ငကြောင်

 အလကားနေရင်း ရေးချင်နေတယ်..။
ပို့စ် ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့..။
အရည်မရ အဖတ်မရတွေလို့ ပြောချင်ပြောနိုင်ပါတယ်..။
မကြည်လင်တာတွေ များနေတယ်..။
ကျောက်ချဉ်ထည့်လိုက်လို့တော့ မပြောနဲ့..။
အမှန်က မရေရာဘူး.။
ကိုယ့်အသိတွေ မရေရာဘူး.။
အမြင်တွေ မရေရာဘူး.။
အထင်တွေ မရေရာဘူး.။
အလုပ်တွေ မရေရာဘူး.။
မျှော်လင့်ချက်တွေ မရေရာဘူး.။
မနက်ဖန်တွေ မရေရာဘူး..။
ဘဝ မရေရာတာကြာပေါ့..။


အမှန်က ဒီနေ့ ရယ်မောစရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
ကျနော်လား..
ရယ်တာပေါ့...။
တဒင်္ဂခဏလေးမှာ စိတ်လွတ်သွားတယ်နဲ့တူပါတယ်..။
အသံကျယ်ကျယ်ရယ်ဖြစ်တယ်..။


အမှန်က ကျနော် ငိုချင်နေတယ်..။
ဘယ်လိုဖြစ်တာလဲ မသိ...။
မျက်ရည်မကျနိုင်ဘူး.။


အမှန်က သီချင်းဖွင့်ပြီး နားထောင်နေတယ်..။
သီချင်းပေါင်းစုံကိုပေါ့..။
ပျော်စရာသီချင်း..။
မကျေနပ်ချက်တွေ ပါတဲ့သီချင်း..။
အဆွေးသီချင်း...။
သာယာလှပတဲ့ သီချင်း..။
သီချင်းအေးး...။
သီချင်းကြောင်...။
စုံနေအောင် နားထောင်တယ်..။
ဒါပေမဲ့...
ရင်ထဲကို မဝင်ဘူး.။

မရေရာတာတွေများတဲ့အတွက်...
(ကျနော် )တခုခုကို ဆုံးဖြတ်မှ ဖြစ်တော့မယ်...။




Gucci Gucci

Gucci Gucci




One Big room ...full of bad Bitches...


Gucci Gucci.. Louis Louis... Fendi Fendi ... Prada
Basic Bitches wear that shit so i dont even bother
(hee he... သူဆိုတဲ့အတိုင်း ကိုယ့်အာဘော်မပါ..ဟားဟ)

ဒီ Kreayshawn ဆိုတဲ့ အဆိုတော်ကို  ဒီသီချင်းနဲ့
ပတ်သက်ပြီး သိရပါတယ်..။
 RHCP ရဲ့ အမ်ဗွီကို သူဒါရိုက်တာလုပ်ပြီးရိုက်ပေးပါတယ်..။
ဒါပေမဲ့ သူ့ရိုက်တဲ့ ဗားရှင်းကို သူတို့က မသုံးပဲ နောက်ဒါရိုက်တာ တယောက်နဲ့
ရိုက်တာကိုပဲ သုံးပါတယ်.. တဲ့..။
အခုတင်တဲ့  Gucci Gucci သီချင်းကလူငယ်ကြိုက် ဖြစ်မှာပါ..။
ပေါ့ပေါ့ပါးပါး နားထောင်ဖြစ်မယ့် သီချင်းတစ်ပုဒ်ပါ..။
ဆဲတာတွေ သောက်တာတွေ သိပ်ဂရုမပြုပဲ အပျော်နားထောင်ရုံသက်သက်
ဆို နားထောင်ပျော်မှာပါ..။

 ကိုယ်သာဆိုရင် ...
Giodano Giodano  Hand ten   Hand ten  Net Net

ဖြစ်မှာ..။



ဖြစ်ညှစ်ရေးသောစာ

ဘလော့များများ မလည်ဖြစ်ပါဘူး.။
စကားများများတော့ ပြောဖြစ်ပါတယ်..။
လူချစ်အောင်တော့ မပြောတတ်ပါဘူး.။
လူ အမြင်ကပ်အောင်တော့ ပြောမိတယ်..။
စိတ်မပါရင် ဘာမှ မလုပ်ဖြစ်ပါဘူး။
အဲ့တာကြောင့် ငပျင်းဖြစ်နေတတ်တယ်..။
ဘလော့ဆိုတာ ဘာမှန်းသိအောင်မကြိုးစားခဲ့ပါဘူး။
ဦးနှောက်က ဗလာဖြစ်နေတတ်လို့ပါ..။
အစကပြောခဲ့သလို မမိုးချိုသင်းဘလော့ကို သွားဖတ်ရင်း
ဘလော့ဆိုတဲ့အရာကြီးနဲ့ ရင်းနှီးမှန်းမသိ ရင်းနှီးသွားပါတယ်..။
ဒါပေမဲ့လည်း  ဒီထက်ပိုပြီး သိချင်စိတ် မရှိခဲ့ပါဘူး.။
ဒါကြောင့်လည်း (.......)ထုံ ဆိုပြီး အမည်တွင်ခဲ့တာနေမယ်.။
လွတ်လပ်တာကို သဘောကျပါတယ်..။
ဘောင်တွေထဲမှာ နေရတာ ကျဉ်းကျပ်လို့ ဖြစ်မယ်.။
အရင်ကလည်း တက်ဂ်ပို့စ်တွေ တင်ဖူးပေမဲ့...
တက်ဂ်ပိုစ့်တွေ ရေးရမှာ ဝန်လေးနေတယ်..။
တချို့သောတက်ဂ်ပို့စ်ကိုတော့ (လျှောက်အာချင်တာနဲ့) လိုလိုလားလား
ရေးမိပါတယ်..။ဟီးဟီးး
အခုလည်း ညီမငယ် ရို့စ်က တက်ဂ်လာကတည်းက ဒီတက်ဂ်ပို့စ်ကို
ခေါင်းထဲရောက်နေပါတယ်..။
ဒါပေမဲ့ ကိုယ်ကျွမ်းကျင်တဲ့ အရာမဟုတ်လေတော့ ဘယ်ကနေ ဘယ်လိုစရေးရမှန်း
မသိပါ..။
ဘယ်လိုရေးရမယ်ဆိုတာသာ မသိတာ...ဘယ်လိုလေ့လာပြီး ဘယ်ညာပြန်ရေးလိုက်မဟဲ့
ဆိုတာတော့ နည်းနည်းမှ အားမထုတ်ခဲ့ပါဘူး..။
အခုတော့ ဖြစ်ညှစ်ရေးလိုက်ရပါတယ်..။
ဖတ်ပြီး အီလည်လည်ဖြစ်သွားရင် တာဝန်မယူပါ..။ဟိ..

ဘာပဲဖြစ်ဖြစ်..
ဘလော့ဂ်ဒေးမှာ ပျော်ရွှင်ကြပါစေ..။









ကုလားပဲရေစိမ်ခြင်း

အိမ်မှာ ကုလားပဲတွေရှိတာနဲ့ ညက ရေစိမ်ထားလိုက်တယ်.။
သူများဘလော့မှာ တိုဟူးနွေးဆိုတာ လုပ်စားတာတွေ့တော့
သိပ်အကြိုက်ကြီး  မဟုတ်ပေမဲ့ လုပ်စားဖို့ စိတ်ပါလာတယ်..။

နေ့လည်ထတော့ ပဲရေပွနေတာကြည့်ပြီး ဘာမှ လုပ်ချင်စိတ်မရှိဘူး။
အမှန်က ၃နာရီလောက်ရေစိမ်ထား ဆိုရပြီ..။
ကျနော်ကတော့ အတော်ကြာကြာစိမ်မိသွားတယ်..။
ကိစ္စမရှိပါဘူးလေ..ရေကြာကြာစိမ်တော့ ပဲကြိတ်ရလွယ်တယ်ပဲ
သဘောထားလိုက်တော့တယ်။
နေ့လည်၁ကျော်လောက်မှာ ရေစိမ်ထားတဲ့ပဲတွေကို ၃ခါလောက်ဆေးလိုက်တယ်။
ဘရမ်ဒါနဲ့ ရေနဲနဲပဲနဲနဲစီရောကြိတ်လိုက်တယ်.။





ကြိတ်နေဆဲ..
ပဲ..

ကြိတ်ပီးသားတွေကို အဝတ်ပါးအိတ်ထဲ ထည့်ပြီးစစ်ရပါမယ်.။
အခုလို ပဲရည်နဲ့ ပဲဖတ် ခွဲထုတ်ရပါမယ်..။

ဒါက ပဲရေစစ်ပြီးကျန်တဲ့ပဲဖတ်တွေ..။
လွှင့်ပစ်ရတော့မယ်ပဲဖတ်တွေကို.။
ဒီတိုဟူးက ဂုတ်သွေးစုတ်တိုဟူးနော်..။
ကုလားပဲရဲ့ အဆီအနှစ်တွေ စုတ်ယူပြီး
ကျန်တဲ့ ပဲဖတ်ကို အရေးမလုပ်တဲ့ တိုဟူး။
ဟိ

စစ်ပြီးသားပဲရည်တွေကို 
ဇလုံတခုတည်းမှာထားပြီး ပဲနှစ်ထိန်ကျန်အောင် 
၂နာ၇ီလောက်ထားထားပါ.။

အပေါ်ယံပဲရည်တွေကိုအိုးထဲမှာ ထည့်ကျိုပါ.။
ဆားထည့်ပါ..။ သကြားနဲနဲထည့်ပါ.။
ယောင်းမနဲ့ အဆင်မပြတ်မွှေပေးပါ.။
ဆူပွက်လာသည်အထိ..။
ဇလုံအောက်မှာ ထိန်ကျန်နေတဲ့ပဲနှစ်တွေကို လက်နဲ့ခွာပြီး
အရည်ပျော်အောင်လုပ်ပါ..။
မီးဖိုပေါ်မှာရှိတဲ့ ပဲရည်ဆူပွက်ချိန်မှာ ပဲနှစ်ရည်တွေကို
ဖြေးဖြေးချင်းလောင်းပြီး လက်ကလည်း အဆက်မပြတ်
မွှေထားပေးပါ..။

တဖြည်းဖြည်း ပျစ်လာပါမယ်.။

အခုလို ပွက်နေရင် မီးသေးအောင်လျှော့ပေးထားပါ.။
၁၀မိနစ်လောက်ဆက်တည်ပေးပါ..။

တိုဟူးပျော့အတွက် အစာများ..။
ငရုတ်သီးဆီ..။ နှမ်းထောင်းဆီ..။
မြေပဲထောင်း။ ဟွားကြောင်းဆီ (花椒)
မပါမဖြစ် နံနံပင်..။
ကြက်သွန်ဖြူကြော်ဆီက ရိုက်ဖို့မေ့သွားတယ်.။
စားတော့ ထည့်လိုက်တယ်..။
ကြာညိုပါတယ်နော်.။


များနေတော့ တိုဟူးသုတ်အတွက် ဗန်းထဲထည့်ခဲထားလိုက်တယ်။
တိုဟူးသား လက်လက်ထနေတာ သဘောကျတယ်..။
ပါးပါးလှီးပြီးသားကို အစကနေကိုင်ရင် အကြောပါတယ်..။
ပြတ်မထွက်ဘူး။
အဲ့ဒီတိုဟူးမှာ အသက်ပါတယ်ဆိုတဲ့သဘောပဲ..။
အဟိ။


ဒါ တိုဟူးသုတ်ပါ..။
တိုဟူးသုတ်မှာ ရှာလကာရည် နဲ့ကြက်သွန်ဖြူစိမ်းထောင်းရည်ထည့်ထားတယ်။
အမှန်က ဒီတိုဟူးကျိုနည်းကို ၂၀၀၈။၂၀၀၉လောက်ကတည်းက ဘလော့ဂါ( မမ) ဆောင်းက
တင်ပေးဖို့ တောင်းဆိုဖူးပါတယ်..။
အဲ့တုန်းကတည်းက တင်ပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်.။
သိပ်လဲ မကြာသေးပါဘူးလေ..၃နှစ်လောက်ပါပဲ..အဟီး။




မှတ်ချက် ။ ။ မွှေးကုလားပဲမှုန့်နဲ့လည်း ချက်ကြပါတယ်..။
အလွယ်နည်းပေါ့လေ..။ အဆင်ပြေသလို ကျိုကြရတာပါ..။

အိမ်က တိုဟူးစားနေကြဆိုတော့ အပြင်က တိုဟူးစားခဲတယ်.။
ကိုယ်တိုင်ကလဲ သိပ်မကြိုက်တာလဲပါတယ်..။
သိပ် အာသီသမ၇ှိဘူး။
နောက်ပြီးပဲမှုန့်နဲ့လုပ်တဲ့ တိုဟူးဆို ပိုမစားဖြစ်သေးတယ်.။
(အရင်ကပါ..)


အခုတော့ ဘာလာလာ ဂျောင်းပဲ..အဲ့လေ..စားပါတယ်။




 

R H C P

The Adventures of Rain Dance Maggie






single ပါ
album က လကုန် ထွက်မယ်ထင်ပါတယ်..။



ကိုယ်ပြောပြချင်သော........

သီချင်းပဲ ပြောပြချင်တယ်..။
Just do with it ဆိုတဲ့ ရုပ်ရှင်ကားထဲက သီချင်း။
ဟာသ ကားပါ..။
အလယ်လောက်မှာ Rihanna ရဲ့ Umbrella သီချင်းနဲ့..။
shopping ထွက်တဲ့အခန်းမှာ..။
ခြုံပြောရရင် ဟာသကား..။
အဆုံးနားမှာ သီချင်း၂ပုဒ် ..။
ပထမ တပုဒ်က  B.o.B ရဲ့ Lovelier than you..
ဒီသီချင်းကို အရင်က မသိခဲ့ပါ..။
B.o.B နာမည်ကြီးတာ သိပေမဲ့ နားထောင်ဖို့ မကြိုးစားခဲ့ဖူးဘူး။
ရုပ်ရှင်နဲ့ ကိုလိုက်ဖက်တဲ့ သီချင်းတစ်ပုဒ်..။



နောက်တပုဒ်က ကိုယ်ကြိုက်တဲ့ အဖွဲ့၂ဖွဲ့က သီချင်း၂ပုဒ်ကို mixထားသော..




 if i lay here...
if i just lay here...
would you lie with me and just forget the world....?






မှတ်ချက် .။   ။ အရှေ့ပို့စ်မှာ မှတ်ချက်ချပြီး..






 

one day>>>> good life

ပျင်းပျင်းရှိတာနဲ့ ရုပ်ရှင်တွေ ဒေါင်းလုဒ် လုပ်ပြီး ကြည့်ဖြစ်ပါတယ်။
သူငယ်ချင်းတယောက်ကောင်းမှု့ကြောင့်ပေါ့..။
ရုပ်ရှင်ကြည့်တော့ ဇာတ်လမ်းကို ကြည့်ဖြစ်ရမှာပေါ့နော်..။
ရုပ်ရှင်ကိုကြည့်ရင်း ဇာတ်လမ်းထဲမှာ မျောပါရင်း
ဇာတ်ဝင်သီချင်းတွေနဲ့ နောက်ခံသီချင်းတွေကို ပိုသတိထားမိတယ်.။

တနေ့ညက ဟိုဟိုဒီဒီမွေနှောက်ရင်း one day ဆိုတဲ့ ရုပ်ရှင်ကြော်ငြာကိုသတိထားမိတယ်။
ဒီမှာ ၂၆ရက်နေ့မှ တင်မှာပါ..။
အလကားကူးလို့ မရသေးတော့ youtube မှာ trailerသွားကြည့်မိတယ်..။
အဲ့မှာ ဒီ နောက်ခံတေး သဘောကျသွားတယ်.။
အပြန်ပြန်အလှန်လှန်ရှာရတယ်..မတွေ့ဘူး.။
ရုပ်ရှင်အညွှန်းတွေမှာလဲ ဒီနောက်ခံတေးကို မိတ်ဆက်ထားတာ မရှိပြန်ဘူး။
နောက်ဆုံး ရှာတွေ့သွားပါတယ်..။
OneRepublic ရဲ့ သီချင်းဖြစ်နေတယ်..။
O R ရဲ့သီချင်းတွေ သိပ်နားမထောင်ဖြစ်ခဲ့ဖူး.။
သိပ်ဟော့သွားတဲ့ Apologize  ကလွှဲရင် သေသေချာချာနားထောင်ဖူးတဲ့ သီချင်းမ၇ှိသလောက်ပါပဲ.။
အခု ဒီ one dayမှာနောက်ခံသီချင်း အဖြစ်အသုံးပြုထားတာ သူတို့ရဲ့ သီချင်းအသစ်ဖြစ်မှာပါ.။
ရုပ်ရှင်နဲ့ တွဲကြည့်ပြီး နားထောင်ရင် ပိုနှစ်သက်ကြမှာပါ...။

Good life  တဲ့ 







မှတ်ချက် ။ ။ ညက ကြည့်ဖြစ်တဲ့ ဟာသကား 
နောက်ခံသီချင်းနဲ့ တွဲမိတော့ မျက်ရည်ကျမိသွား..။