2/29/2012

dedication to my ex

 Dedication to my ex - Lloyd  ft.  Andre 3000



2:26

2/27/2012

Friend



Come,
as you are.
As you were.
As I want you to be.
As a friend.
As a friend.
As an old enemy.
Take your time.
Hurry up.
The choice is yours.
Don't be late.
Take a rest.
As a friend.
As a old memory,
memory,
memory,
memory.......

And I swear that I don't have a gun.
No I don't have a gun.
No I don't have a gun.
No I don't have a gun.
No I don't have a gun.
memory,
memory...

တချို့တွေ ယောင်နန မဖြစ်စေရအောင်..


.
.
.
.

2/18/2012

ခရီးထွက်ချင်တယ်

ခခအတွက်ဝယ်လာပေးတဲ့ Diary of a Wimpy Kid ရဲ့ Dog Day ကို
ခခနဲ့လုပြီး ဖတ်နေတယ်..။
ရယ်ရတယ်..။
စိတ်ညစ်မနေပါဘူး.။
ဒါပေမဲ့ ပျော်အောင် ကြိုးစားနေရတယ်..။
ရာသီဥတုက ဒုက္ခပေးတယ်..။
မိုးအုံ့နေ့တွေများတယ်...။
စိတ်မပါပဲ ပြုံးရတယ်..။
စိတ်မပါပဲ ဝမ်းနည်းပေးရတယ်..။
စိတ်မပါပဲ ပျော်ချင်ယောင်ဆောင်ရတယ်..။
စိတ်မပါပဲ စကားတွေပြောနေရတယ်..။
စိတ်မပါပဲ..အံ့သြချင်ယောင်ဆောင်ရတယ်..။
စိတ်မပါပဲ ပြောသမျှနားထောင်ပေးနေရတယ်..။
စိတ်မပါပဲ .........
........................
.....
..............
စိတ်မပါပဲ ညမနက်စာ ချက်နေရတယ်..။

အတွေးတွေ သိပ်တွေးတယ် စွပ်စွဲခံရတယ်..။
ထားပါ..။
သိပ်တွေးတယ်ပဲ ဆိုပါစို့..။
ကိုယ့်အတွေးတွေကပဲ ကိုယ့်ကို ဒုက္ခပေးတယ်ပဲ
ထားပါ..။
ခရီးထွက်ချင်နေတယ်..။
မှုန်မှိုင်းမှိုင်းနေရာတွေဆီ...........
............
................

2/16/2012

ကျောက်စိမ်းသီး


တနေ့က အမေလူကြုံပါးလိုက်တဲ့ ကမ်းပါး(အမဲသားနှင်းခြောက်)ရောက်လာတယ်..။
ဈေးထဲ ကျောက်စိမ်းသီးသွားရှာတော့ မတွေ့ခဲ့ဘူး.။
တရုတ်ပဲသီးကြီးတွေတော့ ရှိတယ်..။
ထမင်းဟင်းချက်ဖို့ စိတ်ဆန္ဒသိပ်မရှိတော့ မဝယ်ခဲ့..။

လူတွေစကားပြောတာ ထိုင်ကြည့်နေတယ်..။
ပျင်းရိရိဖြစ်နေတယ်..။
အသိမိတ်ဆွေတွေ ကိုယ့်ကိုစကားပြောဖို့ကြိုးစားတယ်။
ကိုယ့်ပုံစံငေါင်စင်းစင်းဖြစ်နေတယ်..။

အဝတ်သေတ္တာတစ်လုံး အရာမယွင်းသေး။
စိတ်တွေလဲ မပြောင်းလဲနိုင်သေး..။
ခံစားချက်တွေလဲ အနောက်မှာ ကျန်နေတုန်းပဲ..။


ကိုယ့်ကိုယ်ကိုရောင့်ရဲနိုင်တယ် ထင်နေရင်းအလိုမကျဖြစ်တယ်.။
ခရီးတထောက်နားခဲ့တယ်.။
ပြေးလမ်းပေါ်မရောက်နိုင်သေး.။


 ကျနော် ပျော်ပါတယ်..။
ကျနော် ပျော်မှာပါ..။
ကျနော် ပျော်ပါစေ...။

မှတ်ချက် ။ ။ တကယ်တော့ ကျောက်စိမ်းသီးရှာမတွေ့လို့ ဖြစ်လာတဲ့ 
ကယောင်ကတမ်း အတွေးတွေပါ..။
အလကား...အလကားပေါ့..။

ကျောက်စိမ်းသီး = ပဲသီး တစ်မျိုး

hip hop is dead

hip hop just died this mornin'
and she's dead, she's dead




သတိပြုရန်...

When I say 'hip-hop is dead',
 basically America is dead.
There is no political voice.
Music is dead.

By - Nas

2/15/2012

The Fear

 I want to be rich and I want lots of money...
I don't care about clever I don't care about funny
I want loads of clothes and fuckloads of diamonds
I heard people die while they are trying to find them





Now I'm not a saint but I'm not a sinner
Now everything is cool as long as I'm getting thinner

one day

 ရုပ်ရှင်ကြည့်လေ့ သိပ်မရှိဘူး.။
ဒီတခေါက်တော့ ခရီးသွားရင်း ရုပ်ရှင်တကားကြည့်ခဲ့တယ်..။
ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျဖြစ်ခဲ့တယ်..။
ပုံပြောကောင်းသူ မဟုတ်တဲ့အတွက် မပြောတော့ပါဘူး.။
ကွကို ရှာကြံကြည့်ကြပါ...။
ထွေလာလေးတော့ တင်ပါ့မယ်..။




''I love you , just i don't like you anymore...''
 Anne Hathaway ကိုကြိုက်သွားတယ်..။

 တခါကတော့ နောက်ခံသီချင်းကြိုက်လို့တင်ဖူးသေးတယ်..။

မှတ်ချက် ။ ။ ခရီးက အပြန်မှာလဲ ရုပ်ရှင်၂ကားကြည့်ခဲ့တယ်..။
တကားကိုကြိုက်တယ်..။ မျက်ရည်ကျရပြန်တယ်..။
 

2/10/2012

ဆုံးရှုံးခြင်း

ဘဝဆိုတာ ရုန်းကန်ရမယ်..။
အင်းလေ....
ဟုတ်မှာပဲ...။
တိမ်တွေပိတ်နေတာကို ကြည့်ရင်း အလုပ်တွေနဲ့ မျက်နှာချင်းဆိုင်ရမှာကို
ဝန်လေးနေတယ်...။
ဒီလိုပဲ တွေးချင်ရာ တွေးနေခွင့်လေး မရှိတော့ပြန်ဘူး.။
စိတ်ပူပန်စရာတွေနဲ့ မွန်းကြပ်တဲ့ ဘဝထဲ သွားရပြန်အုန်းမယ်..။
ရာသီဥတုဆိုးဝါးတဲ့ ဒဏ်ကြောင့် ခပ်ပြင်းပြင်းလှုပ်ခတ်သွားတဲ့ခုံပေါ်မှာထိုင်နေရင်း
မနက်ဖန်များစွာရဲ့ မသေချာခြင်းတွေကို တွေးနေမိတယ်..။
စိုးရိမ်ပူပန်မှုတွေကြောင့် စားမဝင်တော့..။
သိပ်နှစ်သက်တဲ့ကော်ဖီကိုလဲ ထိုင်ကြည့်နေမိတယ်..။
ကျောပိုးအိတ်ထဲပါလာတဲ့ ဂျာနယ်ကျော်မမလေးရဲ့ဘဝပုံရိပ်ကိုလဲ မဖတ်ရဲ..။
တကယ်တော့...............
ကျနော်ဟာ ....
သတ္တိသိပ်ကြောင်သူတစ်ဦးသာ...။

2/06/2012

come away with me....

အိမ်နဲ့ဝေးရာမှာ ရောက်နေတယ်..။
သီချင်းတွေနဲ့ ဝေးရာမှာ ရောက်နေတယ်..။
ချစ်သူတွေရဲ့ အနီးမှာရောက်နေတယ်ဆိုပေမဲ့ ...
ဒီည အမှတ်မထင်နားထောင်မိတဲ့သီချင်းက လွမ်းစရာ........