မုန့်ဟင်းခါး


ညီမလေး ထက်ရဲ့..မုန့်ဟင်းခါး...
ဘူးသီးကြော်နဲ့အီကြာကွေးနဲ့...
ပြောရင်းသတိရလာပြီ...ရှလွတ်..










ဒါကတော့ အမျိုးအရင်းကြီးတစ်ယောက်ချက်တဲ့
မုန့်ဟင်းခါး
ဒီနေ့(၆ရက်မတ်ခ်ျလ၂၀၁၀)
ငါးများပြီင်္းပဲနည်းသွားတဲ့မုန့်ဟင်းခါးပေါ့..
အကြော်မပါ..ငှက်ပျောအူမပါတဲ့..
မုန့်ဟင်းခါး...

အပြောင်းအလဲ

တစ်ည....ကိုယ်တီဗွီငေးနေတုန်း...
..တန်းပလိပ်လေးပြောင်းလိုက်ပါ့လား...လို့ ပြောလာပါတယ်။
..ဘာလို့ပြောင်းရမှာတုန်း..ပြောင်းပါဘူး..လို့ပြန်ပြောလိုက်တယ်...။

ကျနော်ဆိုတဲ့သူက..အစွဲသိပ်ကြီးတယ်ပြောရမယ်..ထင်တယ်..။
(အမှန်ကတော့..အပျင်းကြီးတာပါ..)
အပြောင်းအလဲတွေလုပ်ရမှာ မကြိုက်လှဘူး။
(အခုလောလောဆယ်မှာပဲ...တော်တော်ကြီးမားတဲ့ပြောင်းလဲမှုပြုလုပ်နေဆဲ..ဟီးး)၊

နောက်..ဆက်ပြောမိတာက..
ဒီတိုင်းပဲကောင်းပါတယ်...ထား..ထားလိုက်လို့...ပြန်ပြောလိုက်တယ်။
သူကတော့...အားမလျှော့ပဲ...ပြောင်းလိုက်ပါ့လား...ဒီပုံစံလေးတွေမဆိုးဘူး..ဆိုပြီးး
ဆက်လက်မြူဆွယ်နေတယ်။
ကျနော်တစ်ချက်လှမ်းကြည့်တော့...သူပြနေတဲ့ပုံလေးတွေကမိန်းမဆန်ဆန်လေးတွေ..။
မကြိုက်ပါဘူး.....ငါ့ကို..ဒီပုံစံတွေမပေးပါနဲ့..ဆိုတော့...
သူ...ကိုယ့်ကိုနားလည်သွားတယ်..(ထင်ပါတယ်)၊
ဟေ့...သုံးကော်လံပါတဲ့ဟာမှယူမှာနော်..နှစ်ကော်လံတွေငါမကြိုက်ဘူးလို့..
ဘေးကနေ တတွတ်တွတ်ရေရွတ်ပြနေသေးတယ်။
မပြောင်းချင်လို့သာတော်တော့တယ်...ဟားဟား။
ဒီလိုနဲ့.............
ကိုယ့်အိမ်လေးဟာ..သူ့လက်ခုပ်ထဲကရေလို..
....................................။

အခြေအနေ





မနက်ခင်း မိုးလင်းတိုင်း ပြူတင်းပေါက်ကို လှမ်းကြည့်မိတယ်။
မိုးအုံ့လား....
မိုးရွာသလား....
နေသာသလား....
တိမ်တွေညို့နေသလား.....
နေရောင်ခြည်တွေ တောက်ပလွန်းနေရင် အပြင်ကိုအငမ်းမရထွက်ချင်နေမိတယ်...။
အပြင်ကိုထွက်ဖို့ ကြံစည်လိုက်ရင်....အစိုးမရတဲ့မိုးက ကဖျက်ကရက်နဲ့..။
....................
............................
ရာသီဥတုအခြေအနေက သိပ်စိုးမိုးနိုင်တာပါလား။




ကိုယ့်အကြိုက်


အိမ်အပြောင်းအရွေ့အတွက် အိမ်ရှင်းရင်း ကိုယ့်ချစ်ထဘီလေးတွေတွေ့တော့..
ဓါတ်ပုံရိုက်မိပါတယ်..။။
ငယ်ကတည်းက ထဘီဝတ်ရင် တရုတ်ပွင့်ရိုက်နဲ့ ချည်ချိတ်ပဲ နှစ်နှစ်သက်သက် ဝတ်ခဲ့တာပါ။။
တခြားပြောင်စတွေလည်း ဝတ်ဖြစ်ပေမယ့် နည်းပါတယ်။။
လူတကာတွေ ပြောတဲ့ ပါတိတ်တွေ ကီမိုနိုတွေနဲ့ မရင်းနှီးခဲ့ပါဘူး။။
ပုံမှာပါတဲ့ တရုတ်ပွင့်ရိုက်၂ထည်ထဲက ထဘီအနီရောင်လေးက ညီမလေးထဘီပါ။။
၂၀၀၅ ပြန်တုန်းက ရန်ကုန်မှာပဲ သောင်တင်နေလို့ သူ့ရဲ့ထဘီကောက်ဝတ်ရင်း ယူလာတာ။။

နောက်တစ်ထည် ပွင့်ရိုက်ကလေးကတော့..ကျနော်နဲ့ အတူရှိနေတာ..၁၀နှစ်ကျော်ပါပြီ။။
နွမ်းလွန်းပြီး အတော်ဝတ်လို့ကောင်းပါတယ်။။

အလယ်တန်းက မီးခိုးခံမှာ ပန်းရောင်ချိတ်ထဘီက မှတ်မှတ်ယယ ညီမလေး ဘွဲ့ယူတုန်းက။။
၂၀၀၆ တုန်းကပါ။။

ကျနော်တာတွေကတော့ သူများလက်ဆောင်ပေးတာတွေပါ။။တစ်ချို့ဆို ချုပ်တောင် မချုပ်ရသေးဘူး။။
ထဘီတွေသာရှိတာ..အပြင်ထွက်ပြီး မဝတ်ဖူးပါဘူး။။ နွေရာသီမှာ ဘုရားဝတ်ပြုတဲ့အခါ
ဝတ်မိတာကလွှဲလို့ စိတ်ကူးပေါက်ရင် ထဘ်ီလေးတွေ ထုတ်ကြည့်ပြီး ဝတ်ကြည့်ပါတယ်။။
ပြီးတော့လည်း ပြန်သိမ်းထားရပြန်ရော..။။
မြန်မာပြန်တိုင်း ထဘ်ီဝတ်ဖြစ်အောင် ဝတ်ပါတယ်။။ ငှက်ခါးပြာရောင် ချည်ချိတ်ထမီလေး။။
ပြန်တိုင်းဝတ်လွန်းလို့ အိမ်နီးနားချင်းတွေကတောင် တခါလာလဲ ဒီထမိန်...
နှစ်ခါလာလဲ ဒီထဘီ.လို့တောင် ပြောယူရပါတယ်။။
ချည်ချိတ်လေးတွေက ဝတ်တာကြာလေလေ..ဝတ်လို့ကောင်းလေလေမို့ပါ။။(ဟီးးဟီးး)
နောက်အကြိုက်တစ်မျိုးက ကတ္တီပါကြိုးနဲ့ သားရည်ဖိနပ်ပါ။။
ဖိနပ်ဆို ပန်းသီး သားရည်ဖိနပ်ပဲ ဝတ်ပါတယ်။။

(အိမ်ရှင်းရင်း သိမ်းရင်းမို့ ထမိန်တွေ သေချာ မခေါက်မိပဲ ရိုက်မိတာ ခွင့်လွတ်တော်မူကြပါကုန်..
အိမ်သိမ်းရင်း ဝမ်းနည်းနေတယ် ...ဝမ်းနုတ်ဆေး မစားခိုင်းပါနဲ့ ..
ဒီက ရင်ထဲကနေ ဝမ်းနည်းနေတာ..။။)


မချစ်ကြည်အေး အကြံပေးလို့ ဒီပို့စ်ကို ခင်ရတဲ့ ညီအစ်မများကို တက်ဂ်ချင်ပါတယ်..။။
ကျနော် တက်ဂ်လိုသူများကတော့....

၁) မခင်ဦးမေ
၂)မသီတာ
၃)မသက်ဝေ
၎)မချစ်ကြည်အေး
၅)မသိင်္ဂ
၆)မမီယာ
၇)မလှထုံ
၈)မရှင်လေး
၉)မသုနှင်းဆီ
၁၀)မစူးနွယ်
၁၁)မခင်မင်းဇော်

တို့ကို တက်ဂ်ပို့စ်လေး ရေးပေးစေချင်ပါတယ်။။
နောက်ပြီး မြိုး ..ဆင်ဆင်နဲ့ မေ့ကိုလည်း ရေးစေချင်ပေမယ့်..
သူတို့က အိမ်ယာမဲ့လေးတွေဆိုတော့ မတောင်းဆိုတော့ပါဘူးလေ..။။
ဆရာမ မမေငြိမ်းဆီမှာလည်း ချိတ်ထဘီလေးတွေ အတော်များများရှိပုံရတယ်။။
မအားမှာစိုးလို့ မတောင်းဆိုရဲပါ။။










၃၀.၁.၂၀၁၀








ချစ်တိုင်းလည်း မညား ( ထူးအိမ်သင်)


သစ်ရွက်ကလေးတွေလည်း....မြေမှာခလို့ လွှင့်ကြွေမြဲ..
အဖော်မဲ့နှတ်ခမ်းများလည်း....ညင်သာတီးတိုးရွတ်ဆိုဆဲ...
အနွမ်းပန်းများသည်လည်း....ကြွေကာခန်းခြောက်ရစ်ပြီကွယ်..
အချစ်ရဲ့လိပ်ပြာလေး...ဘယ်မှာပုန်းလို့နားခိုလဲ..

အဖော်ကွဲတဲ့ ငှက်လေးများ..အပေါ်ကိုသာ ငေး ငေးကြည့်ရင်းနဲ့သာ...
နှလုံးသားမျက်ရည်များ ကျဆင်းလာ....
သူပေးတဲ့ အချစ်အနမ်းများ...ပြန်လည်ကာတွေးတော စိတ်မောမိတာ..
အေးမြပါးပြင်ထိ ပူနွေးလာ..
ကတိစကားများကိုလည်း မြေလှန်ပြန်ရှာရင်းး...
ဘဝအသစ်များပေါ်လည်း ညင်သာစွာလျှောက်လှမ်းရင်းးး
ချစ်တိုင်းလည်း မညား...စကားကိုသာ...တီးတိုးရေရွတ်မိတာ..
ကိုယ့်နှလုံးသားအသည်းအိမ်မှာ အချစ်များစွာ..
သူပေးတဲ့ အချစ်များကိုသာ...ထွေးပိုက်နေတုန်းအခိုက်မှာ...

ကိုယ့်နှလုံးသား အသည်းတစ်နေရာ...အချစ်ပေးတဲ့ ဒဏ်ရာများ...
အိုး...အချစ်..























song.

ဒီည ပျင်းပျင်းရှိတာနဲ့ သီချင်းဟောင်းတွေ လိုက်နားထောင်နေမိတယ်။။
လုပ်စရာ အလုပ်တွေ အများကြီး။။
ပြင်ဆင်စရာတွေ ပြည့်နှက်နေတယ် ။။
ဒါပေမယ့်......
ကိုယ် သီချင်းနားထောင်ကောင်းနေဆဲ...

Your mama don't dance

Happy New Year 2010









နှစ်သစ် ၂၀၁၀ မှာပျော်ရွှင်ပါစေ။။
ကင်မရာ ပါမသွားလို့ ဖုန်းအစုတ်လေးနဲ့ ရိုက်ရပါတယ်။။
ဒီနှစ်မီးပန်းတွေ တော်တော်လှပါတယ်။။
လူတွေလည်း တော်တော်များပါတယ်။။
ခြေတော်တော် ညောင်းပါတယ်။။
အိမ်ပြန်ချိန် စောင့်စားရလွန်းတယ်။။(အမ်အာရ်တီ)