4/25/2012
4/08/2012
ဂျုံမှုန့်
ဒီနေ့ ဝတ်ပြုကျောင်းသွားဖြစ်တယ်.။
မုန့်တမျိုးလုပ်တာနဲ့ကြုံလို့ ဝင်ကူလုပ်ပေးဖြစ်တယ်..။
အပြန်..
ဂျုံမှုန့်ဝယ်လာတယ်...။
ဟွားကြောင်းရှိတယ်...။
ကြက်သွန်မြိတ်နဲ့ထောပတ်အသင့်ပဲ...။
ကဲ...........
ဘာလိုသေးလဲ...။
3/29/2012
မတ်ခ်ျလ နေ့တစ်နေ့
ဒီိလိုနဲ့ ဆံပင်ညှပ်သင့်အချိန်ရောက်လာပြန်တယ်..။
ထုံးစံအတိုင်း ဘွတ်ကင်လုပ်ထားတဲ့အချိန်ထက် နာရီဝက်နောက်ကျပြီးမှ
အိမ်က ထွက်ဖြစ်တယ်..။
ထုံးစံအတိုင်း taxiစီးဖြစ်တယ်..။
ကားထဲကနေ ဆံပင်ညှပ်ဆိုင်ဆီ နောက်ကျကြောင်းဖုန်းဆက်အသိပေးတော့
ကားသမားကြားသွားပြီး ကားအမြန်မောင်းပေးပါတယ်။
အမြန်ကားပေါ် မစီးရဲပါဘူး.။
ကားသမားကို အမြန်မမောင်းဖို့ တောင်းပန်ရသေးတယ်..။
(သများက အသည်းငယ်တယ်..အမြန်ကြီးမောင်းတဲ့ကားကို မစီးရဲဘူး)
ဆံပင်အရှည်ထားချင်ကြောင်း ပြောပေမဲ့ ညှပ်ပေးလိုက်တာ
တဖက်က မတရားတိုနေတယ်..။
ဆိုင်က ပြန်ထွက်လာတော့ ၁၁ရှိနေပြီ..။
အသွားကတည်းက ဝင်ကြည့်ချင်တဲ့ သားရေလက်ပတ်ဆိုင်ကို
ဝင်ဖြစ်တယ်..။
သိပ်တိတ်ဆိတ်တဲ့ ကိုယ့်ရဲ့ အထိမ်းအမှတ်နေ့အတွက် လက်ပတ်၂စုံ
ဝယ်ဖြစ်တယ်..။
(ကိုယ့်နဲ့သိပ်မရင်းနှီးတဲ့
သူငယ်ချင်းတယောက်ကတော့ ပန်းစည်းနဲ့ ကဒ်လာပေးတယ်)
ကိုယ့်အမျိုးသာ ကြားရင်တော့ ဘာပြောမလဲ မသိ။
ပြီးခဲ့တဲ့လကမှ သူတို့ဆီက Aldo လက်ပတ်၂စုံဝယ်ခဲ့တယ်.။
ခခကတော့ surprise ဆိုပြီး ရယ်စရာကောင်းတဲ့ဟန်းဖုန်းချိတ်သေးသေးလေး
၂စုံ နဲ့ ကဒ်ကို ည၉နာရီကျော်တော့ လာပေးတယ်..။
အမှန်က ဒီလိုပို့စ်တွေ မရေးချင်ဘူး။
ကွန်ပြူတာနဲ့ စကားပြောချင်တော့ ဒီလိုနည်းနဲ့ပဲ ပြောလို့အဆင်ပြေလို့သာ။
အခုတလော စိတ်အခြေအနေ သိပ်မကောင်းချင်။
အလကားနေရင်း ဝမ်းနည်းနေတတ်တဲ့ရောဂါ ရနေတယ်..။

3/20/2012
၂၁.၃.၂၀၁၂
မနေ့ညက စောအိပ်ဖြစ်တယ်..။
ဒီနေ့ ဦးနှောက်ကြည်လင်တယ်..။
မနက်ဖန်မှာ ဝမ်းနည်းခြင်းတွေပြည့်နှက်နေလိမ့်မယ်..။
အမှတ်တရအကြိုနေ့အဖြစ် ရရှိတဲ့ လက်ဆောင်က သိပ်ကြီးမားလွန်းတယ်။
ကိုယ့်စိတ်တွေ ချုံးချုံးကျအောင် လုပ်ဆောင်နိုင်တဲ့ စကားလုံးတွေ..။
စကားလုံးလက်ဆောင်တွေ...။
စကားလုံးကျည်ဆန်တွေ...။
စကားလုံးရေပူဖေါင်းတွေ..။
စကားလုံး သံချွန်တွေ...။
စကားလုံး မာယာတွေ...။
၉နှစ်ဆိုတာ သိပ်မကြာတဲ့ အချိန်ကာလတစ်ခုပေါ့..။
ဒီလိုပဲ ၉နှစ်ဆိုတာ သိပ်ကြာညောင်းတဲ့ အချိန်ကာလတစ်ခု..။
၉နှစ်ပဲဖြစ်ဖြစ်....
၉ရက်ပဲဖြစ်ဖြစ်....
ကိုယ်မလိုလားတဲ့ လက်ဆောင်တွေ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခြင်း
ခံရတဲ့အခါ .........
....................
.................
............
....................
............။
လမ်း
ဆက်
လျှောက်
မယ်..။
ဝန်ခံချက် ။ ။ ပုံကို အင်တာနက်မှ ကူးယူပါသည်။
3/16/2012
စွေစောင်းများ...
ဘူတာမှာပဲရှိသေးတယ်..။
အပြင်ဖက် တိုက်တန်းများ.....။
ခပ်စောင်းစောင်း...။
နေပူနေတာ သတိထားကြည့်ပါလေ....။
ဟော...သူ လာတော့မယ်...။
နှစ်ရောင်စပ် မိုးသား..။
(နေရောင်ပျောက်ပေါ့)။
ဒီနေရာလေးမှာ ကားထပ်စီးရအုန်းမယ်လေ....။
ဆက်ရန်....
မျှော့.....
..............
.....
..
အပြင်ဖက် တိုက်တန်းများ.....။
ခပ်စောင်းစောင်း...။
နေပူနေတာ သတိထားကြည့်ပါလေ....။
ဟော...သူ လာတော့မယ်...။
နှစ်ရောင်စပ် မိုးသား..။
(နေရောင်ပျောက်ပေါ့)။
ဒီနေရာလေးမှာ ကားထပ်စီးရအုန်းမယ်လေ....။
ဆက်ရန်....
မျှော့.....
..............
.....
..
3/15/2012
I'm a mess
I don't know who I am
Am I even human?
Every night I sell my soul
I forgot your birthday
And I'm dressed in rags
I shouldn't drink, I'll lose control
And I know...
I'm a mess
But at least I know how
I can make you laugh like no one else
Such a mess
The Rasmusရဲ့ သီချင်းအသစ်ပါ..။
I'm a mess
မှတ်ချက် ။ ။ ........
Am I even human?
Every night I sell my soul
I forgot your birthday
And I'm dressed in rags
I shouldn't drink, I'll lose control
And I know...
I'm a mess
But at least I know how
I can make you laugh like no one else
Such a mess
The Rasmusရဲ့ သီချင်းအသစ်ပါ..။
I'm a mess
မှတ်ချက် ။ ။ ........
3/13/2012
ဘူတာထဲမှာ...
အဲဒီဘူတာရဲ့ အထင်ကရ နာရီ..
နောက်ပြန်လှည့် ရိုက်ချက်....
မြင်ဖူးနေကျမဟုတ်တဲ့ အမိုး...
ဘူတာအဝင်ဝ အခန်းမှာ သူတို့တခုခု သရုပ်ဖေါ်နေတယ် (ထင်ပါတယ်)
ကျနော်တို့ရောက်တော့ သိမ်းဆည်းနေပြီ..။
အချိန်ကောင်းပါပဲ...။
မျက်နှာကျက် (ကြက်)
အခြားနံရံအဖက်တွေ....
ခပ်စောင်းစောင်းများ..။
(စွေစောင်းရိုက်ချက်များ)
အထိမ်းအမှတ်စာ..။
ဘူတာအပြင်ထွက်ပါပြီ..။
နေထွက်နေတယ်ဆိုပေမဲ့ အေးတယ်..။
မိုးအုံ့အုံ့နဲ့ ..။
မှတ်ချက်၁ ။ ။ ငပျင်းတစ်ယောက်ရဲ့ ကဗျာကယာရိုက်ချက်များနှင့်
မရေမရာ အတွေးများ..။
မှတ်ချက် ၂။ ။ တချို့သော ဘလော့ဂ်ဂါဆရာ ဆရာမကြီးများ အခန်းတင်ဆက်သည်ကို
အားကျ၍ အခန်းဆက်များများ တင်ပါမည်ဟု သံဓိဌာန်ချထားပါသည်။
သတိနှင့်နေကြပါရန် နိုးဆော်လိုက်ရပါသည်..။

ခရီးသွားခဲ့တယ်..။
တလောက ခရီးတခုထွက်ဖြစ်တယ်..။
အဲ့ဒီနေရာကနေ တခြားနေရာသွားဖို့ ကြံစည်ထားတဲ့အတိုင်း euro starရှိတဲ့နေရာကို
သွားရပါတယ်..။
ငပျင်းတစ်ယောက်ဖြစ်တာနဲ့ အညီ... မနက်၈နာရီ၅၀ ရထားကို မနက်မှ အထုပ်ပြင်ပါတယ်။
မထင်မှတ်ပဲ ရထားလွတ်သွားပါတယ်..။(အမှန်ကလဲ လွတ်သင့်ပါတယ်)
ဆိုတော့ နောက်ရထားထပ်စောင့်ရတော့တယ်..။
၁၀နာရီ၅၀ ရထား။
ရထားဆိုပေမဲ့ immigrationဖြတ်ရတော့ အချိန်၂နာရီလောက်ကြိုသွားသင့်ပါတယ်..။
(၁နာရီလောက်ကြိုသွားလည်း မှီနိုင်မယ်ထင်ပေမဲ့ တခါသေဖူးပျဉ်ဖိုးနားလည်
ဆိုသလို စောသွားတာ ပိုကောင်းပါလိမ့်မယ်)
ရထားမမှီတော့ တခြားခရီးသွားတွေ ဝင်သွားတာကို
အားကျစွာနဲ့ ရပ်ကြည့်နေမိတယ်..။
HPကိုကြော်ငြာပေးတာမဟုတ်ပါ...။
(သူငယ်ချင်းက ဒီပုံကို မြင်တော့ နင် HPကိုကြော်ငြာပေးနေတာလားလို့ မေးပါတယ်)
ခုံတန်းရှည်တွေမှာထိုင်ရင်း ဟိုငေး ဒီငေး..။
ဆိုင်းဘုတ်တွေရှိပေမဲ့လည်း under ground ကထွက်ကတည်းက
တွေ့.သမျှူလူကို မေးပြီးမှ euro starရှိတဲ့နေရာကို ရောက်နိုင်ပါတော့တယ်..။
M&S က ဂရိခ်ဆလတ်ဝယ်လာတယ်..။
မနက်စာ ဘာမှ မစားလာခဲ့ဘူး.။
အမျိုးရဲ့ ကင်မရာငှားလာခဲ့တယ်..။
ကင်မရာငှားလာခဲ့တယ်ဆိုပေမဲ့ ကိုယ်မှ မသုံးတတ်ပဲ..။
မြက်ခင်းစိမ်းတွေ ကုန်းမြင့်တွေ သဘောကျလို့သာရိုက်လာရတယ်..။
ဒါကတော့ ဦးတည်ချက်ရောက်ပြီး နောက်တနေရာဆီသို့ ပြည်တွင်းရထားပေါ်မှ
ရိုက်ထားစဉ်.....။
နောက်ဆုံးဦးတည်ချက်က ဒီမြို့ပေါ့..။
ဆက်ရန်....
မျှော့....
....

3/11/2012
Strawberry+ Meringues+ cream
ညက အသီးဆိုင်သွားတော့ စတော်ဘယ်ရီသီးတွေ ဈေးချတာတွေ့တာနဲ့ တစ်ခြင်း ဝယ်ခဲ့တယ်..။ ![]() |
meringues |
![]() |
အောက်မှာအပေါ်ကမုန့်ထည့်ထားတဲ့ စတော်ဘယ်ရီ |
whipping cream ကို အပေါ်က လောင်းထည့်လိုက်တာပဲ..။
ဒီမှာတော့ double cream တွေ clotted cream တွေမရှိတော့..ဖြစ်သလိုပေါ့..။
စားလို့တော့ ဖြစ်ပါတယ်လေ..။
ညက အသီးဆိုင်သွားတော့ စတော်ဘယ်၇ီသီးတွေ ဈေးချတာတွေတာနဲ့
တစ်ခြင်း ဝယ်ခဲ့တယ်..။
bonus
ဆီထမင်း..
မျှော့...
3/08/2012
Somebody that i used to know
Somebody that I used to know - Gotye
Well you said that we would still be friends But I'll admit that I was glad that it was over But you didn't have to cut me off ..
Walk off the Earth (cover)
Now you're just somebody that I used to know I used to know That I used to know
......
....
အမဲခြောက်ပဲထမင်း

အဲဒီအထဲက စားတော်ပဲသီးက ဆောင်းမှာပဲ ထွက်တာများတော့
ရာသီစာအနေနဲ့ ထမင်းထဲထည့်ချက်စားကြပါတယ်..။
အမဲနှင်းရိုက်ခြောက်ကလဲ ဆောင်းမှာပဲ တစ်နှစ်စာလုံးအတွက်အခြောက်ခံတဲ့
ရာသီစာ ဖြစ်ပြန်တယ်..။
ဟိုတလောကပဲ အမေလူကြုံပါးလိုက်တဲ့ အသားခြောက်ရတော့ ဒီထမင်းချက်စားဖို့ရာ
တေးထားလိုက်တယ်..။
စားတော်ပဲသီးစိမ်းနဲ့ အမဲသားနှင်းခြောက်(ကမ်းပါး .乾巴)ချက်ဖြစ်ပါတယ်..။
အစကနေ စပြီး ချက်တဲ့ ပုံတွေ ပျောက်နေလို့ ချက်ပြီး ပုံပဲတင်လိုက်တယ်..။
အမဲသားခြောက်ကို သေးသေးလှီးပြီး ဆီနဲ့ ကြော်ပါတယ်..။(မီးသေးသေးနဲ့)
ပြီးရင် ပဲသီးထည့် ၃မိနစ်လောက်ဆက်ကြော်ပါတယ်..။
rice cooker ထဲဆန်ရယ် ကြော်ပြီးသား အသားခြောက်နဲ့ပဲသီးရယ် ။ချောင်းကော့အမှုန့်ရယ်
ဆားနဲနဲထည့်ချက်ပါတယ်..။
ရိုးရိုးထမင်းချက်သလိုပါပဲ..။
တွဲဖက်စားဖို့ရာ စွန်တန်(မုန်ညှင်းချဉ်ခြောက်)ကို ဂျင်း ငရုတ်သီးစိမ်း ကြက်သွန်မြိတ် တို့နဲ့
ဟင်းရည်ချက်ပါတယ်..။
မုန်ညှင်းချဉ်နဲ့တွဲစားရင်လဲ အဆင်ပြေပါတယ်..။
豆悶飯
မှတ်ချက် ။ ။ ဟင်းချက်တဲ့ပို့စ်တွေ တင်ဖို့ရာ ဖီးလ်ပျောက်နေတယ်..။
2/29/2012
2/27/2012
Friend
Come,
as you are.
As you were.
As I want you to be.
As a friend.
As a friend.
As an old enemy.
Take your time.
Hurry up.
The choice is yours.
Don't be late.
Take a rest.
As a friend.
As a old memory,
memory,
memory,
memory.......
And I swear that I don't have a gun.
No I don't have a gun.
No I don't have a gun.
No I don't have a gun.
No I don't have a gun.
memory,
memory...
တချို့တွေ ယောင်နန မဖြစ်စေရအောင်..
.
.
.
.
2/18/2012
ခရီးထွက်ချင်တယ်
ခခအတွက်ဝယ်လာပေးတဲ့ Diary of a Wimpy Kid ရဲ့ Dog Day ကို
ခခနဲ့လုပြီး ဖတ်နေတယ်..။
ရယ်ရတယ်..။
စိတ်ညစ်မနေပါဘူး.။
ဒါပေမဲ့ ပျော်အောင် ကြိုးစားနေရတယ်..။
ရာသီဥတုက ဒုက္ခပေးတယ်..။
မိုးအုံ့နေ့တွေများတယ်...။
စိတ်မပါပဲ ပြုံးရတယ်..။
စိတ်မပါပဲ ဝမ်းနည်းပေးရတယ်..။
စိတ်မပါပဲ ပျော်ချင်ယောင်ဆောင်ရတယ်..။
စိတ်မပါပဲ စကားတွေပြောနေရတယ်..။
စိတ်မပါပဲ..အံ့သြချင်ယောင်ဆောင်ရတယ်..။
စိတ်မပါပဲ ပြောသမျှနားထောင်ပေးနေရတယ်..။
စိတ်မပါပဲ .........
........................
.....
..............
စိတ်မပါပဲ ညမနက်စာ ချက်နေရတယ်..။
အတွေးတွေ သိပ်တွေးတယ် စွပ်စွဲခံရတယ်..။
ထားပါ..။
သိပ်တွေးတယ်ပဲ ဆိုပါစို့..။
ကိုယ့်အတွေးတွေကပဲ ကိုယ့်ကို ဒုက္ခပေးတယ်ပဲ
ထားပါ..။
ခရီးထွက်ချင်နေတယ်..။
မှုန်မှိုင်းမှိုင်းနေရာတွေဆီ...........
............
................

2/16/2012
ကျောက်စိမ်းသီး
တနေ့က အမေလူကြုံပါးလိုက်တဲ့ ကမ်းပါး(အမဲသားနှင်းခြောက်)ရောက်လာတယ်..။
ဈေးထဲ ကျောက်စိမ်းသီးသွားရှာတော့ မတွေ့ခဲ့ဘူး.။
တရုတ်ပဲသီးကြီးတွေတော့ ရှိတယ်..။
ထမင်းဟင်းချက်ဖို့ စိတ်ဆန္ဒသိပ်မရှိတော့ မဝယ်ခဲ့..။
လူတွေစကားပြောတာ ထိုင်ကြည့်နေတယ်..။
ပျင်းရိရိဖြစ်နေတယ်..။
အသိမိတ်ဆွေတွေ ကိုယ့်ကိုစကားပြောဖို့ကြိုးစားတယ်။
ကိုယ့်ပုံစံငေါင်စင်းစင်းဖြစ်နေတယ်..။
အဝတ်သေတ္တာတစ်လုံး အရာမယွင်းသေး။
စိတ်တွေလဲ မပြောင်းလဲနိုင်သေး..။
ခံစားချက်တွေလဲ အနောက်မှာ ကျန်နေတုန်းပဲ..။
ကိုယ့်ကိုယ်ကိုရောင့်ရဲနိုင်တယ် ထင်နေရင်းအလိုမကျဖြစ်တယ်.။
ခရီးတထောက်နားခဲ့တယ်.။
ပြေးလမ်းပေါ်မရောက်နိုင်သေး.။
ကျနော် ပျော်ပါတယ်..။
ကျနော် ပျော်မှာပါ..။
ကျနော် ပျော်ပါစေ...။
မှတ်ချက် ။ ။ တကယ်တော့ ကျောက်စိမ်းသီးရှာမတွေ့လို့ ဖြစ်လာတဲ့
ကယောင်ကတမ်း အတွေးတွေပါ..။
အလကား...အလကားပေါ့..။
ကျောက်စိမ်းသီး = ပဲသီး တစ်မျိုး
hip hop is dead
hip hop just died this mornin'
and she's dead, she's dead
သတိပြုရန်...
When I say 'hip-hop is dead',
basically America is dead.
There is no political voice.
Music is dead.
By - Nas
and she's dead, she's dead
သတိပြုရန်...
When I say 'hip-hop is dead',
basically America is dead.
There is no political voice.
Music is dead.
By - Nas
2/15/2012
The Fear
I want to be rich and I want lots of money...
I don't care about clever I don't care about funny
I want loads of clothes and fuckloads of diamonds
I heard people die while they are trying to find them
Now I'm not a saint but I'm not a sinner
Now everything is cool as long as I'm getting thinner

one day
ရုပ်ရှင်ကြည့်လေ့ သိပ်မရှိဘူး.။
ဒီတခေါက်တော့ ခရီးသွားရင်း ရုပ်ရှင်တကားကြည့်ခဲ့တယ်..။
ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျဖြစ်ခဲ့တယ်..။
ပုံပြောကောင်းသူ မဟုတ်တဲ့အတွက် မပြောတော့ပါဘူး.။
ကွကို ရှာကြံကြည့်ကြပါ...။
ထွေလာလေးတော့ တင်ပါ့မယ်..။
''I love you , just i don't like you anymore...''
Anne Hathaway ကိုကြိုက်သွားတယ်..။
တခါကတော့ နောက်ခံသီချင်းကြိုက်လို့တင်ဖူးသေးတယ်..။
မှတ်ချက် ။ ။ ခရီးက အပြန်မှာလဲ ရုပ်ရှင်၂ကားကြည့်ခဲ့တယ်..။
တကားကိုကြိုက်တယ်..။ မျက်ရည်ကျရပြန်တယ်..။

2/10/2012
ဆုံးရှုံးခြင်း
ဘဝဆိုတာ ရုန်းကန်ရမယ်..။
အင်းလေ....
ဟုတ်မှာပဲ...။
တိမ်တွေပိတ်နေတာကို ကြည့်ရင်း အလုပ်တွေနဲ့ မျက်နှာချင်းဆိုင်ရမှာကို
ဝန်လေးနေတယ်...။
ဒီလိုပဲ တွေးချင်ရာ တွေးနေခွင့်လေး မရှိတော့ပြန်ဘူး.။
စိတ်ပူပန်စရာတွေနဲ့ မွန်းကြပ်တဲ့ ဘဝထဲ သွားရပြန်အုန်းမယ်..။
ရာသီဥတုဆိုးဝါးတဲ့ ဒဏ်ကြောင့် ခပ်ပြင်းပြင်းလှုပ်ခတ်သွားတဲ့ခုံပေါ်မှာထိုင်နေရင်း
မနက်ဖန်များစွာရဲ့ မသေချာခြင်းတွေကို တွေးနေမိတယ်..။
စိုးရိမ်ပူပန်မှုတွေကြောင့် စားမဝင်တော့..။
သိပ်နှစ်သက်တဲ့ကော်ဖီကိုလဲ ထိုင်ကြည့်နေမိတယ်..။
ကျောပိုးအိတ်ထဲပါလာတဲ့ ဂျာနယ်ကျော်မမလေးရဲ့ဘဝပုံရိပ်ကိုလဲ မဖတ်ရဲ..။
တကယ်တော့...............
ကျနော်ဟာ ....
သတ္တိသိပ်ကြောင်သူတစ်ဦးသာ...။

2/06/2012
come away with me....
အိမ်နဲ့ဝေးရာမှာ ရောက်နေတယ်..။
သီချင်းတွေနဲ့ ဝေးရာမှာ ရောက်နေတယ်..။
ချစ်သူတွေရဲ့ အနီးမှာရောက်နေတယ်ဆိုပေမဲ့ ...
ဒီည အမှတ်မထင်နားထောင်မိတဲ့သီချင်းက လွမ်းစရာ........
သီချင်းတွေနဲ့ ဝေးရာမှာ ရောက်နေတယ်..။
ချစ်သူတွေရဲ့ အနီးမှာရောက်နေတယ်ဆိုပေမဲ့ ...
ဒီည အမှတ်မထင်နားထောင်မိတဲ့သီချင်းက လွမ်းစရာ........
1/11/2012
အတွေးများနောက်ကွယ်မှာ...
နေ့လည်က အားအားရှိ အသိတယောက်မိတ်ဆက်ပေးထားတဲ့ ဆံပင်ညှပ်ဆရာဆီ
ဖုန်းဆက်ကြည့်တယ်..။
ဒီည အား မအား မေးကြည့်ပြီး ချိန်းလိုက်တယ်..။
သွားနေကျမဟုတ်တဲ့ အပိုင်း ဖြစ်နေတော့ စိတ်မရှည်စွာနဲ့ အဝါရောင်ကားလေးနဲ့ သွားဖြစ်တယ်။
အတွင်းပိုင်းမှာဆိုတော့ အဝမှာပဲ ဆင်းဖြစ်ပြီး လမ်းမှာတွေ့တဲ့ ရဲကို ၂ခါမေးဖြစ်တယ်..။
mapကြည့်တဲ့ အလေ့မရှိပါဘူး.။ (မယုံရင် ~~ နဲ့ အတဝ ကိုမေးကြည့်ပါ..)
အေးစက်စက် ဆံသဆရာနဲ့ ညှပ်ဖြစ်ပါတယ်..။
စကားနည်းနိုင်သလောက်နည်းသော ဆံသဆရာပါပဲ..။
အတိုမညှပ်ချင်ဘူးပြောပေမဲ့ အရှည်ပေးမထားပါဘူး..။
ဒီလိုနဲ့.........ပဲ....။
ပဲကို
ထင်မထားကြတဲ့အတိုင်း မပြုပ်ပဲမနေပါဘူး.။
ပြုပ်ဖြစ်တယ်..။
ထန်းလျက်ကို ပထမတော့ ၁ခဲပဲထည့်ဖြစ်ပါတယ်..။
နောက် ရခါနီးတော့ နောက်၁ခဲထပ်ထည့်ဖြစ်တယ်..။
ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း တဝက်လောက်ထည့်ဖြစ်တယ်..။
ricecookerနဲ့ပဲ ဖြစ်သလိုချက်တယ်..။
ရေတဝက်ထည့်ပါတယ်..။
ဆားတော့ မထည့်ရဲ..။
ပဲပြုပ်ရှိနေမှတော့ အုန်းထမင်းနဲ့လိုက်တယ်တွေးမိပြီး အုန်းထမင်းချက်ဖြစ်တယ်..။
ကြက်သားလဲရှိတော့ ကြက်သွန်ဖြူ ဂျင်းနဲ့ပဲ ချက်ဖြစ်တယ်.။
မယုံမှာစိုးလို့ ရှားရှားပါးပါး တပုံရိုက်ထားမိတာတင်လိုက်ပါတယ်..။
အုန်းထမင်း (သင်ဆရာများ = တီတီဆွိ &~~)
အတွေးတွေရဲ့ နောက်ကွယ်မှာ အစားတွေ မပြတ်ပဲ..။

အမှန်က တူသုံးတယ်..။
ပြောခံရမှာစိုးလို့ တူမပါအောင် သတိထားရိုက်ထားပါတယ်..။
တွေးမိတာက..အတွေးတွေရဲ့ နောက်ကွယ်မှာ အစားတွေ မပြတ်ပဲ..။