ကြာဇံ နဲ့ ကြက်ဥ

ကာဇံသုတ်လုပ်စားဖြစ်ပါတယ်..။
ဇလုံကြီးထဲထည့်သုတ်ပြီး...ပန်းကန်ပြားထဲထည့်ပြီး ထိုင်စားလိုက်တာ ရိုက်ဖို့မေ့သွားတယ်။
(ငတ်ထှာနော်)





အော်စွန်းကို အပေါ်ယံ အခွံထူထူတွေခွာရပါမယ်..။
ပြီးရင် ဓါးနဲ့ပါးပါးစိတ် နောက် သေးသေးပြန်စိတ်ရပါတယ်..။
စိတ်ပြီးသား အော်စွန်းကို ရေနဲ့စိမ်ထားပြီး ရေစစ်ထားပါ..။

ခါကျက်ဥကိုလဲ ထို့အတူပါပဲ..။
ပါးပါးနဲ့ သေးသေးစိတ်ဖို့လိုပါတယ်..။
ခြစ်နဲ့ ခြစ်လို့ရပေမဲ့ လက်နဲ့စိတ်ထားတဲ့အရသာက ပိုကောင်းပါတယ်။
(ထင်တာပြောတာပဲလေ..ဟိ)





ကြာဇံကို ရေစိမ်ပြီး ပြုပ်ထား ရေစစ်ထားပါ..။(ဆားထည့်ပြုပ်ပါ)
မပါမဖြစ် နံနံပင်ကို ရေဆေးပြီး စစ်ထားပေးပါ.။
အားလုံးအသင့်ဖြစ်ရင် သုတ်လို့ရပါပြီ..။
အဆာပလာရှိဖို့တော့လိုမယ်နော်...။
ရှာလကာရည်..
ကြာညို့အငံ.(အကြည်)...နှမ်းစေ့ကိုထောင်ြး့ပီးဆီပူလောင်းထားတဲ့နှမ်းဆီ..
ငရုတ်သီးမှုန့်ကိုဆီပူလောင်းထားပါ....ဆန်ခေါက်ဆွဲမှာထည့်စားတဲ့ ကြက်သားဟင်း(သို့)
အမဲသားဟင်း..။
အချဉ်ကို ၇ှာလကာရည်တဝက် သံပုရာသီးတဝက်ရောပြီးသုတ်ရင်လည်း စားကောင်းပါတယ်။
သကြားနဲနဲထည့်ပါ..။
(ကြာဇံသုတ်ကို အမဲသားဟင်းမပါပဲလည်းသုတ်ပါတယ်..။
ပို့စ်တင်ဖူးပါတယ်....ရှာပျင်းလို့ပါ..။
ရှာတွေ့ရင် ထပ်တင်ပေးထားပါ့မယ်..။)










ဒီတခါဝယ်လာတဲ့ အော်စွန်းက ပိန်တာရိုးလေး..။




ဒီကော်ဖီနဲ့ အသုတ်ကတော့ ပြီးခဲ့တဲ့ ဆန်းဒေးပိတ်ရက်တုန်းက လုပ်စားတာပါ..။
နေ့လည်စာ ဖြစ်သလို လုပ်စားဖြစ်ပါတယ်..။
ကြက်ဥ ၃လုံးပြုပ်..စိတ်..။
ပုဇွန်ခြောက်ရေစိမ်..။
ကြက်သွန်နီပါးပါးလှီး..။
ငရုတ်သီးစိမ်းထည့်..သံပုရာသီးညှစ်..ငံပြာရည်ထည့်..ဆီစိမ်းထည့်..
မပါမဖြစ် နံနံပင်ထည့်သုတ်ထားပါတယ်..။
ပဲပုပ်ချက်လိုက်သေးတယ်..တင်ဖူးလို့ မရိုက်ထားတော့ဘူး.။
ငရုတ်သီးက စပ်လွန်းလို့ ကော်ဖီတခွက်ပြီး တခွက် သောက်နေရပါတယ်.။
အရည်သောက်ကတော့ ကော်ဖီပေါ့..ဟီးးဟီးး။

I Love Rock 'n Roll

သီချင်းခွေတွေ ကိုယ်ပိုင်ဝယ်တတ်ခါစက ဒီသီချင်းပါတဲ့ greatest hits
အခွေပိုင်ဆိုင်ခဲ့ဖူးပါတယ်..။
မှတ်မှတ်ယယ Mr Big သီချင်းပါတယ်..။
The Eagles ရဲ့Hotel Califonia သီချင်းပါတယ်..။
ဒါလောက်ပဲ မှတ်မိတော့တယ်..။
ကိုယ့်အနေနဲ့ဆို ခုချိန်ထိ အဲသည်အခွေတွေကို သိမ်းဆည်းထားမိမှာပါပဲ..။
ဘဝကမှ မရေရာခဲ့တာ..။
အိမ်မြဲအောင် မနေခဲ့ရတော့ ကိုယ်ချစ်တဲ့ အခွေတွေလည်း ဘယ်ရောက်လို့
ဘယ်ပေါက်နေမယ်မှန်း မသိတော့..။

I love Rock 'n Roll


women rocker ကြီးပေါ့..။
သဘောကျတယ်..။
(အကျီအဝတ်အစားက အစလို့ မဆိုလိုပါ..။)





ထမင်းဝါ


ဟိုတရက်က ဝယ်လာတဲ့ ဂျူးမြစ်ရှိကတည်းက ထမင်းဝါလုပ်စားလိုစိတ်ပေါ်လာပါတယ်..။

ဒီညတော့ မဖြစ်မနေချက်မှ ဖြစ်မယ်တွေးမိပြီး ချက်ဖြစ်ပါတယ်..။

ပြောခဲ့ဖူးတဲ့အတိုင်း..ပဲပုပ်ချက်တွေနဲ့စားရတဲ့ ရှမ်းထမင်းချဉ်နဲ့မတူဘူး။

တောင်ပိုင်းရှမ်းပြည်ကလို ငါးထမင်းနယ် မဟုတ်ဖူး။


ထမင်းအိုးထဲမှာ ဆားနဲ့ နနွင်းထည့်ချက်ပါတယ်.။
စေးတဲ့ဆန်ဆို ပိုကောင်းမယ်။


ချက်ပြီးသားထမင်းပါ..။


(အရင်က တင်ဖူးတဲ့ ကြက်သွန်ကြော်ကို
ပြန်တင်ပေးလိုက်ပါတယ်..။ဒီထဲက ဆီချည်းခပ်ယူပြီး အသုံးပြုပါတယ်)

ထမင်းထဲကို ကြက်သွန်ဖြူကြော်ပြီးဆီစိမ်ထားတဲ့အထဲက ဆီကိုထည့်ပြီးမွှေပေးရပါမယ်။
ဆုံရှိရင် ဆုံနဲ့ထောင်း။ မရှိရင် ဘရင်ဒါထဲမှာ မွှေလို့ရပါတယ်..။
ခပ်စေးစေးဖြစ်လာရင်..

အခုလို အပူခံအိတ်ထဲထည့်ပြီး ဒလိမ့်တုံးနဲ့အပြားလေးဖြစ်အောင်လိမ့်ရပါမယ်..။
ထမင်းဝါပြားရပြီဆိုရင် ကတ်ကျေးနဲ့ကိုက်ပြီး ပန်းကန်ထဲပြင်ဆင်ထားပါ..။
ဆိုင်မှာရောင်းသူဆိုရင် ကတ်ကျေးနဲ့ညှပ်ပြီးသားထမင်းဝါပြားတွေကို
ဗန်းတစ်ခုထဲ ပတ်ပတ်လည်စီထားပါတယ်..။


ကျနော်လုပ်တာ သိပ်မကြေလို့ ထမင်းစေ့အတိုင်းတွေ့နေရသေးတယ်.။
ဒီထက်ကြေညက်နိုင်ရင် ပိုကောင်းပါလိမ့်မယ်..။(စားချင်ဇောနဲ့ဆိုတော့ ကမန်းကတမ်းဖြစ်သလို)



ခရမ်းချဉ်ကို အလုံးလိုက်ပြုပ်ပြီး အခွံခွာပြီး ဆီနဲနဲနဲ့ကြေအောင်ချက်ထားတာကို အပေါ်ကလောင်း။
ကြက်သွန်ဖြူကြော်....ကြာညို့အငန်(အကြည်) ...နံနံပင်...ငရုတ်သီး ထည့်ပြီး..
သုံးဆောင်နိုင်ပါပြီ..။
ဂျူးမြစ်ပါ တွဲဖက်နိုင်ပါတယ်..။
နောက် ငရုတ်သီးအခြောက် အတောင့်လိုက်တူးတူးလေးကြော်ထားတာပါ တွဲစားရင်
ပိုပြည့်စုံပါတယ်..။

ဒီမှာ ..မေမြို့က ထမင်းဝါ..။ ပါးပါးလေး..။ စားချင်စရာလေး..
ကျနော်လုပ်ထားတာနဲ့ တခြားစီ...။
နောက်တခါပေါ့နော်..။







ဟောဒီက ဟင်းရွက်စုံ


အရင်က သွားနေကျ မြို့လေးဆီရောက်ဖြစ်တယ်..။
ဟင်းရွက်တွေကတော့ တွေ့တဲ့အတိုင်းး..။
ဒီနေ့ အဲဒီဈေးရောက်သွားတာ နေ့လည်၁နာရီကျော်မှဆိုတော့ ဈေးဆိုင်သိမ်းကုန်ပြီ။
(မနက်ခင်းဈေးမို့..မနက်၈နာရီ ..၉နာရီလောက်ဆို စုံသေးတယ်ပြောတာပဲ)
ကျန်နေသေးတယ်..၂ဆိုင်ဆီကပဲ ဝယ်ဖြစ်တယ်..။

ပူစီနံ...ပန်းမုံလာ..ကြက်သွန်မြိတ် ..နံနံပင် ၂မျိုး အပေါ်အမွှေးဖွားဖွားနဲ့က ကျနော့တို့အိမ်အခေါ်
ရှမ်းနံနံ..ဘေးက အရွက်ဝိုင်းလေးက အများသိတဲ့ ရိုးရိုးနံနံ..။ သူ့ဘေးကတော့ တကယ့်ရှမ်းနံနံ
ဘေးက..အဝါရောင်က ရှောက်သီး ..။
ရှောက်သီးကို ဝယ်မလားလို့ ကိုင်ကြည့်သေးတယ်..။
မသုတ်တတ်တာနဲ့ ပြန်ချထားလိုက်တယ်..။

ဂျူးမြစ်တွေ့တော့ အမျိုးတွေ့သလို အော်ဟစ်နေတာပဲ..။
ဒီတအိတ်မဝယ်ပါဘူး..အိတ်တစ်ဝက်ဝယ်ခဲ့တယ်..။
ထမင်းဝါ လုပ်စားမလို့..။
(ထမင်းချဉ် မဟုတ်..။ ရှမ်းထမင်းချဉ်လဲ မဟုတ်..။ ငါးထမင်းနယ်လဲ မဟုတ်တဲ့ ထမင်းဝါ)
ပဲပုပ်မပါ..။


ဒီအဖွားဆိုင်က ဘယ်ဖက်ထောင့်မှာ ရှိနေတဲ့ ထမင်းဝါ ၃ဘူးလုံးဝယ်လိုက်တယ်..။
စားဖို့မဟုတ်..။ လက်ဆောင်ပေးစရာလို့ပါ..။






တိုဟူးခြောက်..။
အိမ်က အိမ်လုပ်တိုဟူးခြောက်ကို လွမ်းသွားတယ်..။
ပိုထူတယ်..။ ပိုအရသာရှိတယ်...။
မဝယ်ခဲ့ပါဘူး..။ အထုတ်ကြီးတော့ တခြားမြို့ သွားဦးမှာမို့ အလုပ်ရှုပ်မှာစိုးလို့..။

ခေါပုပ်တွေ့ခဲ့တယ်..။
စားချင်စိတ်မရှိတော့ မဝယ်ခဲ့ဘူး။
ဆူးပုပ်ချိန်မဟုတ်တော့ မတွေ့ဘူး..။

Good Man





Good man,

I’m a good man,

food’s on the table, working two jobs,

Waiting willing the neighbors check your name

I’m having fun, got no kids and I love the Lord, check your name

I’m a … never did time but maybe just once, check your name

And I puts it down, wanna see it twice, brother puts it down,( check )

How could you ever walk away,

after all I’ve done for you

I feel like there’s a knife in my back, babe

You might as well pull it all the way through.....





Youtubeမှာ သီချင်းနားထောင်ရင်း Raphael Saadiq သီချင်းအသစ်တွေ့တာနဲ့ နားထောင်ဖြစ်တယ်။
အိုးလ်စကူးလ်သီချင်းကောင်း..။(ကျနော့်အကြိုက်ကိုပြောတာပါ..လူတိုင်းအတွက် ဟုတ်ချင်မှ ဟုတ်မယ်)
Raphael Saadiqကို ဟိုးးတလောကမှ စနားထောင်ဖူးပါတယ်..။
နားထောင်ပြီးကတည်းက သူ့ရဲ့ old school ဆန်ဆန် သီဆိုတာကို...
သဘောကျပါတယ်..။



Love that girl..


ဒီသီချင်းကြောင့် သူ့ကို စတင် နားထောင်ဖူးခဲ့ပါတယ်။
နားထောင်ရင်း....သူ့သံစဉ်ထဲမှာ စီးမျောလို့ သွား..။



မှတ်ချက် ။ ။ ဂီတကို သိပ်နားမလည်ပါဘူး..။
သီချင်းတွေကို နှစ်သက်တယ်..။
သီချင်းတွေ နားထောင်လေ့ရှိတယ်..။




နှင်းဆီပန်း...

Happy Valentine's day!!
နှင်းဆီပန်းလက်ဆောင်..။
တစ်စုံတစ်ယောက်က လာပေးသွားတယ်.။


အားလုံး ပျော်ရွှင်နိုင်ကြပါစေ.။





မှတ်ချက် ။ ။ ပေးတဲ့သူက ညီမဝမ်းကွဲဆိုတာ သတ်ချင်သတ်..
ဘယ်တော့မှ မပြောဘူး..။

ပဲပုပ်ချက်


ဒီနေ့ မိုးအေးတယ်...။
ဟော့ပေါ့စားသင့်တဲ့နေ့မျိုး..။
ဒါပေမယ့်...
အိမ်ကပို့လိုက်တဲ့ ရှမ်းပဲပုပ်ကင်ထောင်းပြီးသားတွေရှိနေတယ်.။
ခရမ်းချဉ်သီးရှိတယ်..။ပဲပုပ်ချက်စားရင်ကောင်းမယ် တွေးမိပြီး..
ချက်ဖြစ်ပါတယ်..။
အိုးချခါနီး နံနံပင်နဲ့ ငရုတ်သီးစိမ်းအုပ်လိုက်တယ်.။
တခန်းလုံး ကြိုင်လှိုင်နေတာပဲ..။



အတို့အဖြစ် ဒီအရွက်လေးကို တို့စားမိပါတယ်..။
ရှမ်းပြည်အမှတ်တရပေါ့..။(山筒蒿)
အမှန်က ဟော့ပေါ့လုပ်စားရင် ထည့်ချက်စားဖို့ရာ..။
ဟိုးး..ပန်းကန်က ဘဲသားကင်တဲ့..။(အသိတယောက်လာပေးထားတာ)
အကင်နဲ့မတူပဲ..ဘဲသားပေါင်းထားသလိုမျိုး..။



မိုးအေးတော့ ဟင်းရည်သောက်ချင်နေတယ်.။
အိမ်မှာ မုန်ညှင်းဖြူလေးတွေနဲ့ ဟော့ပေါ့မှာသုံးတဲ့ တိုဟူးဖြူခြောက်လေးတွေ
ရှိနေတော့..မုန်ညှင်းဖြူဟင်းရည် ချက်ဖြစ်တယ်..။
အိုးထဲ ကြက်သွန်ဖြူတဥဓါးနဲ့ရိုက်ပြီးပစ်ထည့်တယ်။
ရေထည့်တယ်....။ဆူတော့ မုန်ညှင်းဖြူထည့် တိုဟူးဖြူခြောက်
ထည့်..ဆားထည့်..။(ဟင်းချိုမှုန့်ကြိုက်သူ ထည့်ပါ။)
သုံးဆောင်နိုင်ပါပြီ ရှန်..။

ပဲပုပ်ကိုမီးကင်ပြီး အအေးခံပြီးထောင်းပြီးသားပါ.။
(ကျေးဇူးတင်ပါတယ် မွေးသမိခင်..)

ပဲပုပ်အချပ်လိုက်လေးတွေ မရှိလို့ ဒါကိုပဲ ရိုက်ပြလိုက်ပါတယ်။

အရင်လို အချိန်အားတွေ သိပ်မရှိတော့ ဟင်းချက်ပြီး သိပ်မတင်နိုင်တော့ဘူး။
ပျင်းနေတာလဲ ပါမယ်..။
သိပ်မချက်ချင်တာလဲ ဖြစ်မယ်..။
အို..နောက်ဆုံးတော့..
ငပျင်းတစ်ယောက် ဖြစ်နေပါတယ်..။