နောက်တနေရာကို ဆက်ပါတယ်..။
ရေကစားလို့ရတဲ့..ကမ်းခြေတစ်ခု..။
လူ သိပ်မများဘူး။
ဘေးနားက တောင်ပေါ်ကနေ လေထီးနဲ့ ခုန်ချတဲ့ ကစားနည်းရှိတယ်.။
ခခ သိပ်ကစားချင်ပေမဲ့..စာရင်းကြိုပေးရတာတဲ့..။
ဆန်းဒေးလိုပိတ်ရက် လူသိပ်များတော့ အကြာကြီးစောင့်ရမယ်..။
ဈေးကလည်း မသေးဘူး။
တခါစီး ၉၀၀ အန်တီ တဲ့.။ဒီနေ့ငွေဈေး ၂၈.၈၉ နဲ့စားကြည့်ပါ.။
နောက်တခါမှ လေထီးခုန်တာကစားပါလို့ ချော့ပြောထားရတယ်.။
(ကိုယ်တော့ ကြောက်တယ်..။အမြင့်ကြောက်ရောဂါရှိတယ်ထင်တယ်)
လှိုင်းတဖွေးဖွေးနဲ့..။
ကျောပိုးအိတ်ပစ်ချပြီး လှိုင်းလုံးတွေဆီ ပြေးတော့တာပဲ...။
ရေလှိုင်းလျောစီးသူတွေ..။
စီးချင်တယ်..။ မတတ်ဘူး။ စီးရတဲ့ ဘုတ်လည်းမရှိ..။ ကြောက်လည်းကြောက်။
ခခက ပိုစီးချင်တယ်...။ အဲ့လူတွေနား တဝဲလည်လည်လုပ်နေတယ်.။
ငှားလို့ ရလို ရငြားပေါ့..။
ပြန်တော့မယ်..။
မှာထားတဲ့ကော်ဖီစောင့်ရင်း...ပင်လယ်ကို နုတ်ဆက်နေတာ..။
တကယ်တော့ မပြန်သေးပါဘူး။
နောက်တနေရာ ထပ်သွားလည်ဦးမှာပါ..။
Look back to memory lane
2 months ago
5 comments:
လည်နိုင်လိုက်တာ
ပင်လယ်ကြီးကိုကြည့်ပြီး ကော်ဖီသောက်ရတာမိုက်တယ်နော်။
လှိုင်းလုံးတွေက အကြီးကြီးတွေ.. ကြိုက်တယ်
လည်လည်လာတာပါ =)
ကောင်း.. ပျော်နေကြပါ့...
N/A
Post a Comment