song




承認(Recognition)

承認吧 對我還有好多感覺
只是你不敢再虧欠
要不〔我看〕就這樣算了吧
就這樣散了吧 至少你不會辜負了她

#這些我都從無埋怨
先給愛的人並不可憐
早知道最後的結局 多落的分離
我是有理由不〔誰又該傻的去〕死心塌地

+我當然不恨你 也從來不怨你
會試著〔也已經〕不想你
雖然是曾經也是唯一
若要忘記 兩三年〔狠下心〕就可以

%我打算不見你 也決計不尋你
也已經不想你〔會從此不想你〕〔不願意再想你〕
只要是偶爾回首過去
在記憶裡 還有甜蜜 能這樣就可以



ဘာသာမပြန်ဖြစ်ပါဘူး..
စိတ်ဝင်စားခဲ့ရင် google translateမှာပြန်ကြည့်နိုင်ပါတယ်..။။
မြန်မာလိုတိုက်ရိုက်နားလည်ချင်ခဲ့ရင် မေးလ်နဲ့မေးပါ..။
အတတ်နိုင်ဆုံး ဖျစ်ညှစ်ပြီး..ပြန်ပေးပါ့မယ်..။။

ထမင်းချဉ်



ကြော်ငြာဝင်တာ..
ငှက်ပျောသီးမုန့်..စားကောင်းတယ်..
ချစ်ညီမလေးတစ်ယောက်ပြုလုပ်သည်။။


ဂျူးမြစ်လေးတွေနဲ့ လိုက်ဖက်တယ်..။။
တိုဟူးခြောက်ကြော်ရှိရင် ပိုကောင်းမယ်..။။




ထောပတ်သီးဖျော်ရည်



ထမင်းချဉ်လုပ်စားဖြစ်ပါတယ်....။။
ဆန်ကို နနွင်းနဲ့ရေစိမ်ပြီးချက်ပါတယ်...ထမင်းကျက်တဲ့အခါ
ခရမ်းချဉ်ရေကျဲချက်ထားတာနဲ့မကျည်းရည်နဲ့နယိပြီးလုံးထားပါတယ်..။။
ပဲပုပ်ချပ်လေးတွေကိုမီးကင် ထောင်းပြီး..ခရမ်းချဉ်သီးနဲ့ဆီသတ်ချက်ထာားပါတယ်..။
အစာအတွက်တော့ ကြက်သွန်ဖြူကြော် ။ မြေပဲထောင်း ။ငန်ပြာရည် ။ကြက်သွန်နီစိမ်း။
မုန်လာထုပ်ပါးပါးလှီး ။နံနံပင် ။ငြုပ်သီးနဲ့ အိမ်ရှင်စိုက်ထားတဲ့ဂျူးမြစ် ။
ငါးဖယ်လဲကြော်ထားတယ်...။။ကျန်တဲ့မုန်လာထုပ်ကို ပုဇွန်ခြောက်နဲ့ဟင်းရည်ချက်ထားပါတယ်။။
အမေ့ကို သတိရတယ်..။။
အမေက ထမင်းချဉ် သိပ်ကြိုက်တယ်..။။
ငယ်တုန်းက ဈေးပိတ်ရက်ဆို အိမ်မှာ ထမင်းချဉ်လုပ်စားတတ်တယ်..။။
အိမ်နီးနားချင်း မိတ်ဆွေတွေကိုလဲဝေတတ်တယ်..။။
အခုဆို..နှစ်တိုင်း မှာ..တစ်လလောက်တော့ လုပ်ဖြစ်ပါတယ်..။။


ပန်း


ပန်းကြိုက်တဲ့အထဲမှာကိုယ်မပါတာသေချာပါတယ်
ဒါပေမယ့်...
အခုတလောထိတွေ့နေရတဲ့ပတ်ဝန်းကျင်က...
ကိုယ့်ငယ်ဘဝကိုသတိရစေတာအမှန်ပဲ...

အထူးသဖြင့်ခိုင်ရွှေဝါပန်းပင်တွေကို
မျက်ဝါးထင်ထင် တွေ့မြင်လိုက်တဲ့အခါ စိတ်တွေအထူးလှုပ်ရှား
နောက်တော့ ခိုင်ရွှေဝါပန်းပင်တွေ့တိုင်း
ဓါတ်ပုံတဖျတ်ဖျတ်ရိုက်မိတတ်တာပါပဲ..။။
ပန်းအမည်တွေပြောပြမတတ်တဲ့..
ငယ်ကတည်းက ရင်းနှီးနေတဲ့ပန်းလေးတွေတွေ့ရင်လည်း
မဖေါ်ပြတတ်တဲ့ ရင်းနှီးမှုတွေနဲ့
အဲဒီပန်းပင် ပန်းခင်းလေးတွေနားမှာ
တဝဲလည်လည်...။။



လမ်းကြားလေးတစ်ခုမှာတွေ့ခဲ့တဲ့
ခိုင်ရွှေဝါပန်းပင်..။။



ခိုင်ရွှေဝါပန်းပင်
အနားကပ်ကြည့်ရင် သင်းသင်းလေးမွှေးနေပါတယ်...။
ကပ်ကြည့်ကြပါ့လား...။။



ဒါလည်း..ဆွေမျိုးပန်းလေးတွေပေါ့..။။




21st...March


အဲဒီနေ့က....မိုးတွေရွာနေတယ်...
အဲဒီနေ့က....ဆန်ခေါက်ဆွဲစားရတယ်...(ကိုယ်ချက်တာမဟုတ်တဲ့)၊
အဲဒီနေ့က...ဖုန်းသံမြည်တာ..အဆိုးဆုံးပဲ..
အဲဒီနေ့က...Taxiစီးတာ ရင်ခုန်သံအမြန်ဆုံးပဲ...
အဲဒီနေ့က...ခြေလှမ်းတွေကမြန်နေပြီးစိတ်တွေကနှေးကွေးနေတယ်..
အဲဒီနေ့က...ဦးနှောက်ထဲမှာ ဗလာ....
...............................
အဲဒီနေ့က....မိုးတွေရွာနေဆဲ...

Happy Birthday !!!



生日快樂

千千....

ံHappy birthday !!! Chein Chein !!

ရှုခင်း

ဇာတိချက်ကြွေ မွေးရပ်မြေကို လွမ်းလွန်းလို့
စိတ်ပြေစေမယ့် ပုံလေးတွေ တင်လိုက်ပါတယ်..

လမ်းဘေးပန်းလေးတွေ
အနီးကြည့် ကြည့်တော့



လမ်းဘေးမြက်ခင်းပြင်မှ
အလေ့ကျပန်းလေးများ...

လမ်းဘေးမြက်ခင်းပြင်မှာ
ပန်းလေးတွေအလေ့ကျပေါက်နေတာ
မွေးရပ်မြေနဲ့တူလိုက်တာ..

ဒါ...
သူတို့ချယ်ရီတဲ့..



အရောင်လေးတွေနဲ့အပင်လေးတွေ...

ဒီနေ့
ရင်နာပြီး လွမ်းနေတယ်။


မုန့်ဟင်းခါး


ညီမလေး ထက်ရဲ့..မုန့်ဟင်းခါး...
ဘူးသီးကြော်နဲ့အီကြာကွေးနဲ့...
ပြောရင်းသတိရလာပြီ...ရှလွတ်..










ဒါကတော့ အမျိုးအရင်းကြီးတစ်ယောက်ချက်တဲ့
မုန့်ဟင်းခါး
ဒီနေ့(၆ရက်မတ်ခ်ျလ၂၀၁၀)
ငါးများပြီင်္းပဲနည်းသွားတဲ့မုန့်ဟင်းခါးပေါ့..
အကြော်မပါ..ငှက်ပျောအူမပါတဲ့..
မုန့်ဟင်းခါး...