2/16/2012
ကျောက်စိမ်းသီး
တနေ့က အမေလူကြုံပါးလိုက်တဲ့ ကမ်းပါး(အမဲသားနှင်းခြောက်)ရောက်လာတယ်..။
ဈေးထဲ ကျောက်စိမ်းသီးသွားရှာတော့ မတွေ့ခဲ့ဘူး.။
တရုတ်ပဲသီးကြီးတွေတော့ ရှိတယ်..။
ထမင်းဟင်းချက်ဖို့ စိတ်ဆန္ဒသိပ်မရှိတော့ မဝယ်ခဲ့..။
လူတွေစကားပြောတာ ထိုင်ကြည့်နေတယ်..။
ပျင်းရိရိဖြစ်နေတယ်..။
အသိမိတ်ဆွေတွေ ကိုယ့်ကိုစကားပြောဖို့ကြိုးစားတယ်။
ကိုယ့်ပုံစံငေါင်စင်းစင်းဖြစ်နေတယ်..။
အဝတ်သေတ္တာတစ်လုံး အရာမယွင်းသေး။
စိတ်တွေလဲ မပြောင်းလဲနိုင်သေး..။
ခံစားချက်တွေလဲ အနောက်မှာ ကျန်နေတုန်းပဲ..။
ကိုယ့်ကိုယ်ကိုရောင့်ရဲနိုင်တယ် ထင်နေရင်းအလိုမကျဖြစ်တယ်.။
ခရီးတထောက်နားခဲ့တယ်.။
ပြေးလမ်းပေါ်မရောက်နိုင်သေး.။
ကျနော် ပျော်ပါတယ်..။
ကျနော် ပျော်မှာပါ..။
ကျနော် ပျော်ပါစေ...။
မှတ်ချက် ။ ။ တကယ်တော့ ကျောက်စိမ်းသီးရှာမတွေ့လို့ ဖြစ်လာတဲ့
ကယောင်ကတမ်း အတွေးတွေပါ..။
အလကား...အလကားပေါ့..။
ကျောက်စိမ်းသီး = ပဲသီး တစ်မျိုး
Paukkkkkkkkkkkkkkk!
ReplyDeleteWhat kind of peais kyauk sein thee ?
Gyidaw
အမဲသားနှင်းခြောက် ဆိုတာကရော.. နှင်းထဲ ခြောက်ထားတာ ပြောတာလား
ReplyDeleteအိတ်စ်ယောင်းစ်
p.s. စိတ်မညစ်ပါနဲ့ကွယ်
ဟိုဟို ဒီဒီ လျှောက်ရင်းနဲ့ ရောက်လာပါတယ်..
ReplyDeleteပျော်ရွှင်ပါစေ ရည်ရွယ်ရင်း~~~
ReplyDelete(သီချင်းနာမည်မေ့)
နာမည်နဲ့ အသီး မတွဲမိသေးဘူး။
ReplyDelete၁= ဆောင်းမှာထွက်တဲ့အစိမ်းရောင်ပဲလုံးလေးတွေပါ
ReplyDelete(မေမြို့မှာ)
၂= ဟုတ်တယ်..နှင်းရိုက်ခံနေလောင်ခံထားတဲ့
ဆားငန်ငန်အမဲသားခြောက်တမျိုး။။
ပဲကတောင်စားချင်တယ်ပြောနေတာ ဟိုနေ့က..။
အခုကံကောင်းတော့ အမေကလူကြုံပါးလိုက်တယ်..။
၃=ကြိုဆိုပါတယ် သိင်္ဂါကျော်..။
အရေးမပါတဲ့ပို့စ်တွေပဲရှိတော့ အားနာပါတယ်..။
၎= ဘာပဲဖြစ်ဖြစ် သီချင်းဆိုပြီးတာပါပဲ..။
၅=ပဲသီးအလုံးလေးတွေလေ..။
I'm xooooo missing ကမ်းပါး.:lol
ReplyDeleteI didn't get a chance to eat ကမ်းပါး more than 7 years.
I'm xooooo missing ကမ်းပါး.:lol
ReplyDeleteI didn't get a chance to eat ကမ်းပါး more than 7 years.