12/21/2008
ဖက်ထုပ်
မနက်က ဆန်ပြုပ်နဲ့ နှစ်ပါးသွားလိုက်ရပါတယ်။။
ညနေ ချန်းချန်းပြန်ရောက်ရင် ဖက်ထုပ်လုပ်ကျွေးမယ် စိတ်ကူးပြီး
ပြင်ဆင်ထားပါတယ်။။ မနက်က ဆေးခန်းသွားပြီး ဆေးထိုးလိုက်တော့
တော်တော်သက်သာလာပါတယ်။။
ပါးစပ်ပျက်နေတော့ ချဉ်ချဉ်စပ်စပ်လေး စားချင်နေတယ်။။
မစားရဲဘူး။ ဖက်ထုပ်တို့စားတဲ့အချဉ်ရည်ထဲမှာလဲ ငြုပ်သီး
ပါလေကာပဲထည့်ရဲတယ်။။ မုန်ညှင်းချဉ် နောက်ဆုံးလက်ကျန်လေးနဲ့
တွဲစားလိုက်တော့ အာသာပြေသွားပါတယ်။။
10 comments:
  1. ပေါက်ရေ နေမကောင်းဘူးလား။
    ဆေးထိုးလိုက်တာ ကောင်းတယ်။
    ဖက်ထုပ်လေးစားချင်တယ်။
    နေမကောင်းရင် အချဉ်မစားနဲ့အုံးနော်။
    ReplyDelete
  2. ပေါက် ဖက်ထုပ်လေးက စားချင်စရာလေး.. နေကောင်းအောင် နေနော်.. ပင်ပန်းမှာပေါ့.. အားရှိမယ့် အစာတွေ များများစားပေါ့..။
    ReplyDelete
  3. ပေါက်ရေ နေကောင်းအောင်နေပါ။
    ဖက်ထုပ်လေးစားသွားတယ်။
    ReplyDelete
  4. ဆေးတောင်ထိုးရတယ်လား မကြီးပေါက်စ်ရေ..။
    မတည့်တာတွေသိပ်စားမနေနဲ့ဦး။ အားရှိမယ့်ဟာ များများစား၊ ရေများများသောက်၊ စောစောအိပ်း)
    ဖက်ထုပ်တွေကများကြီးပဲဆိုတော့
    ၂ ထုပ်လောက်ပဲမသွားတယ်။
    ReplyDelete
  5. ပေါက်ရေ.. ဖက်ထုပ်မြင်ရတာ စားချင်စရာ.. ပေါက်ရဲ့တို့စားတဲ့ အချဉ်ရည်က တမျိုးလေးနော်.. ဘယ်လိုလေး လုပ်ထားလဲဆိုတာ နေကောင်းရင် ပြောပြနော်.. :)
    နေပြန်ကောင်းခါစဆိုတော့ မပေါ့နဲ့နော်... ဆေးထိုးလိုက်ရတော့ ဆေးအရှိန်နဲ့ လူက နုံးနေမှာ... ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းအနားယူပါ ပေါက်ရေ... ချန်းချန်းပြောစကားလည်းနားထောင်ပါ.. :)
    ReplyDelete
  6. ပေါက် မြန်မြန်နေကောင်းပါစေ။ မုန့်လေးမသွားတယ်
    ReplyDelete
  7. နောက်ခါ ကျ လုပ်ကျွေးအေ ပေါက်ကြီးရေ .. ဒါနဲ့ နေမကောင်းဘူး မဟုတ်လား ။ ဘယ် လို ဖြစ်တာလဲ မသိလိုက်ဘူးကွ ဖုန်း ဆက်တော့လဲ မကိုင်ဘူးလေ
    ReplyDelete
  8. မမပေါက်အမြန်နေကောင်းပါစေ ဖက်ထုပ်ဆီချက်စားချင်တယ်
    ReplyDelete
  9. နိနိ...လုပ်စားကြည့်နော်...ဂျုံပြားတော့
    အသင့်ဟာပဲ ၀ယ်ထုပ်ပါ...မမ
    မသိဂီ င်္ ကြုံရင်လုပ်ကျွေးမယ်..
    စန်ဒါလင်း...ညည်းကိုမတွေ့တာအတော်ကြာ..
    အန်ကြီးး
    ကျေးဇူး...၁၀ထုပ်လောက်မှလောက်မှာပေါ့
    နုရေ...
    အချဉ်က...ကိုယ်ထင်ရာစပ်တဲ့အချဉ်..
    ကြက်သွန်ဖြူုနုတ်နုတ်စင်း ဂျင်းနုတ်စင်း
    ကြာညို့အငန်(အကြည်) ရှာလကာရည်
    သံပုရာ..နံနံပင် ငြုပ်သီးစိမ်း
    (ဒီတခါက ကြာညိုများသွားလို့မဲသွားတယ်
    ခစ်ခစ်..)
    မမ...
    ကဖြိုး...နင်ပြန်ရင် အိမ်မှာသွားစားပေါ့..
    ဖုန်းက ပိုက်ပိုက်တောင်နေပြီနဲ့တူတယ်..
    ထီပေါက်ရင် အိုင်ဖုန်း လဲမယ်အေ...
    မေမိုးလေးး...
    အဟီးး
    အခုနေကန်းသွားပြီ..
    ကျေးဇူးပါ..
    ReplyDelete
  10. ဖက်ထုပ်လေးက ကောင်းမယ့်ပုံပဲ။ လက်ရာရင်းအတိုင်း စားရရင် ကောင်းမှာ။ နေမကောင်းတဲ့သူကို မပူဆာတော့ပါဘူး။ ကိုယ့်ဖာသာပဲ လက်တည့်စမ်းတော့မယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ ညီမလေး။ အမြန်ဆုံး နေကောင်းပါစေ။
    ReplyDelete