အိပ်မက်

ညနေက အိမ်ပြန်ရောက်တာနဲ့ စက်ဖွင့်ပြီး
ဘလော့တကာလည်ပါတယ်။။ အဲ့ဒီမှာ မကေရဲ့ဘလော့ဖတ်ပြီး
သူတစ်ပတ်လောက်နားလိုက်တာ ဖတ်ချင်တာဖတ်လို့ရတယ်.
လုပ်စရာရှိတာလုပ်လို့ ရတယ်..အေးဆေး အသက်ရှု အနားယူလို့ရတယ်..
ဆိုပြီး ရေးထားတာ..
ဒီမှာ ကျွန်တော်ကဖြင့် ဘလော့ပိုး ၀င်ကာစပဲ ရှိသေးတာကို။။
မနက်စောစောထ ပြီး ခရီးတစ်ခုသွားထားတဲ့အရှိန်နဲ့ အိပ်ငိုက်လို့
ခဏအိပ်ပျော်သွားပါတယ် ။ နောက် ဂျီတော့မှာ ကိုယ်မသိတဲ့ နစ်တစ်ခုက
ကျွန်တော့်နဲ့ လာစကားပြောပါတယ် ။ ကျွန်တော်က ဘယ်သူပါလဲ လို့မေးတော့
မကေအိုအမ် ပါတဲ့ ..ကျွန်တော်အံ့သြပြီးဆက်ချက်နေမိပါတယ်....မကေအိုအမ်က
ကျွန်တော့်ကို ဘလော့ထဲမှာပဲ လည်မနေနဲ့ အိမ်အလုပ်လေးဘာလေးလည်း
လုပ်ပါအုန်း...လို့တရားချပါတယ်။ ကျွန်တော်က ´`ဟုတ်ကဲ့ပါမ `` လို့ ရိုရိုသေသေ
ဂတိပေးပါတယ်..။
သြော်..................
ဘလော့ .............
အိပ်မက်ထဲထိ စိုးမိုးလွန်းပါလား..........။။

ထမင်းကြော်




ဒီနေ့တော့ အရင်နေ့တွေက ထမင်းကျန်တွေများနေတာနဲ့
ထမင်းကြော်ကြော်စားဖြစ်ပါတယ်..
၁) ဘိုစားပဲသီးအနည်းငယ် လှီးထား။ပြောင်းဖူးတစ်ဖူး လှီးထား။
ခါကျက်ဥ ပုံပါအတိုင်းလှီးထားပါ
၂) ပုဇွန်ကို ကြက်သွန်ဖြူ ကြာညို့အငန် ဂျင်းရည် နဲ့ နှပ်ထားပါ။

ဒယ်အိုးထဲကဆီဆူရင်...နှပ်ထားတဲ့ပုဇွန်ကို၂မိနစ်ကြော်ပါတယ်..
မကျက်တကျက်မှာဆယ်ထားပါ။။
ပြီးရင် ၁) ကိုထဲ့ကြော်ပါတယ် မကျက်မှာကြောက်ရင် အိုးဖုံးခဏဖုံးပေးပါ
ဆား ထဲ့ပါ ။ ၅မိနစ်လောက်ကြော်ပြီးရင် ထမင်းကြမ်းထဲ့ပါတယ်။
ခရုဆီရှိရင်ထဲ့ပါ..မရှိလည်းစားလို့ဖြစ်ပါတယ်..ပြီးရင်ဆယ်ထားတဲ့ပုဖွန်တွေထည့်ပါ။။
ကြက်သွန်မြိတ်ရှိရင်လှီးထည့်ပါ..ပိုမွှေးတာပေါ့။
ကြက်ဥကြော်ကြိုက်ရင်ကြော်ပြီးတူတူစားနိုင်ပါတယ်။။
အချဉ်ကိုတော့..ကြက်သွန်နီ နဲ့ ပင်စိမ်းနဲ့ ငြုပ်သီးစိမ်း ကို
သံပုရာသီးလေးညှစ် ။ ဆားလေးနဲနဲထည့်ပြီး သုတ်စားပါ..





သွေး (သွေးအမျိုးအစားများ)

ဟိုနေ့က တီဗွီအစီအစဉ်မှာ သွေးအမျိုးအစားတွေအကြောင်း ကြည့်ရပါတယ်။။
A သွေး, Bသွေး , O သွေး နဲ့ ABသွေးဆိုပြီးတော့..
အစီအစဉ်ထဲမှာတော့...
Aသွေးပိုင်ရှင်တွေဟာ အနေအေးတယ် ။ သူတစ်ပါးအတွက် အနစ်နာခံကူညီတတ်တယ်
ပြဿနာဖြစ်မှာကြောက်လို့ သူတစ်ပါးနဲ့ အလိုက်အထိုက်နေတတ်တယ် ။ ကပ်စေးကုပ်တယ်။
ငွေရေးကြေးရေးစီမံခန့်ခွဲတတ်တယ် တဲ့။။ တုန့်ပြန်မှုအေးစက်တယ်။A သွေးပိုင်ရှင်တွေ
စိတ်ထဲမှာ ဘာကိုတွေးနေလဲဆိုတာ အပြင်လူမသိနိုင်ပါဘူးတဲ့ ။

B သွေးပိုင်ရှင်များကတော့ ပျော်ပျော်နေတတ်တယ် ။ သူတပါးစကားနားယောင်လွယ်တယ်
ဆုံးဖြတ်ချက်မပြတ်သားဘူး( နောက်ဆုံးတစ်စက္ကန့်အထိ တွေဝေနေတုန်းပဲ..တဲ့)
(နောက်ရှိသေးတယ် မမှတ်မိတော့လို့..)

O သွေးပိုင်ရှင်တွေကတော့ စိတ်ဆိုးစိတ်ကောက်လွယ်တယ် ။စိတ်ပြေလွယ်တယ် ။
လိုချင်တာ မရရအောင်ယူတတ်တယ်တဲ့ ။ခေါင်းမာတယ် ။

AB သွေးကိုတော့ လူအများစုအကြောက်ဆုံး အပေါင်းအသင်းမလုပ်ချင်ဆုံးသောသွေးတဲ့။။
အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်တတ်တယ်တဲ့ ။ AB သွေးပိုင်ရှင်တွေဟာ စိတ်ထဲမှာရှိတဲ့
အတိုင်း မျက်နှာမှာဖေါ် ပြတတ်ကြတယ် ။။စိတ်မကြည်ရင်လည်း မျက်နှာဆူပုပ်ပြဖို့
ဝန်မလေးဘူးတဲ့ ။။

ကျွန်တော်ကတော့ အို သွေးအမျိုးအစားပါ ။ ဘ၀မှာအရင်းနှီးဆုံးABသွေးပိုင်ရှင်
ရှိခဲ့ဖူးပါတယ်။။ ကျွန်တော့်အတွက်တော့ ABသွေးက ကောင်းသောမိတ်ဆွေပါ။။
A သွေးကိုတော့ ကျွန်တော်နားလည်အောင်ကြိုးစားခဲ့ပေမယ့် တကယ်ပဲ ခက်ခဲခဲ့ပါတယ်။။

မှတ်ချက်။။ စိတ်ထဲရှိတာသက်သက်မို့ အမှားပါရင် ခွင့်လွတ်ပါ။။


















ဆမိုင်


ဟိုတလောက ဘလော့တစ်ခုမှာဖတ်လိုက်ရတယ်
မြန်မာက ဆမိုင် ကိုလညိးလွမ်းတဲ့အကြောင်း
အဲဒါနဲ့ ကိုယ်လည်းမနေနိုင်တာနဲ့ ဒီကိုပြန်လာမဲ့ဆဲဆဲ ညီမ၀မ်းကွဲကိုမှာပါတယ်
တစ်နေ့နေ့ ဒန်ပေါက်နဲ့ တွဲချက်ပြီး သူငယ်ချင်းကိုဖိတ်ကျွေးမယ်ဆိုပြီး
တေးထားတာ ကိုယ်ကမအားတာနဲ့ သူတို့မအားတာနဲ့ မလုပ်ဖြစ်ပါဘူး
အခုတော့ ဗိုက်နည်းနည်းဆာနေတာနဲ့ နွားနို့လည်းရှိနေတာနဲ့ လုပ်စားဖြစ်ပါတယ်။။
၁) ဆမိုင်ခြောက်ကို ထောပတ်နဲ့ အရင်ကြော်လိုက်ပါတယ် ။။
၂) အိုးတစ်လုံးထဲမှာ နွားနို့ကျိုလိုက်ပါတယ် နွားနို့ဆူတာနဲ့
ကြော်ပြီးသားဆမိုင်ကို ထည့်လိုက်ပါတယ် ။။သကြားသင့်သလိုထည့်ပါတယ်။။
စပျစ်ခြောက်အနည်းငယ်ထည့်ပါတယ် ။။
ကဲ သုံးဆောင်နိုင်ပါပြီ။။
ဖာလာစေ့ရှိရင်ထည့်နိုင်ပါတယ် ။။အုန်းသီး မရှိလို့မထည့်လိုက်ရဘူး။။

သူငယ်ချင်းများစွာ....

ကျွန်တော့်မှာ တော်တော်ရင်းနှီး မတွေ့ရမနေနိုင်စွာပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းတစ်ဖွဲ့ရှိခဲ့ဖူးပါတယ်။
ကိုယ့်ထက်ကြီးတဲ့သူလည်းရှိတယ် ။ငယ်တဲ့သူလည်းပါတယ် ။တူတဲ့သူလည်းရှိတယ် ။ အတန်းတူတဲ့သူရှိအုန်းတောင်
ကျောင်းချင်းမတူခဲ့ကြပါဘူး ။ကျောင်းချင်းတူခဲ့အုန်းတောင် အတန်းခွဲချင်းတူတဲ့သူမပါပါဘူး ။
ဒါပေမယ့် ဘာဖြစ်လို့ တစ်ဖွဲ့တည်းပေါင်းသင်းနိုင်တာလဲဆိုတော့ ကျွန်တော်တို့မှာတူတာ နှစ်ခုရှိလို့ပါပဲ။။
ဘယ် နှစ်ခု လဲဆိုပြီး မမေးပါနဲ့နော် ။။ ရိုက်ချင်ရိုက် လုံးဝမပြောပါဘူး။။ ( အဟီး)
ကျောင်းချင်းသာမတူကြတာ ကျူရှင်ချင်းကြတူတဲ့သူပါပါတယ် ။ ဆရာဦးတင်မောင်ငြိမ်းကျူရှင်နဲ့ ၀ိုင်း။
ဆရာမဒေါ်ခင်ဆွေဝင်းဝိုင်း ။ဆရာလတ် ကျူရှင် ။
၁၀တန်းတွေပြီးသွားကြတော့ ကျောင်းဖွင့်တာစောင့်နေရင်း စပီကင်တွေတက်ကြပါတယ် ။ အစပိုင်း ကရင်ကုန်း
ချယ်ရီလမ်းက ဖီးဖီး ဖူးဖူးဆီမှာ ။ ကျူရှင်ပြီးရင် ကရင်ကုန်းကနေ မမောနိုင်မပန်းနိုင်
ကန်တော်ကြီးပတ်လမ်းက ရွှေကိန္နရီလက်ဖက်ရည်ဆိုင် ထိုင်ကြပါတယ်။။
ကျူရှင်မရှိတဲ့နေ့ဆိုလည်း ကျူရှင်ရှိသယောင်ယောင်နဲ့ ကန်တော်ကြီးစောင်း ။ကန်တော်လေးစောင်းမှာ
သွားထိုင်ပြီး အရည်မရ အဖတ်မရတွေထိုင်ပြောတတ်ကြပါတယ်။။
မနက်၉~ ၁၁ ။လေ့ကျင့်ရေးတပ်ထဲမှာရေသွားကူးချင်တော့ အိမ်ကို ကျူရှင်ဆိုပြီး တနင်္လလာကနေ
သောကြာအထိ နေ့တိုင်းရေသွားကူးပါတယ် ။။ရေကူးတတ်တာမကူးတတ်တာအပထား ဘုတ်ပေါ်ကနေ
ဒိုင်ဗင်ထိုး ပြိုင်ကြပါတယ် ။ ပြီးရင် ကန်ဘောင်မှာတပ်ကရဲဘော်တစ်ယောက်ရဲ့မိန်းမရောင်းတဲ့
မုန့်လက်ကောက်လိုလိုခပ်ချိုချိုမုန့်တစ်မျိုးဝယ်စားကြပါတယ်။။ အပြန်လမ်းက ဈေးလေးအပြင်ဖက်တန်းမှာ
ရောင်းတဲ့ နာနတ်သီးနဲ့ ဆား သံပုရာသီးသုတ် စားကြပါတယ် ။ရေကူးကန်မှာရေကူုးတာ နဂိုက တစ်ဖွဲ့လုံးမလိုက်ကြပါဘူး
မိုးနဲ့ နွဲ့ ညီအမရယ် ။လူးစ်နဲ့ဟောင်းစ် ညီအမရယ် ။ဝိုင်အမ်စီအေနားက ကလေးမ မိုးရယ် ကျွန်တော်ရယ် ၆ယောက်ပဲရေကူးတာ
စိတ်ဝင်စားပါတယ် ။ဒီထဲမှာ မိုးက ရေအကြောက်ဆုံး ။ရေမွန်းဖူးလို့နေ့တိုင်းသွားကူးပြီး ရေမကူးတတ်တာ သူပဲရှိပါတယ်။။
ရေစိုအ၀တ်တွေကို သူငယ်ချင်းအိမ်မှာပဲလျှော်လှမ်းခဲ့ပါတယ်။။
လေ့ကျင့်ရေးတပ်ကနေ မြို့ထဲနာရီစဉ်နားကအိမ်အထိ စက်ဘီးနဲ့ပြန်ရင် ဆံပင်လည်းခြောက်လုနီနီးရှိပါပြီ။။
ဖားကူး။ လိပ်ပြာကူး သင်ပြီးသကာလ မနေနိုင်လို့ အမေ့ကို ရေသွားကူးကြောင့် ၀န်ခံလိုက်ပါတယ်။။
ရလဒ်ကတော့....သူငယ်ချင်းတွေနဲ့ရေကူးကန်လိုက်တိုင်း ရေကူးခွင့်မရှိတော့ပါဘူး။။ အမေကလုံးဝမကူးရဘူး
တားလို့ပါ။။ အဟဲ...လိမ္မာတယ်နော် ။။ကန်ဘောင်ကနေ သူတို့ကူးတာပဲထိုင်မျှော်နေဖြစ်ပါတယ်။။
မနက်ခင်းတွေ့ ။ညနေခင်းတွေ့ လို့ အားမရသေးရင် မနက်လမ်းလျှောက်ချိန်းပြီးတွေ့ကြပါသေးတယ်။။
မေမြို့ဆောင်းမနက်ခင်းလောက် လမ်းလျှောက်လို့ကောင်းတာ ဘယ်မှာမှမရှိနိုင်ပါဘူး။
( ဟီး..ဘယ်ရှိမှာလဲ ကျွန်တော်ကမေမြို့မှာပဲနေဖူးတာကိုးးး) မနက် ၅နာရီလောက် ထပြီး
မြူတွေနဲ့ပိတ်နေတဲ့လမ်းကို စမ်းလျှောက်ရင်း ကန်တော်ကြီးဘောင်ထိ သွားထိုင်တတ်ပါတယ်။။
ဟူးးးးးးး
သတိရစရာတွေချည်းပါလား
ဒီနေ့ မိုးနဲ့ နွဲ့တို့ညီအမဆီသွားလည်ရင်း ။ကလေးမ မိုးရဲ့ အတင်းကိုတုပ်ရင်း ။ကျန်တဲ့သူငယ်ချင်းများ
ကိုသတိရရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။
ကလေးမမိုး ဒီပို့စ်ကိုတွေ့ရင် ဖုန်းဆက်ပါ ။။



ကျွန်တော် နဲ့ ယုံကြည်ချက်

အမှန်က ကျွန်တော်က နိုင်ငံရေးတွေ ဘာသာရေးတွေ ဆွေးနွေးလေ့ရှိတဲ့သူ
မဟုတ်ပါဘူး ။။ ကျွန်တော့်မှာ သူငယ်ချင်းလူမျိုးပေါင်းစုံ။ဘာသာပေါင်းစုံရှိပါတယ်။။
နိုင်ငံရေးဆိုလည်း အခုနေတဲ့နိုင်ငံမှာ ပါတီကြီးနှစ်ပါတီ ရှိပါတယ် ။။ဒါပေမယ့် ဘယ်ပါတီ
ကိုမှ အစွဲကြီးမဟုတ်ပါဘူး။။ ကိုယ်လုပ်နေတဲ့ အလုပ်က ပါတီစွဲရှိလို့လဲမဖြစ်ပါဘူး ။။
ကိုယ့်customer ထဲမှာ အစိမ်းရောင်ပါတီလည်းရှိမယ်။ အပြာရောင်ပါတီလည်း ရှိပါတယ်။။
(အစိမ်း ။ အပြာ ဆိုတာ အလွယ်ခွဲခြားခေါ်လိုက်တာပါ) ဒီကလူတွေကပါတီစွဲ အရမ်းကြီး
ကြတယ် ။။သူများတွေကဘယ်ပါတီကိုကြိုက်လဲမေးလာရင် ဘယ်တော့မှမဖြေပါဘူး ။။
အဲဒီအချိန်ကျရင် ကျွန်တော့်သူဌေးမက ကျွန်တော့်ကို စတတ်ပါတယ်။။ နင်က
ဂျင်ကလယ် ။ နင်အဲဒီလိုဖြေတော့ ဘယ်သူ့ကိုမှ မထိခိုက်ဖူး ဘာညာပေါ့။။ အမှန်က ကျွန်တော်
သူများနဲ့ အတိုက်အခံ မလုပ်လိုဘူး ။။
နောက် ဘာသာရေး ။ ကျွန်တော် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ အပေါင်းအသင်းလုပ်ပါတယ်။။ အမေ့အခင်ဆုံးသူငယ်ချင်းဆိုရင်လည်း မြန်မာလူမျိုး ဗုဒ္ဓဘာသာစစ်စစ်ပါ ။။
အဲဒီအန်တီကိုးကွယ်တဲ့ ဘုန်းဘုန်းနေမကောင်းလို့ ကြက်ပေါင်းလုပ်ပို့ပေးပါဆိုလည်း
အမေက ပို့ပေးနေကြပါ ။။ကျွန်တော်ကိုယ်တိုင် မေမြို့ပြန်လို့ ဘုန်းကြီးကျောင်းသွားတာနဲ့
ကြုံရင် လိုက်သွားနေကြပါ ။။ ကျွန်တော့်မှာ ကိုယ့်နဲ့လူမျိုးတူ ဘာသာတူသူငယ်ချင်းများသလို
အရှေ့မှာရေးခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်လုံး မြန်မာဗုဒ္ဓဘာသာစစ်စစ်တွေချည်းပါဘဲ ။။
အဲ့ .......ဒါပေမယ့် အွန်လိုင်းရောက်တော့ မှတ်မှတ်ယယ ၂၀၀၅~၂၀၀၆ လောက်က ဘာသာရေးဖိုရမ်တွေမှာ တိုက်ခိုက်နေကြတာ တအားပါပဲ ။။ အစပိုင်းမှာကိုယ့်မှာတော့
ကိုယ့်ဘာသာကို ပိုပြီးလေ့လာချင်စိတ်နဲ့ ၀င်ခဲ့မိပါတယ် ။။တစ်ခေါက်လောက် ၀င်လေ့လာပြီး
နောက်ထပ် မသွားရဲလောက်အောင် စိတ်ပျက်ခဲ့ရပါတယ် ။။ ဟိုတလောက ဘာသာတူသူငယ်ချင်း
တစ်ယောက်ရဲ့ဖိတ်ခေါ်မှုကြောင့် ဘာသာရေးဖက်ကိုသွားခဲ့ပါတယ် ။။ လေ့လာချင်တာလည်း
လေ့လာရ ။ မမြင်ချင်တဲ့ စာသားတွေလည်းမြင်ခဲ့ရနဲ့ပေါ့။။ ဒီလိုနဲ့ နောက်ဆိုက်ဒ်တစ်ခုရဲ့
ဘာသာရေး မဟုတ်တဲ့ ဂီတဖိုရမ်ထဲမှာ လူမျိုးရေးနဲ့ ဘာသာရေးကို အသားလွတ်ထိခိုက်ထားတာ
တွေ့လို့ မနေနိုင်လို့ဝင်ပြောမိပါတယ်(အေးချမ်းစွာနဲ့ပြောတာပါ။နားမခံသာစရာတစ်လုံးမပါ)
အဲဒီယူဇာနဲ့သူ့သူငယ်ချင်းတစ်ယောက်က သူတို့ကျွမ်းကျင်တဲ့ စကားလုံးတွေနဲ့ တရစပ်
ပစ်ခတ်ပါတော့တယ် ။။ ကျွန်တော်ကတော့ပြန်ပြောလိုက်ပါတယ် ။။ကျွန်တော်ရန်မဖြစ်တတ်ပါဘူး
ကျွန်တော်ရန်မဖြစ်ရဲပါဘူး လို့။။ ကျွန်တော့်စိတ်ထဲမှာတော့အရင်က ဒီဆိုက်ဒ်(နောက်က ဆိုက်ဒ်)ကို
တရားမျှတတဲ့ဆိုက်ဒ်အဖြစ် သဘောကျခဲ့ပါတယ်။။ အဓိကကတော့ ဒီဆိုက်ဒ်မှာ ဗုဒ္ဓဘာသာကလွှဲလို့
ဘယ်ဘာသာကိုမှတော့ပစ်မတင်ထားပေးလို့ ပိုသဘောကျခဲ့ပါတယ် ။။
ကျွန်တော်မှားကောင်းမှားပါလိမ့်မယ် ။အမြင်မတော်တာဝင်ပြောမိတဲ့အတွက်။။
အမှန်က ကျွန်တော်ဘာသာရေးအတွက်နဲ့လည်း သူတပါးနဲ့အတိုက်အခံမလုပ်လိုပါဘူး ။။










အဆိပ်ငွေကြေး