နှစ်ကူးကာလ ဒီမှာရှိနေတာ မနှိပ်ဘူး..။ အစားအတော်စားဖြစ်တယ်..။
ချိန်းစားလိုက်ကြ...။ မတော်တဆ စားလိုက်ကြနဲ့..။
လူလဲ အတော်ပြည့်ပြည့် ဖြစ်လာတယ်..။
ခါတိုင်းတော့ ကိုယ်ပဲ ဘယ်မှာစားမယ်ဆိုတာ ဆုံးဖြတ်တတ်ပေမဲ့...
ဒီတစ်ခါတော့ ဒီနိုင်ငံသားသူငယ်ချင်း မှာတဲ့ စားသောက်ဆိုင်သွားဖြစ်ပါတယ်..။
Regent hotel ရဲ့ B3မှာထင်တယ်..။
ပင်လယ်စာအစိမ်းတွေ ဆာ၇ှိမိတွေ ကြိုက်တတ်ပေမဲ့..
အမဲသားစိမ်းကို ပထမဆုံးစားဖူးတာပါ..။
ကြက်သွန်နီပါးပါးနဲ့ ခပ်ချဉ်ချဉ်လေး သုတ်ထားတယ်..။
စားကောင်းပါတယ်..။
ကျန်သူငယ်ချင်း၂ယောက်က မကြိုက်လို့ မစားပါ..။
အသားက နုတယ်..။ စားကောင်းတယ်..။
စားပွဲထိုးလေးက ပြုပ်ပေး ..ပန်းကန်တွေထဲ ထည့်ပေးနဲ့ အလုပ်ရှုပ်နေပါတယ်..။
ဗိုက်ဝပြီ..။
ထပ်စားခိုင်းရင် စိတ်ဆိုးမှာ..။
ရေညှိဖြူးစားတယ်..။
(အမှန်က ဗိုက်ဝနေပြီ..ဆန်ပြုပ်လေးတွေကို သနားလို့..)
မှတ်ချက် ။ ။
ဒီစားသောက်ဆိုင် နောက်တခါ မလာစားတော့ပါ..။
ဈေးကြီးသည်..။
၎ယောက်ကို ၇၀၀၀ထောင်ကျော်ကျသည်..။
အစားအသောက်တွေက သင့်ရုံသာကောင်းသည်..။
ဘလက်ခ်လစ်စ် စာရင်းထဲ တို့ထားလိုက်ပါပြီ..။
8 comments:
ကွန်မန့်ပေးလို့ကောရလားဟင်..
ပုံ..၀ဲကာကွယ်ဆေး ထိုးထားသူ။
မတော်တဆ ဘာတွေများ စားလိုက်ကြတာလဲ...။း)
သုံးစက်
ပေါက်..............း))
ဆိုင်က ဆာ့ဗ်လုပ်တာ ပုံစံဆန်းတယ်နော်။ အသားအစိမ်းတွေကို ရေခဲခင်းပေးထားတာလား။
သူများနိုင်ငံတွေလည်း မရောက်ဘူးတော့ ကျွန်မအတွက် က အဆန်းပဲပေါ့နော်။
ဆာရှီမီ.. ရှလွတ်...
အမဲသားတော့ မစားပါဘူး။
အခွံမပါတဲ့ ခရမ်းချဉ်သီးကို ကြည့်ပြီး သွားကျိန်းသလိုလိုပဲ..
လောလောဆယ်
ဝဲကြောက်လို့ blog listခဏဖြုတ်ထားပါတယ်..။ လိုရ မယ်ရ စီဘောက်စ်ပါ ဖြုတ်ထားပါတယ်..။ ပုံ။ ငကြောက်
..
စာသားလေး ခိုက်သွားလို့ XD
စီဘောက်ပြန်တပ်ပေးပါ
CV
သွားရည်ကျပြီး ပြန်သွားပါတယ်။
Post a Comment