ဒီသီချင်းရဲ့ မူရင်းအဆိုတော် ဘယ်သူဆိုတာ မသိပါဘူး။
ငယ်တုန်းက တီဗွီက ဟေမာနေဝင်းဆိုတာလာရင် အမြဲကြည့်ဖြစ်ပါတယ်..။
နောက်ပြီး သီချင်းနာမည်လည်း မသိပါဘူး..။
ယူကျုမှာတွေလို့ နှိပ်ကြည့် နားထောင်ပြီးမှ စာသားနဲနဲလိုက်ဆိုနိုင်တာကို အံ့သြနေတာ။
ငယ်တုန်းက နားထောင်မိနေကျ သီချင်းမို့ပေါ့.။
ဟေမာနေဝင်းကိုကြည့်ရတာ ဘယ်တော့မှ မရိုးနိုင်ပါ။
အဖြူနဲ့ အပြာရောင်တွဲဝတ်ထားတာကိုက ချစ်စရာကောင်းနေပါတယ်..။
မြန်မာဝတ်စုံဆိုပေမယ့် သိပ်ပြိုးပြိုးပြက်ပြက် လိုးလိုးလက်လက်တွေမပါပဲ ခပ်ရိုးရိုးဖြစ်နေတာကိုက
ဆန်းနေတယ်..။
မှတ်မိသလောက်ဆိုရင် စာရေးဆရာဒဂုန်တာရာနဲ့ အမျိုးတော်ပြီး အိမ်မှာဒဂုန်တာရာက စန္နယားတီးရင်
ဟေမာနေဝင်းက သီချင်းဆိုတယ် ဆိုလား။ (မဂ္ဂဇင်းမှာ ဖတ်ဖူးတာပါ..)
ယူကျုနားထောင်ပြီး စာသားနည်းနည်းလိုက်ရေးထားပါတယ်.။(တစ်ဝက်တစ်ပျက်)
စာသားမှားခဲ့ရင် ဝင်ပြင်ပေးသွားကြပါ..။
ကျေးဇူး..။
မြကြာယံ
စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီး တော....ဝယ်..
နေရောင် ဘယ်မခ..ပန်းမြကြာယံအလယ်
ရူပါရုံအဆင်းထိန်လင်းတယ်..
မြင်ရရုံနဲ့ အလွန်ချစ်စဖွယ်
သန္ဓေတဇမယ် လှကေသွယ်
တေဇာမညိုးတဲ့ မိုးနတ်နွယ်...
စုံမြိုင်လယ် ပင်နန်းဝယ်
ရွှင်လန်းတယ် ပင်နန်းဝယ်...
သူယောင်မယ်လှသူရယ် ရွှေဖူးစာမျှမယ်...
ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ချစ်တဲ့သူ ဆင်မြန်းဖွယ်..ထူးပဲဆန်းလှတယ်..
မြ ကြာ ယံ လယ်..
သာယာကြည်နှူး ထူးအံ့ဖွယ်
စုံခြေမြိုင်တောအလယ်...
သူယောင်ပင်နန်း ပန်းရနံ့ကြွယ်..
မြတ်တဲ့ နတ်မျိုးနွယ်..
ဝိဇ္ဖာဇော်ဂျီ ပေါသည့် မြိုင်လယ်...
ထူးဆန်း အံ့သြဖွယ်..
ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ထူးပဲဆန်းလှတယ်..
မြကြာယံလယ်....
မှတ်ချက် ။ ။ ဒီသီချင်းနားထောင်ပြီး စိတ်နဲနဲကြည်သွားတာတော့ အမှန်ပဲ။
အမှန်လာပြင်ပေးသွားတဲ့ ကိုသစ်နက်ဆူး..မသက်ဝေ ကျေးဇူးပါ.။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago