ပြူတင်းပေါက်

ပြူတင်းပေါက်တွေ့ရင် ဘေးမှာမှီပြီး ရပ်ပြီး ထိုင်ပြီး ငေးချင် ငိုင်ချင်
တွေးချင် ယဉ်ချင်တာ ဟိုးငယ်ငယ်ကတည်းကပါ ။။
ငယ်ငယ်တုန်းက (အိမ်မပြင်ခင်က) အိမ်နောက်ဖေးဆုံးက အခန်းမှာ
ပြူတင်းပေါက်တစ်ပေါက် ရှိခဲ့ဖူးတယ် ။ အဲဒီပြူတင်းပေါက်ကတော့ ဖွင့်လိုက်တာနဲ့
မြောင်းပုပ်စော်နံ့လေး တသင်းသင်းနဲ့ ။ နောက်ဖေးလမ်းကနေ သွားလာသူတွေရဲ့
စကားသံတွေနဲ့ ..........................။

အခုလို မွေးရပ်မြေမဟုတ်တဲ့နေရာမှာ....
အလုပ်နဲ့ အိမ်နဲ့ ပတ်ခြာလည်နေတဲ့ကိုယ့်မှာ ပြူတင်းပေါက်တစ်ခုရှိတယ် ...။
ပြူတင်းပေါက်လေးက ကိုယ့်ကို နေကောင်းလား...ဆိုတဲ့မေးခွန်းနဲ့ နုတ်ခွန်းဆက်တတ်
ပါတယ်...။။
ထမင်းစားပြီးရဲ့လား မေးတတ်တယ်...။
အလုပ်များရဲ့လား ..။ဧည့်သည်များရဲ့လား ....။စာရင်းတွေပြီးရဲ့လား...။
နေ့စဉ်နဲ့ အမျှ ...ထပ်တူထပ်မျှကျနေတဲ့ မေးခွန်းတွေနဲ့ မေးတတ်ပါတယ်..။
ကျနော်ကလည်း အဲဒီမေးခွန်းတွေကြားမှာ တခါတရံလည်း နွေးထွေး..
တခါတရံလည်း ငြီးငွေ့ သလို.........။

ဒီလိုနဲ့....
ကျနော် ပျော်တဲ့အခါ ...စိတ်ညစ်တဲ့အခါ ...စိတ်တိုတဲ့အခါ ...
ချောင်းဆိုးတဲ့အခါ.....နှာစေးတဲ့အခါ....အတင်းပြောချင်တဲ့အခါ...
ခ.ခ သင်္ချာညံ့တဲ့အခါ....လူမှုရေးပြဿနာပေါ်တဲ့အခါ.....
ဖွင့်အန်ချဖြစ်တဲ့ ပြူတင်းပေါက် ကလေး...။
အမှန်က ဒိထက်မကတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ ။

ပြူတင်းပေါက်လေတိုးလို့ တစ်ခုခု မသက်သာတာဖြစ်ခဲ့ရင်လည်း
ကျနော်စိုးရိမ်တတ်ပါတယ် ။ ပတ္တာချောင်သွားလို့ဖြစ်စေ..
သံချောင်းလျော့သွားလို့ဖြစ်စေ ....ဆေးပြယ်သွားလို့ဖြစ်စေ...။
ဒါပေမယ့် ကျနော်တစ်ခုမှ လုပ်ခွင့်မကြုံခဲ့ပါဘူး ။ ကျနော့်ရဲ့
စိတ်စေတနာကိုတော့ ပြူတင်းပေါက်လေး နားလည်တန်ကောင်းပါရဲ့.......။

တစ်နေ့တော့ တစ်စုံတစ်ခုကြောင့် ပြူတင်းပေါက်လေး ပိတ်သွားပါတယ်..။
ကျနော်ကတော့ ဘုမသိ ဘမသိ သွားဖွင့်ကြည့်ပါသေးတယ် ။
မရဘူးရော.....။
ထပ်ကြိုးစားပြီး ဖွင့်ကြည့်ပါသေးတယ် ....။
ပွင့်မလာဘူး............။
.....................................။
အင်း....ပြူတင်းပေါက်တော့ ခက်နေပြီ လို့...။(စိတ်ထဲကနေ ရေရွတ်နေတာပါ)
ဘာပဲပြောပြော သူလည်းပဲ ကျနော်တို့အိမ်သားတစ်ယောက်လိုပဲ မဟုတ်လား..။
နောက်ဆုံးတော့...
ပြူတင်းပေါက်က ပြူတင်းပေါက် မဟုတ်ပါ..။
ကျနော် ပြူတင်းပေါက်လို့ ထင်နေတဲ့အရာဟာ ......
နံရံတစ်ခုဖြစ်နေတယ်............။
"အုတ်နံရံ "တစ်ခု ။






p.s
ကျနော် ည ည အိပ်မရပဲ စိတ်ပြူတင်းပေါက်မှာ တွေးမိတာတွေပါ..။
အခုညလည်း အိပ်မရပြန်ဘူး ။
ဒူးဆစ်က တစစ်စစ်ကိုက်နေတာလည်း ဒီပို့စ်ရေးဖြစ်တဲ့ အကြောင်းတရားတစ်ခုပေါ့...
အမှတ်ယစရာက ဖြစ်လာတာကိုး...။
ဒူးဆစ်မကိုက်တာ လအတော်ကြာပြီ..အဲဒီနေ့က မိုးမိသွားလို့....။








သီချင်း

ပျားရည် မဟုတ်တဲ့ ဟန်နီ








ပျားရည် မဟုတ်တဲ့ ဟန်နီ


ဒီအဆိုတော် နာမည်ကြီးမှာပါ..။
ဒါမယ့် နားထောင်လေ့မရှိပါ..။။
ဒီသီချင်းကိုအမှတ်တယ ပေးခဲ့တဲ့ အတွက်..........

မျှော်လင့်ချက်သာ မထားခဲ့ရင်......မျက်ရည်ဝဲရုံ...

မျက်ရည်ဝဲရုံ


ရင်မှာလှိုက်ခုန်သွားရုံလေး..
အချစ်ဆုံး..ကိုယ် ဘာကိုမှလဲ မမျှော်လင့်ဘူး...
ကြင်နာစွာ ရီဝေတဲ့အကြည့်လေးနဲ့ နှစ်သိမ့်နေလို့..
တကယ်ဆို... ကိုယ့်စိတ်ထဲမှာ....ဘယ်လိုဖြစ်နေမယ် ထင်လဲကွယ်...
(ရင်ထဲ..)
ကိုယ်ခံစား...
ကိုယ်မြတ်နိုးခဲ့ရတာ ရင်မှာထားးး......
" ချစ်လား " မေးရင်
ကိုယ် ငြင်းမယ်....


ကိုယ်ဆီ မျက်ရည်ဝဲရုံလေးပါပဲ ကွယ်
ဒီလိုနဲ့ ဝေး........ဝေး ရမှာပဲ.....
နာကျင်စွာ ကြင်နာသူကို အဝေးက ငေးကြည့်နေရင်း...
ကိုယ်သာ ချစ်မိခဲ့တာ
ရင်မှာ လွမ်းရလဲ ကျေနပ်တယ်...
အချစ်လေး...

တကယ်လို့များ မဆုံအောင်ဝေးခဲ့ကြရင် ငိုမှာလား...
တစ်ယောက်တည်းကြိတ်ကာ ကိုယ်ခံစား...


ဒီလို တိတ်တိတ်မျက်ရည်ဝဲရုံ
ကြေကွဲသွားရုံလေး...
ရင်ခွင်ထဲ နွေးထွေးသွားရုံလေး
(အသည်းမှာ..)
မင်းအကြည့်တွေ
ရင်ခုန်ရုံလေး ချစ်နေမှာ..


ကြင်နာတာတွေကို ရင်မှာသာ သိုဝှက်ထား
ကိုယ်......ဘယ်တော့မှ
မပြောတော့ပါ..




အခုတလော ညအိပ်တိုင်း နားကြပ်နဲ့ သီချင်းတွေ နားထောင်ဖြစ်နေတယ်..။။
(သူငယ်ချင်းအိမ်ရောက်နေလို့ သီချင်းဖွင့်နားထောင်စရာ မရှိလို့..)
ထူးအိမ်သင် ။Jack Johnson...သီချင်းတွေပဲ ထပ်ခါတလဲလဲ..
ထူးအိမ်သင်ရဲ့ ဒုတိယအခွေမှာပါတဲ့သီချင်းတွေ ပိုနှစ်သစ်တယ်..။
ဒီတပုဒ်ကလဲ သူ့ရဲ့ ဒုတိယအခွေကပါပဲ..။(ထင်ပါတယ်)
ဒီအခွေမပေါက်ဖူး (ထင်ပါတယ်) တခြားအခွေတွေနဲ့ စာရင်ပေါ့လေ..။။
သံစဉ်ရိုး...စာသားရိုး...youtubeမှာလဲ တင်တဲ့သူမရှိသလောက်ပါပဲ..။။
ဲ ဒီဒုတိယအခွေထဲက နားထောင်ဖြစ်နေတာ နောက်တစ်ပုဒ်ရှိသေးတယ်..။
မျှော်လင့်ချက်သာ မထားခဲ့ရင်....ဆိုတဲ့ တစ်ပုဒ်..။။
စိတ်ပါရင် တင်ပါအုန်းမယ်..။










ဒီသီချင်းကို youtubeမှာ တင်ပေးတဲ့အတွက်..
လင့်လာချပေးတဲ့အတွက်..
အထူးကျေးဇူးတင်ပါတယ်..။။

မျှော်လင့်ချက်သာ မထားခဲ့ရင်..



မျှော်လင့်ချက်သာ မထားခဲ့ရင်


မမျှော်လင့်ရဲတဲ့ အချစ်တွေနဲ့
ရင်မှာချစ်ခဲ့ပြီးသည့်နောက်မှာ...
ကြင်နာတတ်သော အသည်းဟာ..
ဖြတ်တောက်မရတဲ့ကြိုးတွေနဲ့..
အခိုင်အမာရစ်ပတ်ငြိတွယ်ခဲ့ပြီပဲ...


မှောင်မိုက်သော ငါ့ဘဝမှာလည်း
သူသာ အလင်းတန်းလေး ဖြစ်ခဲ့တယ်..
ရင်ခုန်တတ်သော ..အချစ်သာ..
ငါ့ရဲ့ နှလုံးသား မီးအိမ်ငယ်..
မျှော်လင့်ခြင်းနဲ့ တောက်ပအသက်ဝင်ခဲ့..


မျှော်လင့်ချက်သာ မထားခဲ့ရင်..
ငါ ဒီလိုခံစားရမယ် မထင်ဘူး..
မျှော်လင့်ချက်သာ မထားခဲ့ရင်..
ငါဒီလို ငိုကြွေးရမယ် မထင်ဘူး..
ချစ်သူလေး...
ငါဟာ...
ဘဝနဲ့ရင်းကာ ချစ်ခဲ့..
ဘဝနဲ့ရင်းကာ ဆုံးရှုံးခဲ့လေရဲ့..

အိပ်မက်လေးတစ်ခု မက်သလိုပဲ..
အရာရာ အားလုံးပျောက်ပြက် လွှင့်ပျယ်..
ငါပိုင်ဆိုင်ခွင့်ရှိတာ..
ဆုံးရှုံးခြင်းနဲ့..
မျက်ရည်ပဲ...
ကြင်နာခြင်းများမရှိရင်..
ငါ့ဘဝ..
အဓိပ္ပါယ်မဲ့..



အငွေ့အသက်

အငွေ့အသက် (၁)

မုန့်.............စိမ်း..ပေါင်းး............

ပဲပြုပ်.....ကောက်ညှင်းပေါ်င်း..ဆိုတဲ့..အသံနဲ့..မနက်ခင်းကိုအစပြုသံတွေ..

မန်းလေးကို..မန်းလေးကိုဆိုတဲ့ ကားဂိတ်က ခရီးသည်ခေါ်သံတွေ..

နေပူစာလှုံသူတွေနဲ့ ပြည့်နေတဲ့ လမ်းထောင့်..

မနက်၆ခွဲရင် ထိုးဆိုက်လာတတ်တဲ့..သုံးဆယ်သွားနွားနို့ကား...

ဒင်ဒေါင် ဒေါင်ဒင်...ဒင်ဒေါင် ဒင်ဒေါင် ဆိုတဲ့ နာရီစဉ်က လာတဲ့အသံ..

ငါး..တစ်ဆယ်...ဆယ့်ငါး..နှစ်ဆယ်..ဆိုတဲ့ အိမ်ကလုပ်ငန်းရဲ့ ရေတွက်သံတွေ..

ဆီဈေး..ပဲဈေး..မီးသွေးဈေး... ကြက်သွန်နီဈေး..ကြက်သားဈေး...ခရမ်းချဉ်သီးဈေး

မေးသံ....ပြောသံ...ဆိုသံတွေ...



အငွေ့အသက် (၂)

တနင်္လာနေ့တွေရဲ့ တိုက်ပွဲတွေ..
ကင်မ်ချီးနံ့တွေ လွှမ်းတဲ့ စကားသံတွေ..
ဆိုင်ကယ်သံတွေ..
၁၁၉ အသက်ကယ်ကားသံတွေ..
အလုပ်ရဲ့ဖိအားတွေ..
ညဉ့်နက်သန်းကောင်ထိ မအိပ်နိုင်ခြင်းတွေ..
ကြက်ကောင်လုံးကင် အော်ရောင်းသံတွေ..
ညဈေးက ဆူညံခြင်းတွေ..
..............
.............

အငွေ့အသက် (၃)

မနက်ခင်းက တိမ်တွေ...
နေ့လယ်ခင်း တိမ်တွေ..
ညနေခင်း တိမ်တွေ...
အမြဲလိုလို တိမ်ဖုံးနေတတ်တဲ့ ညတွေ..
လမ်းဘေးက သဘာဝအရိပ်အရောင်တွေ..
Z ကို ဇီးလို့ အသံမထွက်ပဲ ဇက်လိုပဲ အသံထွက်ဟန်တွေ..
ဘတ်စ်ကားပေါ်က မေ့မရနိုင်တဲ့ ရနံ့လေးတွေ..
မြေအောက်ရထားပေါ် အစားစားခွင့်ရနိုင်မှုတွေ..(ရနံ့လေးတွေ ပျံ့လွှင့်လာရင်းပေါ့)
.................
.................

ဘဝမှာ အငွေ့အသက် သိပ်များများမကြုံခဲ့ဖူးပါဘူး..။
ဒါပေမယ့်..
၁) ကိုရောက်ရင် ၂)ကိုသတိရ..
၂) ကိုရောက်ရင် ၃)ကိုသတိရတတ်စေတာ သိပ်ဆိုးတာပဲ..။။



မှတ်ချက်။။ ။။
အငွေ့အသက်တွေအကြောင်းပြောရရင် အများကြီးပါပဲ..။။
အချိန်မပေးနိုင်သေးလို့ပါ...။။နောက်ရက် အချိန်အားရရင် ထပ်ဖြည့်စွက်ချင်ပါသေးတယ်..။။


















အဝါရောင်လမ်း...အဝါရောင်ပန်း..

အဝါရောင်တွေ စိုးမိုးနေတာကြာပါပြီ..။။

ပန်းတွေလန်းသလို စိတ်တွေ လန်းပါစေ...။။







ဟော...
သူ့လက်မှာတောင် အဝါရောင်နဲ့ မလွတ်ကင်းနိုင်ဘူး..။။


လမ်းဘေးမှာ အဝါရောင်ပန်းတွေ အများကြီးတွေ့မိပါတယ် ။။
ဆွေမျိုးအရင်းကြီး ခိုင်ရွှေဝါအပါအဝင်ပေါ့..
ရိုက်ရမှာပျင်းနေတာနဲ့...။။

ပုံ...
ငပျောက်ပင်း

သို့............

သို့....
(....) နေကောင်းလား...
ငါ စာရေးလိုက်ပါတယ်...
......................
...........
........................


ပေါက်


သူငယ်ချင်းတွေဆီစာရေးတာ ငယ်ကတည်းက ဝါသနာပါပါတယ်..။။
အထူးသဖြင့် တစ်မြို့တည်း ရပ်ကွက်မတူတဲ့ သူငယ်ချင်းတွေ ဆီစာရေးဖြစ်ပါတယ်။။
အလွန်ဆုံး ကျောင်းမှာ အရှေ့တန်းနဲ့ အနောက်တန်းနဲ့ စာရွက်လေးတွေနဲ့ စာရေးဖြစ်
စကားပြောဖြစ်ပါတယ် ။။ အရေးအသား အဖွဲ့ အနွဲ့ တွေ မတတ်ပေမယ့်လည်း
ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ရေးချလိုက်ရတာ ပျော်ပါတယ် ။။
တစ်မြို့တည်းနေ သူငယ်ချင်းတွေကို စာပို့ပေးတဲ့စာပို့သမားလေးများကတော့..
ကိုယ့်မောင်လေးနဲ့ သူတို့မောင်လေးတွေ ဖြစ်ပါတယ်..။။(သူတို့ကတော့ မကြည်ဖြူဘူးပေါ့
ဒီလိုပဲ ချော့ခိုင်းရတာပဲ ..)
နောက်တော့ သူငယ်ချင်းတင်မကဘူး ။ သူငယ်ချင်းရဲ့ သူငယ်ချင်းကိုတောင် စာရေးဖြစ်ပါတယ်။။
အဲဒါကတော့ ကြုံလို့ရေးဖြစ်တာပါ ။တစ်ရက် မောင်လေးက ညံတောသွားစရာရှိတယ်ဆိုတော့..
သူငယ်ချင်းရဲ့ သူငယ်ချင်းက အဲဒီဖက်မှာနေတာနဲ့ ကြုံလို့ သူ့ဆီစာရေးဖြစ်ပါတယ်..။။
အဲဒါကို သူက အခုထိပြောလို့မဆုံး..ဟားလို့မဆုံးပါဘူး..။။
နောက်တော့ သူငယ်ချင်းက သိပ်ကဗျာဆန်လာပါတယ်...။။
ကိုယ့်ဆီ ချစ်စရာ ပို့စ်ကဒ်လေးတွေထဲမှာ စာသားလေးတွေနဲ့ ပို့ပေးပါတယ်..။။
ကိုယ့်ဖက်ကတော့ စာပဲရေးပို့ပါတယ်..။ဟုတ်တယ်လေ..သူ့လောက်တော့ ကဗျာမဆန်နိုင်ပါ။
ကိုယ့်အဖွဲ့လေး နှစ်ပတ် တစ်ခါ ကန်တော်ကြီးစောင်းကန်ပေါင်မှာတွေ့ဆုံချိန်တိုင်း
ဆိုင်တွေကပေးတဲ့ ဘောက်ချာစာရွက်လေးပေါ်မှာတစ်ယောက်တစ်ပေါက်
ရေးခဲ့တဲ့ ပေါက်ကရလေးဆယ် စာရွက်လေးတွေလည်း
ဘဝမှာ အမှတ်ရစရာလေးတွေအဖြစ် အခုချိန်ထိ သိမ်းထားဆဲပါ။။
ဒါပေမယ့်..သူငယ်ချင်းတိုင်းပို့တဲ့ စာတွေ ပို့စ်ကဒ်တွေ အခုချိန်ထိ အိမ်မှာ သိမ်းထားပါတယ်...။။


ဟိုတလော အိမ်အပြောင်းအရွေ့မှာ မြန်မာက ပို့တဲ့စာတွေ တစ်ထပ်ကြီးပြန်တွေ့ပါတယ်..။။
လူမျိုးစုံ လိုင်းပေါင်းစုံ အလွှာပေါင်းစုံကသူငယ်ချင်းတွေရဲ့စာတွေ အိမ်သားတွေရဲ့စာတွေ
အိမ်နီးနားချင်းတွေရဲ့စာတွေကိုဖတ်ပြီး ဝမ်းသာပီတိဖြစ်ရပါသေးတယ်..။။

အခုတော့..
အရင်တုန်းကလို စိတ်လွတ်လပ်စွာနဲ့ စာမရေးနိုင်တော့ပါဘူး..။။
စာရေးမယ်ကြံစည်လိုက်တိုင်း ဘဝအတွေးညစ်တွေကြောင့် ရေးမထွက်တော့ပါဘူး။
သူငယ်ချင်းတစ်ယောက်ဆီ မေးလ်တွေရေးပို့နေဆဲပါ...။။
သူ့ရဲ့အကောင့်က အလုပ်လုပ်ချင်မှ လုပ်တော့မှာ ဖြစ်ပေမယ့် ရေးပို့နေဆဲ.....။။

၁၁.၀၄.၂၀၁၀

အခုရက်တွေမှာ ခပ်ပျင်းပျင်းဖြစ်နေတယ်..။။
အလုပ်က ရှိတာလည်းမဟုတ်...အားနေတာလည်း မဟုတ်...။။
ကိုယ့်အဖြစ်က ဘာမှန်းတောင် မသိတော့ဘူး..။။ဘလော့ဂ် ရေးရလောက်အောင်လည်း စိတ်ကမပါ...။။(တကယ်ပါရင်လည်း ဘာမှဖြစ်ဖြစ်မြှောက်မြှောက်ရေးတတ်တာလည်း မဟုတ်..)
မနေ့က အပြင်သွားဖြစ်တော့ ရိုက်ဖြစ်တာလေးတွေ တင်ဖြစ်ပါတယ်..။။
တစ်နေ့ကလည်း အပြင်သွားတာပါပဲ.......။။
မေမြို့သူအမျိုးတွေနဲ့ပေါ့လေ....။။


မြက်ခင်းစိမ်းစိမ်းနဲ့....ကောင်းကင်ရယ်...


အဖြူရောင်ချယ်ရီရယ်...



ဘဲလား..
ငန်းလား...
မန်ဒါလီလား..
မသေချာတဲ့..
လှပနေတဲ့ စုံတွဲလေး...
သူတို့ဖာသာသူတို့ နေနေကြတာကို.....

သူတို့အနားသွားမိတော့
မျက်နှာတောင် ဟိုဖက်လှညိ့လိုက်သေးတယ်..
ကိုယ့်ကို စိတ်မပူပါနဲ့...။။
(ဖမ်းပြီးချက်မစားပါဘူး..ညှီမှာစိုးလို့....)


ဟိုတစ်ကောင်ကအလိုက်ကန်းဆိုးမသိစွာနဲ့..
ရေထဲဆင်းလိုက်တော့...
ဒီတစ်ကောင်မှာတော့
လိုက်ဆင်းရနိုး...ဆက်ရပ်နေရနိုးနဲ့...
တွေးနေတုန်း....



နောက်ဆုံးတော့...
အနောက်ကနေ အပြေးလေး..
အဲလေ..
ကမန်းကတန်း ရေထဲခုန်ဆင်း လိုက်ပါတယ်..။
သြော်..နောက်ဆုံးတော့..
ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်း....။။
ရေးချင်ရာရေးခဲ့တယ်..
ဖတ်ချင်သလိုသာဖတ်ကြပါတော့..။။