မနေ့ညက ဟိုကြည့် ဒီဖတ်ရင်း Dr.marten's boots တစ်ရံလောက် လိုချင်နေမိတယ်။။
ဒါနဲ့ ကိုယ့်ဖိနပ်စင်ကို ဖုန်သုတ်ရင်း ပြန်ဆန်းစစ်တော့ အသစ်တစ်ရံ ၀ယ်ဖို့ရာ
ကိုယ့်ကိုယ်ကို အားနာနေတယ်။။
ဒီ လေးရံက သားရေနဲ့..
(မစူး..ဒီ လေးရံထဲက ဘယ်ဖက်ဆုံးပဲ အနက်ရောင်..
ကျန်တဲ့ ညာဖက် ၃ရံက အညိုရောင် ရင့်တွေ)
ျ(မစူး..ဒီ လေးရံထဲက ဘယ်ဖက်ဆုံးပဲ အနက်ရောင်..
ကျန်တဲ့ ညာဖက် ၃ရံက အညိုရောင် ရင့်တွေ)
ဒီ သုံးရံကတော့ ရှန်မွိုင်းသား (အမွေးတို) မြန်မာလို ဘယ်လို
ခေါ်ရမယ် မသိလို့ပါ..
ျခေါ်ရမယ် မသိလို့ပါ..
ဒီ converse သုံးရံကတော့ ကိုယ့်ရဲ့နေ့စဉ်အဖေါ်လေးတွေပါ။။
ဘယ်ဖက်ထောင့်ဆုံးက ဆုတ်ပြဲ..ပေါက်ပြဲနေပါပြီ...။။
ဒါပေမယ့်လည်း မပစ်ပယ်ရက်ပဲ အဖေါ်လုပ်နေရတုန်းပါ။။
အလယ်က ညစ်ပတ်ပေရေနေတာကို လျှော်ပြီးခါစလေး...။။
ညာဖက်ထောက်ဆုံးက အဖေါ်အသစ်လေး..။။
ဘယ်ဖက်ထောင့်ဆုံးလေး ညောင်းသွားရင် အစားထိုးဖို့အသင့်ပြင်နေတယ်။။
converse ကို ဘယ်လောက်ချစ်လဲဆိုရင်.....
နွေရာသီမင်္ဂလာဆောင်သွားရင်တောင်
အပါခေါ်သွားရတဲ့အထိ....။။
(အမှန်က မိန်းမဆန်ဆန် နွေရာသီဝတ် ရှူးဖိနပ် မရှိလို့ပါ)
ဘယ်ဖက်ထောင့်ဆုံးက ဆုတ်ပြဲ..ပေါက်ပြဲနေပါပြီ...။။
ဒါပေမယ့်လည်း မပစ်ပယ်ရက်ပဲ အဖေါ်လုပ်နေရတုန်းပါ။။
အလယ်က ညစ်ပတ်ပေရေနေတာကို လျှော်ပြီးခါစလေး...။။
ညာဖက်ထောက်ဆုံးက အဖေါ်အသစ်လေး..။။
ဘယ်ဖက်ထောင့်ဆုံးလေး ညောင်းသွားရင် အစားထိုးဖို့အသင့်ပြင်နေတယ်။။
converse ကို ဘယ်လောက်ချစ်လဲဆိုရင်.....
နွေရာသီမင်္ဂလာဆောင်သွားရင်တောင်
အပါခေါ်သွားရတဲ့အထိ....။။
(အမှန်က မိန်းမဆန်ဆန် နွေရာသီဝတ် ရှူးဖိနပ် မရှိလို့ပါ)
ဟောဒီက ပန်းသီး...။။
ငယ်ကတည်းက ပန်းသီးမှ ပန်းသီးး။။
သည်းကြိုး အသေးပဲ ၀တ်ပါတယ်။။
နံပါတ်ကိုယောင်လို့မှ နှိပ်မကြည့်ပါနဲ့..။။
လန့်ဖျန့်ကုန်မှာ စိုးလှပါတယ်။။
ငယ်ကတည်းက မန်းလေး သားရေဖိနပ်ပဲ ကြိုက်ပါတယ်။။
ငယ်ကတည်းက ပန်းသီးမှ ပန်းသီးး။။
သည်းကြိုး အသေးပဲ ၀တ်ပါတယ်။။
နံပါတ်ကိုယောင်လို့မှ နှိပ်မကြည့်ပါနဲ့..။။
လန့်ဖျန့်ကုန်မှာ စိုးလှပါတယ်။။
ငယ်ကတည်းက မန်းလေး သားရေဖိနပ်ပဲ ကြိုက်ပါတယ်။။
26 comments:
အောက်ဆုံးပုံက ဖိနပ် နံပါတ် မကြည့်ပါနဲ့ ဆိုလို့
သေချာ အနားကပ် ကြည့်သွားတယ်း)
20 Nov 09, 01:19 AM
kom: ဆိုက်နပ့ါတ် ၈
20 Nov 09, 01:18 AM
kom: ဒေါက်ဖိနပ်ဝယ်ပါ။
ပေါက်...အမဲရောင်ကြိုက်တယ်ထင်တယ်
boots တရံလောက် စွန့်ကြဲပါ (စာလုံးပေါင်း မှားတယ်ထင်တယ်၊ စိစစ်ရေးရောက်လာရင် အပြောခံရတော့မယ်)
တို့လဲ ဒီရောက်တည်းက မိန်းမဆန်ဆန်ဖိနပ်တွေ မစီးဖြစ်သလောက်ပဲ၊ ဗီရိုထဲမှာ မှိုအတက်ခံထားတယ်
boots..
give me one .
:)
i love shoes, so, i came and see.
:P
ပန်းသီးဖိနပ်လေးနဲ့ ခြေထောက်လှလှလေးတစ်စုံကို
ဝင်လွမ်းသွားတယ်..
အပေါ်ဆုံးပုံက ညာဖက်အစွန်ဆုံးလည်ရှည်ဖိနပ်လေး ငှားပါလား... ရွာပြန်ရင်စီးရအောင် မြွေမကိုက်အောင်လို့..
ဖိနပ်တွေ များလိုက်တာ..
ရှူးပဲစီးတာလား.. ဒေါက်ဖိနပ်တွေရော မစီးဘူးလား..
ခြေအိတ်လျှော်ရသက်သာတယ်.. :D
မကြည့်နဲ့ဆိုလို့ သေချာကြည့်လိုက်တယ် ဟိ
မပြောရင်တောင်ကြည့်ဖြစ်မယ်မထင်
ရှေ့ကလူတွေပြောပြသွားလို့ နံပါတ်ကို ပြူးကြည့်စရာ မလိုတော့ဘူး... ဟီဟိ
ပေါက် ဖိနပ်တွေအားလုံးက တခုမှမိန်းမ မဆန်ဘူးနော်... ထိပ်ပိတ်ရှုးစ်တွေစီးရတာ တမျိုးတော့ ကောင်းတယ်... ခြေသည်းနီ မဆိုးလဲ ဘာမှမဖြစ်ဖူး...။ မဟုတ်ရင် ခြေထောက်က စပ်ဖြဲဖြဲနဲ့...း)
ပန်းသီးဖိနပ်လေးတွေ့တော့ ဟိုးအရင်က စွဲစွဲမြဲမြဲ စီးဖြစ်ခဲ့တဲ့ ကတ္တီပါဖိနပ်အပါးလေးတွေကို သတိရသွားတယ်...
များလိုက်တဲ့ ဖိနပ်တွေ...
ဒါနဲ့ဘူက လည်ရှည်ဖိနပ် ၀တ်တာ မြွေပေါက်ခံရမှာ ကြောက်လို့လား ဟင်...
converse !!! converse !!! converse !!!
ဒါဆို အရပ်လည်း မြင့်မှာပေါ့နော်။
ဖိနပ်က အရှည်ကြီးမို့ပါ။
စီးထားတဲ့ ပုံလေးတွေ တင် ပြီးရော...
အောက်ဆုံးက မြန်မာ ပန်းသီးဖိနပ်လေးပဲ မ သွားပါတယ်။ ဒါပေမဲ့ပေါ့လေ..ခြေထောက်နောက်မှာ တတောင်လောက် ရှည်ထွက်နေလို့ ပြန်ထားလိုက်ရတယ်... :)
ပေါက်ရေ..
ညည်းနဲ့ကျုပ် ဖိနပ်စင်ချင်း လုံးဝ ချွတ်စွပ်..
ဖိနပ်တွေကတော့ လုံးဝ ဆန့်ကျင်ဖက်
အောက်ဆုံးတစ်ရံပဲ ဆင်ဆင်တူတယ်.. ဒါတောင် ကျုပ်က ဆင်ကိုးကောင်၊ ပန်းသီး မဟုတ်ဘူး..။
လန့်သွားလား လွတ်ငြိမ်း..
မမ ..ကျနော်ဒေါက်ဖိနပ်စီးလို့ မှောက်ရက်လဲကျရင် ဘယ်လိုလုပ်မလဲ..။
မစူး..၃ရံပဲရှိတာပါ..ကျန်တာတွေက
အညိုရောင် ၃ရံနဲ့ အသားရောင်..။။
တော်ရင် ယူဝတ်လေ...မေ။။
တကယ်ပြောတာ..။။ ပေါက်ဆီမှာတော့ ဗီဒိုထဲ
သိမ်းရာ ကိုမရှိတာ..။
ဒေါက်ဖိနပ်နဲ့ ကံမပါဘူး။။
ဒါပေမယ့်လည်း ကြိုးစားကြည့်ပါအုန်းမယ်လေ..။ဟဲဟဲ..
မိုမိဂျိ..ကြိုက်တာယူ...
တစ်စုံတစ်ရာ...
(ဂျေမောင်မောင်ရဲ့ သီချင်းနာမည်ပါ..ဟီးး)
ရွာသားရေ..
ဘယ်နှာ ခြေထောက်လှလှလေးကမှာလဲ...
မလှလှလေးမို့...ယောင်္ကျားဆန်တဲ့ဖိနပ်တွေပဲ ၀တ်နေရတာပေါ့ဟယ်။။
ပန်းသီးသားရေဖိနပ်ကတော့ မြန်မာပြည်ပြန်ရောက်တိုင်း မ၀တ်မဖြစ်။။
မြိုးး..ဂျေဒီ..
ရွာပြန်ရင် တစ်ယောက် တစ်ရံဆီယူသွားစီးပါ။။
ဒေါက်ဖိနပ်နဲ့ မတည့်ဘူး ။။
ဗစ်စတာ ကြည့်မိလို့ သိသွားရင် တိတ်တိတ်လေးနေပေးပါ။။
တောဆီးကရက်...မုန့်ကျွေးမယ်နော့။။
ဖိနပ်တွေ လာကြည့်သွားတယ် ပေါက်ရေ.. boots တွေကို လာ သဘောကျသွားပါတယ်.. ။ ပန်းသီးကတော့ အကြီးကြီးပဲ..:)
မသက်ဝေရေ..
ရှူးဖိနပ်စီးရတာပဲ လွတ်လပ်တယ်။။
ပန်းသီးသားရေဖိနပ်က ချစ်လွန်းလို့သာ အပါသယ်လာတာ..သိပ်မ၀တ်ဖြစ်ဘူးလေ။။
အခုလို ဆောင်းဆိုရင် မိုးလေးလည်း ရွာနေရင် ..လည်ရှည်ဖိနပ်တွေ ၀တ်ဖြစ်ပြီပေါ့။။
နီညန်းကလဲ converse ကြိုက်တာပဲလားး။။
ပေါက်ဆို တစ်နှစ်ပတ်လုံး စီးလွန်းလို့..
ချန်းကပါ လိုက်စီးချင်နေတာ..။။
ကလေးစီးတွေထွက်တော့...ချန်းက လက်ထဲကကို မချဘူး။။
အပေါ်ဆုံးပုံရဲ့ ဘယ်ဖက်ထောင့်မှာ ပါတဲ့
converse အနက်ရောင်က ချန်းချန်းဟာပေါ့။။
မအပြုံးပန်းရေ..
ကျနော့်အရပ် မမြင့်ပါဘူး...သာမာန်အရပ်ပါပဲ..
၅ပေ ၃လက်မ လောက်ပါပဲ။။
ခြေထောက်က ကြီးနေလို့ပါ။။
ရီတာရေ..
စီးထားတဲ့ပုံ တင်လိုက်ရင်
လန့်ပြေးကုန်မှာ စိုးလှပါတယ်။။
မချိုသင်း..
ပေးတယ်နော်...။။
မတော်တာ ကျနော့်အပြစ် မဟုတ်ပါ။။
ဟီးး
(အိမ်ရှင်ရဲ့ ကြောင်ပုံလေးတွေ ရိုက်ထားတယ်
စိတ်ကြည်တဲ့တစ်နေ့ တင်ပေးမယ်နော်..)
မယ်ဆင်..
ညီးက ညီးတို့ အမျိုးတံဆိပ်ပဲ အားပေးမှာပေါ့အေ..။။
ဒီက သိပ်သိတာပေါ့။။
များလိုက်တဲ့ဖိနပ်တွေ။ လာငေးသွားပါတယ်။
ပေါက်.. ဖိနပ်တွေ အများကြီးပဲနော်.. ပေါက် ရဲ့ ဖိနပ်တွေက မိုက်တယ်.. ဒီမှာလည်း အဲဒီလိုပဲ ၀တ်ကြတာများတယ် ပေါက်ရဲ့.. boots ကိုလေ... သူများစီးထားတာတွေ မြင်ရင် အရမ်းလိုချင်တာပဲ.. ဒါပေမယ့် မ၀ယ်တတ်တာရော မရွေးတတ်တာရော မစီးတတ်တာရော ကိုယ်နဲ့ မ လိုက်မှာ စိုးတာရော.. “ရော” ပေါင်းများစွာနဲ့.. နောက်ဆုံး ဘာမှ မ၀ယ်ဖြစ်ဘူး.. စီးလက်စ ဖိနပ်လေး ၂ ရံပဲ ရှိတယ်.. ရုံးလည်း ဒါပဲ.. အပြင်လည်း ဒါပဲ... :D ပေါက်နဲ့ ဖိနပ်ချင်းတူတာဆိုလို့ ပန်းသီး ဖိနပ်ပဲ ရှိတယ်.. တို့လည်း တရံသယ်လာတယ်... နွေမှာစီးဖို့... :)
ရွာသားက သူ့ဘာသာ သူနဲ့သက်ဆိုင်တဲ့သူကို ဝင်လွမ်းသွားတာ.. အေးလေ ပေါက်ဆီမှာလာရေးတော့ ပေါက်ကိုပြောတယ် ထင်တာပေါ့..ဟိ
စီးလှချည်လား မကြီးပေါက်.. သိပ်မ၀ယ်နဲ့.. နောက်မှ ဒွတ်ခဖြစ်နေမယ်.. :p
ဒါပေါ့လေ...ကျားကြီးတော့ ခြေရာကြီး...ဟုတ်ပေါင်..မျက်နှာကြီးမျိုးဆိုတော့...အဲ..ဒါလဲဟုတ်သေးဘူး...ဆင်ခြေထောက်ရောဂါ...အဲ...ခြေထောက်ကြီးတယ်လို့...၊
သုံးနှစ်လောက်တော့ ထပ်မ၀ယ်သင့်တော့ဘူးး)
သြ...ပေါက်က အဲလိုမျိုးလေးတွေစီးတာကိုး။
converse.....converse... ကျုပ်လဲ converse....
Post a Comment