3/08/2012

အမဲခြောက်ပဲထမင်း


 ဆောင်းတွင်းဆို ရွာမှာ အသီးအနှံဖေါဖေါသီသီထွက်ပါတယ်..။
အဲဒီအထဲက စားတော်ပဲသီးက ဆောင်းမှာပဲ ထွက်တာများတော့
ရာသီစာအနေနဲ့ ထမင်းထဲထည့်ချက်စားကြပါတယ်..။
အမဲနှင်းရိုက်ခြောက်ကလဲ ဆောင်းမှာပဲ တစ်နှစ်စာလုံးအတွက်အခြောက်ခံတဲ့
ရာသီစာ ဖြစ်ပြန်တယ်..။
ဟိုတလောကပဲ အမေလူကြုံပါးလိုက်တဲ့ အသားခြောက်ရတော့ ဒီထမင်းချက်စားဖို့ရာ
တေးထားလိုက်တယ်..။

စားတော်ပဲသီးစိမ်းနဲ့ အမဲသားနှင်းခြောက်(ကမ်းပါး .乾巴)ချက်ဖြစ်ပါတယ်..။
အစကနေ စပြီး ချက်တဲ့ ပုံတွေ ပျောက်နေလို့ ချက်ပြီး ပုံပဲတင်လိုက်တယ်..။
အမဲသားခြောက်ကို သေးသေးလှီးပြီး ဆီနဲ့ ကြော်ပါတယ်..။(မီးသေးသေးနဲ့)
ပြီးရင် ပဲသီးထည့် ၃မိနစ်လောက်ဆက်ကြော်ပါတယ်..။
rice cooker ထဲဆန်ရယ် ကြော်ပြီးသား အသားခြောက်နဲ့ပဲသီးရယ် ။ချောင်းကော့အမှုန့်ရယ်
ဆားနဲနဲထည့်ချက်ပါတယ်..။
ရိုးရိုးထမင်းချက်သလိုပါပဲ..။
တွဲဖက်စားဖို့ရာ စွန်တန်(မုန်ညှင်းချဉ်ခြောက်)ကို ဂျင်း ငရုတ်သီးစိမ်း ကြက်သွန်မြိတ် တို့နဲ့
ဟင်းရည်ချက်ပါတယ်..။
မုန်ညှင်းချဉ်နဲ့တွဲစားရင်လဲ အဆင်ပြေပါတယ်..။
 豆悶飯

 မှတ်ချက် ။   ။ ဟင်းချက်တဲ့ပို့စ်တွေ တင်ဖို့ရာ ဖီးလ်ပျောက်နေတယ်..။
 

7 comments:

  1. ✿♥‿♥✿ ပေါက် ...

    ကိုယ် စွန်တန် ♨ ဟင်းရည်လည်း ကြိုက်တယ် ...
    အမဲသားခြောက် ထမင်းကြော်လည်း ကြိုက်တယ် ....

    ><((((º> ရှလွတ် .... (。◕‿◕。)

    ReplyDelete
  2. အမဲသားနှင်းခြောက်(ကမ်းပါး .乾巴) လွမ်းနေပါတယ် ဆိုမှ တလအတွင်း သူတပြပြနဲ့ ကြွားနေတာ ၂ခိရှာပြီ။ :D

    ReplyDelete
  3. နင်ပြောတဲ့ အမှုန့် ငါမသိ
    ထမင်းဟင်းတော့ ငါကြိုက်၏။

    ပုံ /ထုံ့ဆရာ


    အဟိ

    ReplyDelete
  4. စားချင်တယ် ပေါက်
    ကြိုက်တယ်

    ReplyDelete
  5. ပဲထမင်းချက်တဲ့နည်းကို မေ့နေတာ..ခုရေးထားသလိုဆိုတော့လည်း လွယ်သားဘဲလို့.. hee.. weekend ကြရင် ချက်ဦးမှ.. :)

    ReplyDelete
  6. မနန္ဒာ ထမင်းမကြော်ဘူးနော်...
    ပေါင်းတာ(ချက်တာ)။
    ကြိုက်ရင် ပိုစားသွားပါ..။
    လေးယောက်စာ..။

    ပိုလွမ်းသွားအောင်လေ ကိုheartmuseum
    မတွေ့တာကြာပြီရော...

    စာမကြေသော မယ်ဆင်..။
    မုန်းစရာကြီး

    အမဲခြောက်မကုန်ခင် ဒီကိုလာခဲ့ ရီတာ။

    သဉ္ဖာရေ..
    ပြီးခဲ့တဲ့လက ညီမဆီရောက်တော့ သူကလဲစားချင်တယ်ပြောနေတာ..။
    သူ့ဆီကနေ ကျဲအိမ်ပြန်ရောက်တော့ မားက
    လူကြုံပါးလိုက်တာနဲ့ ကြုံနေတာ..။
    အမှန်က ဒီမှာ ဒီနှစ်ပဲသီးအထွက်နဲတယ်..။
    တချို့တွေကလဲ ကမ်းပါးအရင်ကြော်ပြီး ဆီနဲ့အတူ
    ထမင်းအရင်ချက်..။
    ပဲသီးကို စိမ်းမြမြလေးဖြစ်စေချင်တော့ ထမင်းကျက်မှ
    ထပ်တခါထည့်ပြီး ၁၀မိနစ်လောက်ထပ်နှပ်ကြတယ်။
    ကျဲက ငပျင်းဆိုတော့ အကုန်တခါတည်းပေါင်းချက်ဖြစ်တယ်..။
    အဆင်ပြေပါစေ..။

    ReplyDelete
  7. အမဲနှင်းခြောက်ဆိုတာ မစားဖူးဘူး.. ကျွေးပါ
    ပဲထမင်းအာသီသ ဖြစ်နေတယ်
    ပွင့်

    ReplyDelete