ခခအတွက်ဝယ်လာပေးတဲ့ Diary of a Wimpy Kid ရဲ့ Dog Day ကို
ခခနဲ့လုပြီး ဖတ်နေတယ်..။
ရယ်ရတယ်..။
စိတ်ညစ်မနေပါဘူး.။
ဒါပေမဲ့ ပျော်အောင် ကြိုးစားနေရတယ်..။
ရာသီဥတုက ဒုက္ခပေးတယ်..။
မိုးအုံ့နေ့တွေများတယ်...။
စိတ်မပါပဲ ပြုံးရတယ်..။
စိတ်မပါပဲ ဝမ်းနည်းပေးရတယ်..။
စိတ်မပါပဲ ပျော်ချင်ယောင်ဆောင်ရတယ်..။
စိတ်မပါပဲ စကားတွေပြောနေရတယ်..။
စိတ်မပါပဲ..အံ့သြချင်ယောင်ဆောင်ရတယ်..။
စိတ်မပါပဲ ပြောသမျှနားထောင်ပေးနေရတယ်..။
စိတ်မပါပဲ .........
........................
.....
..............
စိတ်မပါပဲ ညမနက်စာ ချက်နေရတယ်..။
အတွေးတွေ သိပ်တွေးတယ် စွပ်စွဲခံရတယ်..။
ထားပါ..။
သိပ်တွေးတယ်ပဲ ဆိုပါစို့..။
ကိုယ့်အတွေးတွေကပဲ ကိုယ့်ကို ဒုက္ခပေးတယ်ပဲ
ထားပါ..။
ခရီးထွက်ချင်နေတယ်..။
မှုန်မှိုင်းမှိုင်းနေရာတွေဆီ...........
............
................
အဲဒီမျာ မှုန်မှိုင်းနေတယ် မဟုတ်လား ဘယ်ကို သွားချင်တာလဲ... Diary of a Wimpy Kid တွေ သားလည်း ဖတ်တယ်... သား ရယ် ရယ်နေတာ တွေ့လို့ တအုပ်လောက် ယူဖတ်ကြည့်မလား တွေးနေတာ...
ReplyDeleteအဲ့တာ ဘယ်လ်ဂျီယမ်မှာ မသက်ဝေ...။
ReplyDelete၃၀.၁.၂၀၁၂ ကထင်တယ်..။
Diary of a Wimpy Kid ရယ်ရတယ်..။
ဖတ်ကြည့်ပါ..။
ဆက်လိုက်တောင် ဝယ်မလားစိတ်ကူးတယ်..။အဟီး
ခရီးကပြန်လာခါစဆို အဲလိုဖြစ်တတ်တယ်..
ReplyDeleteဘာကိုမှစိတ်မပါ အလုပ်လည်းမလုပ်ချင်..
နည်းနည်းလေးကြာသွား၇င် ပြန်နေသားကျသွားပါလိမ့်မယ်..
ပုံ/
ဆြာမဂျီး
ခုပဲ ပြန်လာပီးတော့ မသွားရသေးတဲ့သူတွေအားနာပါအုံးအေ .. ဘီ ..စီ။ :P
ReplyDeleteဗီယက်နမ်ကိုလာလည်ပါလား
ReplyDeleteခရီးသွားချင်ဘူး...
ReplyDeleteအိမ်မှာပဲ နေပါပေါက်...
လေဒီအို နားထောင်နေပါ...
စိတ်ပါလက်ပါ ပျော်ရွှင်ပါစေ။
ReplyDeleteအမေရိကား သွားရမယ်.. လိုက်ခဲ့မလား
ReplyDeleteDiary of a wimpy Kid က ဘက်ဆဲလ်လာ ပဲ။ ရုပ်ရှင်ပြန်ရိုက်ထားတယ်။
ReplyDeleteတို့တော့ ဒီနေ့ ပျော်နေတယ်.. အကြောင်းစုံသိချင် ဖုန်းဆက်ပါ
ReplyDeleteပွင့်