Posted by
PAUK
|
|
|
ဒီနေ့ ကံမကောင်းပါ.... အရာရာနဲ့ အဆင်ပြေအောင် နေနေရတဲ့ အထဲ... ...................... ကိုယ့်သွေးတွေ ဘယ်လောက်ဆူပွက်နေတယ်ဆိုတာ ကိုယ်အသိဆုံး..... ......................... မျက်နှာချင်းဆိုင် ဖြေရှင်းရမှာလား.... သည်းညည်းခံ ဥပေက္ခာပြုရမှာလား.... ကိုယ့်မှာ အကောင်းဆုံးအဖြေ ရှိမနေခဲ့ဘူး... ............................ ဒီနေ့... ဆင်ခြေတုံတရား ကင်းမဲ့သူနဲ့.. သစ္စာတရား ကင်းမဲ့သူ... နှစ်ယောက်ကို တပြိုင်နက်တည်း တွေ့ကြုံလိုက်ရချိန်မှာ... .................. ........................ ...........................မှတ်ချက် ။။ မမတို့ကိုနုတ်ဆက်ပြီး အိပ်မရလို့...စိတ်ထဲရှိနေတာ ရေးချလိုက်တာ.. အိမ်ပြန်ရောက်ပြီး မမတို့နဲ့တွေ့လိုက်ရချိန်မှာ ၀မ်းနည်းတာတွေပျောက်ကုန်ပြီ... ကျေးဇူး...
Posted by
PAUK
|
|
|
စာမျက်နှာတစ်ဆယ့်ငါး........(ဆို - လေးဖြူ ) အတိတ်တွေက မှုန်ဝါးပေမယ့် ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက အကောင်းအတိုင်း ရှိနေဆဲပါဘဲ... ဟိုတကွက် ဒီတကွက် ပိတ်သားထက်.. အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်... အဓိပ္ပါယ်မရှိတာ သိပေမယ့် တခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ အမှတ်တမဲ့ မင်းကို လွမ်းပါတယ်.... အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့.. လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်... တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်... နှစ်တွေ လတွေက အတော်ကြာပြီပဲ.... ဘယ်ဆီကို မင်းရောက်နေမလဲ..... ဘာတွေကို မင်း လုပ်နေမလဲ... ဘယ်သူနဲ့ မင်း ရှိနေမယ်... တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့.... ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်.. ဘယ်ဆီကို မင်းရောက်နေမလဲ.... ဘာတွေကို မင်း လုပ်နေမလဲ.... ဘယ်သူနဲ့ မင်း ရှိနေမယ်... တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့... ပြန်စဉ်းစားရင်းနဲ့ တခါတလေ ငါ သတိရပါတယ်...နေ့တိုင်း...အချိန်ရတိုင်း..ဘင်္ဂလားပင်လယ်အော်ထဲမှာပဲ မျှောနေမိတယ်....
Posted by
PAUK
|
|
|
သံယောဇဉ်... (ဆို..လေးဖြူ) မတွေးချင်လည်း ငါ တွေးနေမိ .... မေ့ရင်လည်း ပြန်သတိရပြီး.... အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်.... မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ.... မှားနေလည်း ငါဆက်မှားပြီး... ဒုက္ခများကုန်ပြီ.... ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နှစ်ခဲ့.... ဖြတ်တောက်တိုင်းလည်း ပိုဖြတ်ဖို့ခက်တဲ့...သံယောဇဉ်.... သံယောဇဉ်....သံယောဇဉ်... ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်... သံယောဇဉ်...သံယောဇဉ်.. လူကို အရူးတစ်ပိုင်းဖြစ်စေခဲ့.... သံယောဇဉ်...သံယောဇဉ်... နေမြင့်လို့ အရူးရင့်ခဲ့တယ်... ဒီ သံယောဇဉ်....ဒီ သံယောဇဉ်... ဒီ သံယောဇဉ်.....ဒီ သံယောဇဉ်.....သံယောဇဉ်.. မကြားချင်ဘဲ ငါကြားယောင်မိ... မသွားချင်လည်း ငါ ဆက်သွားပြီး... အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ..... မမွှေးသင့်ဘဲ ငါ မွှေးတဲ့မီး .... မတိုးချင်လဲ ငါ ဆက်တိုးပြီး... ငါ့ဘ၀ ကျွမ်းလောင်ပြီး.....
Posted by
PAUK
|
|
|
ဆောင်းရောက်ရင် ကျနော် ချောင်းဆိုးတတ်ပါတယ်။။ တခါတရံလည်း ရင်ကြပ်လိုက်ပါသေးတယ်။။ စကားပြောနေရင်း ချောင်း ခဏ ခဏ ဟန့်နေရတာ စိတ်တိုပါတယ်။။ ကိုယ်လုပ်တဲ့အလုပ်ကလည်း အစဉ်မပြတ်စကားပြောနေရတဲ့ အလုပ်ဆိုတော့ .........။။ သူဌေးမက ဆေးလိပ်သောက်ပါတယ်။ လာနေကျ ကက်စတန်မာတချို့လည်း ဆေးလိပ်ချိုး ။ သူများဆိုင်တွေ ကက်စတန်မာကို ဆိုင်ထဲမှာ ဆေးလိပ်သောက်ခွင့်မပြုပါဘူး။။ ကျွန်တော့် သူဌေးမ ကလွှဲလို့ပေါ့။။ ပေါင်းနေကြ သူငယ်ချင်းတချို့လည်း ဆေးလိပ်မပါ မပြီးတဲ့သူတွေ။။ စားသောက်ဆိုင်ဆို ဆေးလိပ်ခန်းပါတဲ့ စားသောက်ဆိုင်မှ ။အလွန်ဆုံး ကော်ဖီ ဆိုင်တောင် ဆေးလိပ်မီးမွှန်နေတဲ့ ဆိုင်မျိုးပဲရွေးချယ်ကြပ်ါတယ် ။ တစ်ရက်တော့ မတွေ့တာကြာပြီဖြစ်တဲ့ ညီမလေးထက်နဲ့ တွေ့ပြီး အာလူးများကြ ပါတယ်။။ စကားပြောနေရင်း ချောင်း ခဏ ခဏ ဟန့်နေရပါတယ် ။ဆိုတော့.. ထက်က “ ပေါက်.. honey ရှိလား” လို့ မေးလာပါတယ်။။ ကျွန်တော်က “ ရှိပါတယ်..” လို့ပြန်ဖြေပါတယ် ။ ထက် က“ သံပုရာသီးရော ရှိလား ” တဲ့ ကျွန်တော်က “ ရှိပါတယ်...ဘာဖြစ်လို့လဲ“ လို့ပြန်မေးပါတယ်။ သူက ““honeyကို teaspoon တစ်ဇွန်း နဲ့သံပုရာသီးတစ်ခြမ်းနဲ့ ရေနွေးနဲ့ မတ်ခွက်ထဲဖျော်ပြီး သောက်ကြည့်ပါ““ ဆိုပြီးပြောလာပါတယ်။ ကိုယ်ကလည်း“ အင်းးးး....“ ဆိုပြီး အင်းလိုက်လိုက်ပါတယ်။ ချောင်းက ဆက်တိုက်ဆိုသလို ဆိုးလာပါတယ်။ ကိုယ်က “ထက်ရေ.. ခဏ ချောင်းဆိုးပျောက်ဆေး သောက်လိုက်ပါဦးမယ်“ လို့ပြောလိုက်တယ်။ သူက““ ဟင်...ခုန သမီးပြောတဲ့ အတိုင်းတော့ မသောက်ဖူးလား“တဲ့ ကိုယ်က“ သောက်မယ်လေ..နောက်ရက်မှ“ သူက“ အခုသောက်ပါ..ပေါက်..“ ကျွန်တော်က “အခုမှ သံပုရာသီးတို့ honey တို့မှ မရှိတာ“ သူက “ စောတုန်းကပြောတော့ရှိတယ်ဆို..“တဲ့ ကျွန်တော်က “ထက်ကလဲ...ဒီမြို့မှာရှိတယ်ပြောတာပါ....အိမ်မှာမရှိဘူး..““ ဆိုတော့..နှစ်ယောက်သား ၀ါးလုံးကွဲအောင် ရယ်ကြပါလေရော..။။ မှတ်ချက်။။ ။။ ဘိုလိုညှပ်ပြောချင်တာမဟုတ်ရပါဘူး။။ ထက် ပြောတဲ့အတိုင်း မှတ်မိသလောက် ပြန်ရေးချနေတာပါ။။ အမှန်တကယ် ဆိုလိုချင်တာကတော့..... honey နဲ့ သံပုရာနဲ့ ရေနွေးနဲ့ သောက်ရင်..ချောင်းဆိုးပျောက်တယ်လို့ ပြောချင်တာပါ...ဟီးဟီ
Posted by
PAUK
|
|
|
လင်းစ်က တက်ဂ်လာတယ်.. ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက်(၁၀) ချက်တဲ့... ကိုယ့်ကိုယ်ကို မုန်းသလား..မမုန်းသလားတော့ မသိဘူး ပြုပြင်သင့်တယ်လို့တော့ ထင်တာ အမှန်ပဲ... ထင်ပဲ ထင်တာနော်.....ပြင်မယ်လို့ မပြောရဲသေးဘူး။။ ၁) မျက်နှာထား တင်းမာတာ...ကိုနိ ရှစ်ခေါက်ချိုးထက်ဆိုးတယ်။ ကိုယ့်ကိုစတွေ့တွေ့ချင်း ဘယ်သူကမှ အဖက်မလုပ်ချင်ဘူး။။ (ကိုယ့်ရင်ထဲကတော့ နွေးထွေးတဲ့မေတ္တာတွေနဲ့ အပြည့်နဲ့သူပါ..) ၂)ဒေါသကြီးလွယ်တာ .. ၃)ဒေါသပြေလွယ်တာ (ဒေါသကြီးတာ ၃မိနစ်တောင်မခံဘူးထင်တယ်) ၄)အညိုးမထားနိုင်တာ (လူတစ်ယောက်ကို စိတ်ဆိုးပြီးရင် အညိုး ကြာကြာမထားနိုင်ပါဘူး..ပျော့ညံ့လိုက်တာနော်) ၅)မိသားစုထက် အလုပ်ကို တွယ်တာလွန်းတာ... (ချန်းချန်းက ဆန္ဒပြနေကျ..) ၆)အပြင်ပန်းကကြည့်ရင်မာသလိုနဲ့ အတွင်းစိတ် ပျော့ညံ့လွန်းတာ... ၇) အိမ်အလုပ် မလုပ်ချင်တာ... ၈) ဆတ်ဆတ်ထိမခံတာ (အခုတော့ ဥပေက္ခာပြုသင့်တာ ပြုနေပါပြီ) ၉)........................... (ချောမောလှပ လွန်းတာ......ကဲ..မမေးမိရင်အကောင်းသားလို့ ကိုယ့်နဖူးကိုယ်ရိုက်နေကြပြီမဟုတ်လား) ၁၀) ဘလော့စွဲလွန်းတာ... )စိတ်မြန်တာ... )စိတ်မရှည်တာ.... )အားနာတတ်တာ.. အမှန်ကထပ်ရေးရရင် အချက်တွေအတော်များများကျန်သေးတယ်.. လင်းစ်က ၁၀ချက်ပဲတောင်းဆိုတော့...ဒီလောက်နဲ့ပဲ ကျနော့ကို အမြင်ကပ်ကြတော့ပေါ့....နော်...(နော်...ဆိုတာ နွဲ့ကြည့်တာ) စကားပြော ယောင်္ကျားဆန်ပြီး မာလွန်းတော့ တစ်ချို့က ကိုယ့်ကို ကိုပေါက် တဲ့.။။
Posted by
PAUK
|
|
Labels:
သီချင်း
|
Lost!! by Coldplay ~~~Just because I'm losing~~~~ ~~~Doesn't mean I'm lost~~~~ ~~~Doesn't mean I'll stop~~ ~~~Doesn't mean I will cross~~~~ ~~~Just because I'm hurting~~~~ ~~~Doesn't mean I'm hurt~~~ ~~~Doesn't mean I didn't get what I deserved~~~ ~~~No better and no worse~~~ ~~~ I just got lost~~~~ ~~~Every river that I try to cross~~~ ~~~Every door I ever tried to locked~~~~ ~~~Oh and I'm just waiting 'til the shine wears off~~~~ ~~~You might be a big fish in a little pond~~~~~ ~~~Doesn't mean you've won~~~ ~~~'Cause along may come~~~~ ~~~A bigger one~~~~ ~~~And you be lost~~~~ ~~~Every river that you try to cross~~~~~ ~~~Every gun you ever held went off~~~ ~~~Oh and I'm just waiting 'til the firing stop~~~~ ~~~Oh and I'm just waiting 'til the shine wears off~~~~