မကြိုက်ခြင်းများ



လူတွေမှာ မကြိုက်တာတွေရှိတတ်တယ်..
တစ်ချို့က အချိုမကြိုက်ဖူး။ တစ်ချို့က အငန်မကြိုက်ဖူး ။ တစ်ချို့က သနပ်ခါးမကြိုက်ဖူး ။
တစ်ချို့ကျတော့ သစ်သီးမကြိုက်တာ ။တစ်ချို့များကျတော့ ဟင်းသီးဟင်းရွက်မကြိုက်တာ။
ဟစ်ပ်ဟော့ မကြိုက်သူ ။ ရော့ခ်မကြိုက်သူ ...စသဖြင့်ပေါ့....။။

နိနိလေးက ငါးမကြိုက်ဖူး ။ ကျောက်ကျောမကြိုက်ဘူး..တဲ့။။
အိမ်က မောင်အကြီးကလည်း ငါးမကြိုက်ဘူး။ သူအခု အဝေးမှာနေနေရတော့
သူတို့ကိုဟင်းချက်ပေးတဲ့ အဒေါ်ကြီး ငါးဟင်းချက်မှာ သေမတက်ကြောက်နေလေရဲ့ ။။
အခွင့်ကြုံတိုင်း အိမ်ကို အမဲသားခြောက်မှာတယ် ။ ဘာလချောင်ကြော်မှာတတ်တယ်။။
မချိုသင်းကတော့ အချဉ်မကြိုက်တာထင်ပါတယ်( တစ်နေရာရာမှာဖတ်လိုက်ရသလားလို့..
မှားရင်ဆောတီးနော်..)
ရင်းနှီးခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကတော့ ခေါက်ဆွဲမကြိုက်ဘူး ။လက်ဖက်မကြိုက်ဘူး။။
နောက်သူငယ်ချင်းတစ်ယောက်ရဲ့အစ်မဆိုလည်း လက်ဖက်ကို လုံးဝမကြိုက်တာ။ဒါကို ကိုယ်ကမနေနိုင်
စွာနဲ့ ဘာလို့မကြိုက်တာလဲ လို့ အတင်းရအောင်မေးတတ်ပါတယ်. ။ ပြီးတော့သူ့ကိုလည်း အတင်းစားခိုင်းပါတယ် ..ဟီး(ဆိုလိုတာက မကြိုက်တဲ့လူတွေသတိထားနော်. အတင်းကျွေးပလိုက်မှာဗျ။)

အလုပ်မှာတူတူလုပ်တဲ့အစ်မဆိုလည်း ခေါက်ဆွဲကိုမုန်းပါသတဲ့ ။အမဲသားအနံ့မခံနိုင်ပါဘူးတဲ့။
ဆိတ်သားဆို ညှီလွန်းတယ်ဆိုပဲ ။။

ကိုနိက ဟင်းချက်ရမှာ မကြိုက်ဘူးဆိုပဲ(နိနိလေးပြောတာ) ။တခြားသူတွေ ဘာမကြိုက်ဘူး
လဲဆိုတာ မသိလို့ မရေးတော့ပါဘူး။။

ကျွန်တော်ကိုယ်ကျွန်တော်ကတော့ ချေးမများဘူး ထင်နေတာ ပြန်စဉ်စားကြည့်တော့..
ကျွန်တော် ခရမ်းသီးမကြိုက်ဘူး။ ဖရုံသီးလဲမကြိုက်ဘူး ။ ဆားလေးတာမကြိုက်ဘူး၊ အချိုမှုန့်မကြိုက်ဘူး ။ဆီတိုဖူး မကြိုက်ဘူး ။ပဲပြားမှိုတက်(ရှမ်းပြည်မှာပဲရှိပါတယ်)
မကြိုက်ဘူး ။ တရုတ်နံနံမကြိုက်ဘူး ။ရိုးရိုးနံနံပင်ကိုတော့ အရမ်းကြိုက်ပါတယ်။။
လက်ဖက်ရည်ချိုကိုလည်း မကြိုက်ပါဘူး ။(ငယ်ကတည်းက လက်ဖက်ရည်ဆိုင်နဲ့ ဘေးချင်းကပ်
ရက်နေလာတာတောင်မှနော်..)

ရီစရာပြောရဦးမယ်..ဆားလေး တာသာမကြိုက်တာ .. ကျွန်တော်က ငပိ ။ငန်ပြာရည်တော့ ကြိုက်သဗျ၊ ဒါပေမဲ့ ဆီတိုဖူး တို့ ပဲငပိတို့မကြိုက်တော့
သူငယ်ချင်းတွေက ကျွန်တော့်ကို ဗမာမ တဲ့..ဒါပေမယ့် ခရမ်းသီးနဲ့ ဖရုံသီးကိုတော့
သူများချက်ရင်တော့ စားပါတယ် ။။(ပျင်းတာကိုး ဟီးဟီး)

ဆမူစာ..အကြော်စုံနဲ့ကျောက်ကျော



တနေ့က မြန်မာတန်း ရောက်တုန်း ဆမူစာနဲ့ ဘယာကြော်
ကြက်သွန်ကြော် ၀ယ်လာခဲ့တယ်...စားကြနော်..
အိမ်ရောက်တော့..မကျည်းမှည့်လေးရေဖျော်ပြီး .ပူစီနာ..ငြုပ်သီး
ကြက်သွန်ဖြူထောင်း..ဆားလေးထဲ့ပြီး တို့စားလိုက်တယ်။။
အချဉ်ကို ရိုက်မထားမိဘူး။။
ပြီးရင်..အချိုသုံးဆောင်ပါ..။။
အုန်းနို့ကျောက်ကျောက ကိုယ်တိုင်လုပ်တာပါ။။

သူငယ်ချင်းတစ်ယောက်က ပို့စ်တင်အုန်းဆိုလို့တင်လိုက်တာပါ။။
ဟီး စကားနားထောင်တယ်နော်...
သူငယ်ချင်းရေ...
ပြောင်းလဲတာနဲ့ မူမမှန်တာ မတူဘူးလား...တူတူပဲလား
ငါကတော့ မူမှန်မှန်နဲ့ပြောင်းလဲနေတယ်...။။ဟဲဟဲ



သူငယ်ချင်းတစ်ယောက်သို့....

သူငယ်ချင်းတယောက်သို့ ..

အဝေးမှာနေ
တွေးခေါ်နေလဲ
လွမ်းစဲလွမ်းရာ
အရာအရာ သို့ ...
ဖုန်းတလုံးကိုင်
ထိုင်မှိုင်မာန
အတိုးချ၍
လွမ်းနိုးရာရာ
စာတိုပြန်ဖတ်
အလွမ်းဇာတ်သို့ ....
ပေါရဲလိုက်တာ
မောစဲငါ့မှာ
ဘလော့မှာဆွေး
ဘလော့သွေးနဲ့
ဘလော့လောက
စိတ်ချရအောင်
ဘလော့စားသည်.
ဘလော့အိပ်သည်.
ဘလော့နားသည်..
ခောတ်ရာသီဝယ်..........



ကိုဖြိုးရေးသည်။။

MRT



အခုတလော ဆီဈေးတွေတက်လို့ MRT နဲ့ အပြင်ထွက်ပါမှ...
သူငယ်ချင်းက ဆီဈေးကျတာ ၂ရက်ရှိပြီတဲ့..၂ကျပ်လောက်ဈေးကျသွားတယ်တဲ့...
ချွေတာရေးလည်းလုပ်ရင်း...လေထုညစ်ညမ်းသက်သာစေဖို့ ရည်ရွယ်ရင်းး
(အမှန်က လူအထင်ကြီးအောင်ပြောကြည့်တာ..)

ဆင်ရာတိမ်မိုး......

မိုး...မပြိုနဲ့ဦးလေ....
ဒီရာသီကနွေ....
အို..မိုး..မပြိုနဲ့ဦးလေ...
နေစရာအဆင်မသင့်ခင်....
ပြင်ဆင်စရာလိုလိမ့်မယ်...မိုးရယ်...
အမှန်တကယ်လိုသေးတယ်.....

လွမ်းမနေပေမယ့်လေ...
ပြန်လည်ကာဆုံမိရင်.............
အို ခန်းနေလေသေးတဲ့.............
မေတ္တာတွေမပျယ်သေးခင်..........
ရင်နာစရာကြုံလိမ့်မယ်..မိုးရယ်...
ရင်ခွင်မှာနာကျင်အုန်းမယ်......

ပြောင်းလဲခြင်းနဲ့မူမမှန်ခြင်းကို
ဆင်သလိုလို ထင်ကြတယ်
စိတ်ညစ်တဲ့အခိုက်မှာ လူတိုင်းဟာ
ထင်ရာတွေမြင်ကြတယ် မိုးရယ်
မြင်တာတွေ မထင်မရှားနဲ့....

အိ လာတဲ့မိုးကို..........
မပြိုခင်ရင်ဆိုင်ဦးမယ်..............
အို မိုး...
ဒီတော့လည်းလေ....
ပြိုမလိုလို ညိုပြီးမှ ပြေးတယ်
ဘယ်ဆီမှာ ညိုအုန်းမယ်.......


ဒီသီချင်းကို အရင်ကနားထောင်ဖူးပေမယ့် အခုလောက်ထိ
မခံစားမိခဲ့ဘူး...


還是會寂寞


အခုတလော..
ငိုင်နေရင်းနဲ့ ဒီသီချင်းပဲနားထောင်ဖြစ်နေတယ်..
.....................
...........
.......

ရောဂါ

ဘယ်အချိန်ကစပြီး ကျွန်တော်တိရိစ္ဆာန်လေးတွေကိုကြောက်တတ်မှန်း
မသိပါ။။ သေချာတာတစ်ခုက ကျွန်တော်သိတတ်စအရွယ်က စလို့ ခွေးလေးတွေ
ကြောင်လေးတွေကို အရမ်းကြောက်ပါတယ်။။ နောက်တော့ ကြွက်လေးတွေ
ယုန်လေးတွေကိုတွေ့လည်း အနားမကပ်ရဲပါ။။ အထူးသဖြင့် မွေးကာစအကောင်ပေါက်စ
လေးတွေ ကိုပိုအူယားပြီး ကြောက်ပါတယ်။။ ၄-၅ တန်းမှာ ဂဲလောင်းချောင်း
နားက တရုတ်ကျူရှင် အသွားလမ်းပေါ်က ယမင်းဆံပင်အလှပြင်ဆိုင်က ခွေးစုတ်ဖွားလေး
တွေ အလိုက်ခံရတာမှတ်မိပါသေးတယ်။။ အကိုက်တော့မခံရဖူးပေမယ့် ခွေးတွေ့ရင်
ပတ်ပြေးနေတတ်တယ် ။။

နောက်တရုတ်ကျောင်းတစ်ခုမှာမွေးထားတဲ့ အညိုရောင်ခွေးကြီးကိုက်တာခံရဖူးတယ်။။
အိမ်ကအဖိုးက တိရိစ္ဆာန်လေးတွေ သိပ်ချစ်တတ်တာ။။ ကြောင်လေးတွေနဲ့လည်း
အိပ်တတ်တယ်။။ ညီမလေးလည်းကြောင်လေးတွေနဲ့ ပွတ်သီးပွတ်သက် နေတတ်တယ်။။
အိပ်တတ်တယ်။။ ကျွန်တော်ကတော့ ကြောင်ကို အနားကပ်ကို မခံနိုင်တာ။။ အခုအလုပ်မှာ
အလုပ်ရှင်သူဌေးမက သူ့အချစ်တော်ခွေးလေးကို ဆိုင်ကိုခေါ်လာချင်တာ ကျွန်တော်က
သေမတတ်တောင်းပန်ပြီး ပေးမလာပါဘူး။။

ကျွန်တော်ကြောက်တာနောက်တစ်ခုက သရဲ တစ္ဆေ ။ ငယ်ငယ်တုန်းက အဒေါ်တစ်ယောက်က
ညညဆို သရဲပုံပြင်ပြောပြပြီး ခြောက်တတ်ပါတယ် ။။ တခါတရံ ရုပ်ရှင်ကြည့်အပြီး
ပြန်လာရင် လမ်းမှာ ဆေးရုံကြီးက ရင်ခွဲရုံဘေးလမ်းကိုဖြတ်ရပါတယ် ။။ ရင်ခွဲရုံနဲ့
မျက်နှာချင်းဆိုင်က တောင်ကျောင်းကြီးဘုန်းကြီးကျောင်းပါ။။ အဲဒီအချိန်တွေဆို
မျက်လုံးစုံမှိတ်ပြီး အဖေ့စက်ဘီးနောက်ကထိုင်ပြန်လာမြဲ။။ အခုချိန်ထိလည်း
သရဲကားမကြည့်ရဲပါဘူး။။ ကြည့်လည်းမကြည့်ဖူးပါဘူး ။။

ဟိုတလောက သူငယ်ချင်းတစ်ယောက် သူ့အဆောင်သရဲခြောက်တဲ့အကြောင်း
ပြောပြတာ နားမထောင်ရဲဘူး ။ ကျွန်တော်စဉ်းစားတယ် အဲဒီတိရိစ္ဆာန်လေးတွေ
ကြောက်တတ်တာ သရဲတစ္ဆေကြောက်တတ်တာတွေဟာ ရောဂါတစ်မျိုးပါလား
လို့ ။။


ငယ်ငယ်က ၁ရပ်ကွက်မှာနေခဲ့တာပါ။။