12/18/2008

စိတ်ထဲရှိတာ....


ဆရာမ မေငြိမ်းရဲ့ ““ထွက်ပြေးတဲ့အခါ ”” ကို ရင်ဘတ်နဲ့ခံစားပြီး
ဖတ်ခဲ့ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါတယ်။။
ဆရာမအဖြစ်နဲ့ တစ်ထပ်တည်း မကျပေမယ့် တစ်ချို့သောအရာတွေက
တူပါတယ်။။ ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ သနားစရာသတ္တ၀ါအဖြစ်
မခံယူခဲ့ဖူးပါဘူး ။။ ကြုံဆုံရတဲ့ အဖြစ်ကို မသိလိုက် မသိဖာသာ လက်ခံရင်း
စိတ်ဓါတ်တွေ မာကျောလာခဲ့ပါတယ်။။

ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို အရင်က ဘယ်လိုဆက်ဆံခဲ့တာ။
အခုချိန်တွေမှာ ကိုယ့်အပေါ် ဘယ်လိုပြောင်းလဲလာတာ...စသဖြင့်
ကိုယ်ခံစားလို့ရပါတယ် ။။

အမှန်က ဆရာမမေငြိမ်းပြောသလို မြန်မာပြည်မှာမှ အမျိုးသမီးတွေကို
ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး ။။ ဒီနိုင်ငံမှာလဲ ခွဲခြားဆက်ဆံကြပါတယ်။။
အထူးသဖြင့် ဆရာမပြောတဲ့ အမျိုးသမီးမျိုးတွေကိုပေါ့။

ဘာတွေရေးနေမိမှန်း မသိတော့ဘူး..
သေချာတာကတော့ စိတ်ထဲရှိတာတွေပေါ့...
တင်းထားတဲ့ကြိုးတွေ ပျက်လုပြီထင်ပါရဲ့.........




11 comments:

  1. ပေါက်ရေ
    အဆင်ပြေရဲ့လား။
    အားတင်းထား ညီမလေး။ အမတွေ ရှိတယ်။ ရီဖော် ရီဖက်တွေ ရှိတယ်၊ ငိုဖော် ငိုဖက်တွေ ရှိတယ်။ ထုံဖော် ထုံဖက်တွေလဲ ရှိသေးတယ်နော်။

    ReplyDelete
  2. ပေါက်လေး..ဒီလောကကြီးမှာ လျှော့လိုက်ရင် မြုပ်သွားလိမ့်မယ်။ စိတ်ထဲ ရှိတာတွေ ဖွင့်ထုတ်လိုက်.. ပေါ့သွားရင် နေလို့ကောင်းသွားလိမ့်မယ်။ ချိုသင်းပြောသွားသလိုပဲ။ တို့လည်း ပေါက်ကို ချစ်တယ်။ စိတ်ချမ်းသာစေချင်တယ်။ မင်းလူရဲ့ ရယ်စရာမောစရာ မြန်မြန်ရှာပေးမယ်နော်..။

    ReplyDelete
  3. ပေါက်ထုံနှယ်.. အဲဒီဝတ္ထုရေးတဲ့ အစ်မတောင်
    အခု ပျော်ရွှင်နေပြီ။
    "ကိုယ်လက်ကို သန့်ရှင်းထား၊ စိတ်ဓါတ်ကို စုစည်းထား၊ ဒီနေ့သစ်ဟာ တို့ကို မျှော်လင့်ခြင်း အသစ်တွေ ပေးလာမယ်" :D
    (စိုင်းထီးဆိုင်..နေ့သစ်)

    ReplyDelete
  4. မဟုတ်သေးပါဘူး ပေါက်ရယ်။
    အခုတလော ဘာတွေကို ခံစားနေတာလဲ။
    ဘယ်အရာမှ မတည်မြဲဘူး။
    ကိုယ့်စိတ်ကိုယ်သာ အားရှိအောင်နေဖို့ အရေးကြီးတာ။
    နော် ပေါက်။
    နိနိရှိတယ် ငိုရင် တူတူငိုမယ်လေ။

    ReplyDelete
  5. ပေါက်လေး..
    ဘာတွေစိတ်ညစ်နေလဲ...
    အိမ်ကိုလွမ်းနေတာလား
    တူတူတွေပါဘဲ ပေါက်ရယ်
    စိတ်မညစ်ပါနဲ့ 

    ReplyDelete
  6. မချိုသင်းရေ...
    တင်းထားလွန်းလို့ ပြတ်လုပြီ..
    မသီဂီ င်္.ရေ.
    တဂိုးရဲ့ကဗျာလေးက...ခုချိန်မှာလိုအပ်ပါတယ်။။
    အစ်မတို့ကိုလည်း အစ်မရင်းတစ်ယောက်လို ချစ်ခင်မိတယ်...
    မွန်ရေ..
    ဆရာမရဲ့ ဘ၀ကို..မနေ့ညကမှသိတာ..
    မြသီလာ ၂၄..၂၅ သွားဖတ်လာမှလေ..
    နိနိရေ...
    ပေါက်လည်း ခုတလော ဘာတွေကြုံဆုံမှန်းမသိပါ
    မုန်တိုင်းပြီးရင်..လေပြေလာမယ်လို့တော့
    မျှော်လင့်နေတာပဲအေ....
    မသက်ဝေရေ....
    ပေါက် အခု အိမ်လွမ်းတာထက်ဆိုးနေတယ်...
    အဆိုးတွေနဲ့ အသားမကျသေးဘူး...
    ၆နှစ်လောက်မာနေတဲ့စိတ်ဓါတ်တွေနဲံ့ အသားကျနေပေမယ့်..
    ကျနော်မသိလိုက်ချိန်မှာ...
    အတွင်းမှာ လှိုက်စားလို့နေပြီ..
    အချိန်မှီ ပြင်ဆင်ဦးမှပဲ...
    အားလုံး..ကျေးဇူးပါနော်...

    ReplyDelete
  7. ပေါက်ကြီး မင်း မလျော့ တတ်ပါဘူး ။ ကေကြီးကို ချစ်ရင် ကေကြီးလို မာကျောရတယ် ကွနော့် . ရှေ့ က ပြသွားပြီဟာကို . နောက်က တို့ တွေ မာမာနေပြရမှာပေါ့ နော့် . တခုခု ဆို ငါ ပြောသလိုလုပ်လိုက်လေ . ဟိဟိ

    ReplyDelete
  8. ထုံပေါက်...
    ဘာတွေညစ်နေလဲ...
    စိတ်တော့မလျှော့ပါနဲ့  လောကကြီးက အမျိုးမျိုးစမ်းတတ်တယ်...
    ကမ္ဘာ့မြေပုံပေါ်မှာ ကိုယ့်ဓါတ်ပုံလေးတင်ပြီး စိုက်ကြည့်ပါ...
    မမြင်ရတဲ့အားတွေ ထွက်လာမယ်..။
    အဆင်ပြေပါစေ

    ReplyDelete
  9. မကြီးပေါက်စ်ရေ.. အိမ်ချင်းသာနီးရင် ကိုယ်တိုင်လာအားပေးပါတယ်။ ဒီကပဲတတ်နိုင်လို့ပါ။ မမိုးချိုပြောသလို သားတို့ရှိပါတယ်။ တူတူစနောက် ရီမောကြခဲ့သေးတာပဲ မကြီးငိုရင်ဝိုင်းငိုမှာပေါ့။ အားတင်းထားနော် ကျားယုန်! (ဆင်၊ မြင်း) :P

    ReplyDelete
  10. ကဖြိုး..ကိုသစ်နက်..အန်ကြီး
    ကျေးဇူးပါ..
    ကမ္ဘာ့မြေပုံရှာမတွေ့သေးဘူး..ဟီးဟိ

    ReplyDelete
  11. ပေါက်စ် အားတင်းပါ သူငယ်ချင်း မငိုနဲ့ ။ အဆင်မပြောတာတွေ တူတူ ကျော်ဖြတ်ကြမယ်လေ။ သူငယ်ချင်းတွေရှိတယ်လေ။

    ReplyDelete