ခခ နေမကောင်းဖြစ်ချင်နေတယ်..။
ချောင်းဆိုးတယ်..။
သူ့ကို အဓိကသွားစေချင်ချင်တာ ဖြစ်ပေမဲ့ တကယ်တမ်းကျ သူမသွားဖြစ်တော့..။
ကိုယ့်သူငယ်ချင်းအိမ် သူသွားအိပ်ဖြစ်တယ်..။သူ့မှာလဲ ၂ယောက်ရှိတော့ သူ့အိမ်သွားအိပ်ဖို့
ပဲ ခခကရွေးချယ်လိုက်တယ်..။(အမှန်က အုပ်ထိန်းသူကလဲ ရွေးစေချင်တာလဲ ပါပါတယ်)။
အပေါ်ယံတော့ လုပ်ရတာပေါ့..။
ခခ မသွားရင် အုပ်ထိန်းသူလဲ သွားရမှာ မပျော်ပါဘူးလေ..ဘာညာနဲ့ပေါ့..။:ap:
အမှန်က ၈နာရီချိန်းထားတဲ့ ကိစ္စ.။
နောက်သူငယ်ချင်းတွေကြောင့် ၁၀နာရီမှ အိမ်ကထွက်ဖြစ်ကြတယ်..။
ခါတိုင်းနှစ်မှာ MRT နဲ့ပဲ သွားဖြစ်ပေမဲ့ ဒီနှစ်ကျ ဆိုင်ကယ်နဲ့ သွားဖြစ်ကြပါတယ်..။
တကယ်ပါ...ရေတောင်မသောက်ဖြစ်ဖူး.။
နှစ်သစ်ကူးပြီးသွားတော့ ဘယ်ဆက်ကြမလဲ တိုင်ပင်ကြတယ်..။
ရုပ်ရှင်သွားကြည့်မယ် ..ပြီးရင် ၂၀၁၂ရဲ့ နှစ်ဦးရောင်နီကို ကမ်းစပ်သွားပြီး ကြိုဆိုကြမယ်..
ဆိုပြီး အစီစဉ်ချ ကြပါတယ်..။
countdown က101မှာ..။
ရုပ်ရှင်သွားကြည့်တော့ miramar မှာ....။
အဝေးကြီး စီးရတယ်..။
အရေးထဲ သူငယ်ချင်းတယောက်က ကွေ့ရမဲ့နေရာမှာ မကွေ့ပဲ ဆက်စီးသွားတော့
ကိုယ်တို့မှာ ဆက်စောင့်နေရသေးတယ်..။
ဖုန်းဆက်တော့ မကြား..မကိုင်..။ အူကြောင်ကြောင် ချမ်းစီးစီးနဲ့ လမ်းဘေးမှာ ဆက်လက်စောင့်နေဆဲ..
နောက်တော့ အဲ့ဒီမမက နောက်မြို့နယ်တခုကို သွားတဲ့ တံတားဆီကိုတောင်ရောက်နေရော...
ဟီးးဟီးး..
ဆိုင်ကယ်တွေ လူစုကွဲကုန်တယ်..။
အရှေ့မှာ သွားနှင့်တဲ့ အဖွဲ့ရယ်..အလယ်မှာ စောင့်နေတဲ့အဖွဲ့ရယ်....လမ်းမှားသွားတဲ့ သူငယ်ချင်းရယ်။
mission impossible ပါပဲ...။ ဟိုလမ်းမှားတဲ့သူငယ်ချင်းနဲ့ဖုန်းအဆက်အသွယ်ရပြီး သူက ပြန်ကွေ့လို့ မရနိုင်
တဲ့ အခြေအနေကနေ..ကိုယ်တို့ကို လိုက်ရှာနိုင်တယ်..။
ပြန်လည်ဆုံဆည်းကြပြီးတဲ့နောက်..(နုရွကြည့်တာ)အရှေ့က အဖွဲ့ဆီ လိုက်ကြတယ်..။
ပဲမမတွေပါတော့လမ်းမှာတွေ့ကရာ ဓါတ်ပုံရိုက်နေကြတော့ အရှေ့ကအဖွဲ့က စိတ်မရှည်စွာနဲ့
ဖုန်းတဂွမ်ဂွမ်ဆက်တယ်..။ဆူတယ်..။
mission impossible အဂိမ်းပါပဲ..။ အယ်ငှယ်...။
ရုပ်ရှင်ရုံကထွက်တော့ မိုးဖွဲဖွဲရွာနေတယ်..။
ကမ်းစပ်သွားဖို့ စီစဉ်ထားတာ ဖျက်လိုက်ရတယ်..။
(ပြောဖူးတယ် မို့လား.. ။ ဘာမှ မစီစဉ်ရဲဘူးဆိုတာလေ..)
ဘယ်ဆက်သွားမလဲ စီစဉ်တယ်..။
ဘယ်မှ မသွားပဲ အိမ်တန်းပြန်ရင်တောင် ၁နာရီလောက်စီးရမယ်..။
အိမ်ထက်ဝေးတဲ့မြန်မာတန်းသွားပြီး တိုဟူးပျော့စားဖို့ ဆုံးဖြတ်ချက်ချကြပြန်တယ်..။
လမ်းတဝက်မှာ ထားဝယ်စတိုင် ပဲနို့ နံနက်စာဆိုင်တွေ့တော့ မြန်မာတန်းသွားဖို့
အစီအစဉ်ဖျက်ပြီး စားသောက်ပြီး အာလူးထိုင်ဖုတ်တာ ၁နာရီကျော်ကြာတယ်..။
ပြီးတော့...
အိမ်ပဲ တန်းပြန်လာလိုက်တယ်...။
အော်......ရယ်....
တစ်နှစ်ကူးသွားပြန်ပြီ.....အော်.......ရယ်....
ကြက်ရိုးပြုပ်ပြီး ...အော်...ရယ်....
အော်.....
ရယ်........
.....
...
မှတ်ချက် ။ ။ နောက်တင်မဲ့ ပို့စ်...
အများ မမျှော်လင့်တဲ့ သီချင်းပို့စ်...
လူကြိုက်မများသော သီချင်း...
မျော့.....
လူသစ်
6 months ago
7 comments:
သိတ်မနုပါနဲ့ကိုပေါက် မခံစားနိုင်ဘူး။
အဲငှယ်က အဲ့သလိုပေါင်းတယ် ။
အိမ်ဘဲတန်းပြန်လာပေလို့ဘဲ။
နောက်တစ်ပုဒ်တင်ရင်မလာဘူးနော်. မမျော်နဲ့.။
ဆိုင်ကယ် စီးချင်တယ် again .. ညဘက်ဆိုင်ကယ်စီးရတာ သိပ်ကြိုက်တယ်။ နန ကိုလဲတင်ခေါ်တဲ့အတွက်ကျေးဇူးတင်ပါတယ်..
ဟက်ပီးနယူးရီးယား
^_*
Happy New Year..
N/A
့ပေါက်
happy NEW year.
Happy New Year, 2012!
အော်...မရယ်..ပါဘူး
ပြုံးရုံလေးပဲ ပြုံးတယ်...း)
မထုံသော
မသီတာ
သူများတင်ထားတဲ့ပုံတပုံမှာတွေ့တယ်.. အဲ့ဆံပင်နဲ့လိုက်တယ် ပိုနုသွားတယ် (မြှောက်ပေးမှ)
Post a Comment