်သက်သူတယောက်မို့ ထင်ပါတယ်။
မမkom တို့ကြားရင် ဟားနေမှာပေါ့)
သူ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းစေချင်တယ်..။
လူ့ကျင့်ဝတ်တွေ ကျင့်သုံးရင်းနဲ့ ရင့်ကျက်စေချင်တယ်..။
သူ့အမှားတွေကို အေးဆေးတည်ငြိမ်စွာနဲ့ ရင်ဆိုင်စေချင်တယ်..။
ကိုယ်ကလည်း သူ့ရဲ့ရလဒ်အားလုံးကို နွေးထွေးစွာလက်ခံနိုင်သူဖြစ်လိုတယ်..။


ရထားဘီးနှင့် ခဲလုံးများ

ညနေ ငါးနာရီထိုးလျှင် ချစ်သူလာမယ်။
 ငါးနာရီထက် ဘယ်နည်းနှင့်မှ ပို၍စောပြီး မပြန်နိုင်သည်ကို သိသည်။
လေးနာရီထိုးကတည်းက စောင့်ရှာသည်။ ကြို၍ စောင့်သော တစ်နာရီသည်
ပင်ပန်းခြင်းစစ်စစ်ဖြစ်လေ၏။ ဘယ်တော့မှ မကုန်နိုင်တော့သည့် တဒင်္ဂလို့လည်း ဆိုချင်သည်။
လျှပ်တပြက်မျှကြာသော သံသရာလို့လည်း ခေါ်ချင်သည်။

စောင့်နေဆဲတွင် ဂနာမငြိမ်ဖြစ်စမြဲပင်။ အိပ်ယာပေါ်  လှဲလိုက်၏။ ပြီးတော့ ဟိုဘက်
သည်ဘက် မသိဘဲ ယောင်ယမ်း၍လှိမ့်သည်။ အိပ်ယာပေါ်က ထထိုင်ပြီး ဖြုတ်ခနဲ
စားပွဲဘေးတွက် မတ်တပ်ရပ်လျက် ရှိပြန်သည် ။ စိတ်က အရှေ့က ပြေးနေလေရာ
လူက အတွင်လိုက်ပြီး လုပ်သော်လည်း လုပ်မိသမျှ ပြန်ပြီးမမှတ်မိနိုင်ရှိရ၏။ လက်ချောင်းများသည် မလှတော့ဘဲ ကြိုးကြဲမသေမချာဖြစ်ကာ ပစ္စည်းပစ္စယလေးများကို
လှုပ်ဆွဲနေလေသည်။ ထို့နောက် လေတစ်ချက်ချွန်သည်။

ချစ်သူ၌ ယုံကြည်သူမို့ ပူလောင်ခြင်းတော့ မရှိချေ။




ရထားဘီးနှင့် ခဲလုံးများ

you

 
 
 
''I’m still writing about you and you haven’t read a word.
    .            —  Travis Grandt

15 / 3 / 2013

 15 / 3 / 2010 ~ 15 / 3 / 2013


把 '希望'
留給...
'失望'
.
.
.
.
.

Ingenue - Atoms For Peace

 Ingenue Atoms For Peace



Another so called uncomfortable dance ( after lotus flower).
Anyhow ......

feel so low

"Feel So Low " Porcupine Tree




So I left my voice on your machine
But you did not respond
Okay,
Okay,
 Okay......
you've won

အကြောင်းပြချက်မဲ့ ၂

အကြောင်းပြချက်မဲ့(၂)စွာနဲ့ ဖဘကိုဖြုတ်ထားပါတယ်..။
အကြောင်းပြချက်မဲ့(၂)စွာနဲ့ စိတ်ကျနေပါတယ်..။
အကြောင်းပြချက်မဲ့(၂)စွာနဲ့ ......
....................
..........................
.............
...........................
...............
..........................
................
.............................
...............
ကဲ...
ကဲ..........
တည်ငြိမ်သင့်ပြီလေ...။
သြော်.....
http://ah-pauk.blogspot.tw/2009/02/blog-post_25.html  နည်းနည်းတော့ နံမယ်နော်...။
ရေနှူးလိုက်လို့...

အကြောင်းပြချက်မဲ့

ဘာရယ်တော့ မဟုတ်ပါဘူး။
 ခုရက်တွေမှာ...
အကြောင်းပြချက်မဲ့စွာနဲ့....
ဝမ်းနည်းသလို ...
စိတ်ကျသလို.....
ဖြစ်နေ..။
.
.
.
 ~~i'll leave now this can't continue ~~
~~but i forget which door  i came through~~~





အရည်မရ အဖတ်မရများ

ကျနော် တွေးနေတာ အများကြီး..။
ကျနော် ချ မရေးဖြစ်ဖူး.။
ကျနော်က ဘာကိုမဆို အလေးမထားသူ ဖြစ်ချင်နေတယ်..။
ကျနော် ဘာမဆို အရေးထားနေတယ်..။
လူတွေက ရယ်ရတယ်..။
ကျနော်က ပိုရယ်ရတယ်..။
လူတချို့က ကလိန်ကကျစ်တွေ..။(ကျနော့ ထင်မြင်ချက်သက်သက်ပါ)
ကျနော်ကလည်း လျော့ရဲရဲပါပဲ..။
တခါတလေ သူတို့ကို ....
တခါတလေ ကိုယ့်ကိုယ်ကို....
တခါတလေ ခခကို.....
တခါတလေ ကံကြမ္မာကို.....
တခါတလေ အဖေ့ကို......
တခါတလေ ......
ကျနော်တောင့်တမိတယ်....
တခါတလေ အိပ်ပျော်အောင် အိပ်နိုင်ဖို့အရေး.....
ကျနော်လိုချင်တာ .......
ကျနော် စိတ်ချလက်ချ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့..။

(တစ်စုံတယောက်ကို လွမ်းလို့...ဒီမှာ ထပ်တင်ပါတယ်)