9/18/2011

နံနံပင်+ ချဉ်ပေါင်ဟင်းရည်

 ပိတ်ရက် အပြင်မသွားဖြစ်လို့ ဟင်းချက်ဖြစ်ပါတယ်..။
ပျင်းပျင်းရိရိနဲ့ပေါ့..။
ဒီတခါ ပုဇွန်ကို အချိုကြော်ပါမယ်..။

 ပုဇွန်ဝယ်ထားတာကို ခြေထောက်ဖြတ် နုတ်ခမ်းမွှေးဖြတ်ပြီး ရေဆေးပါတယ်..။


 ကြက်သွန်နီ ငရုတ်ချို နီဝါကို ဖြစ်သလို လှီးဖြတ်ထားပါတယ်..။


 ခရုဆီနဲ့ ကြာညိုအငန်ထည့်ပါတယ်..။
ကြက်သွန်မြိတ်မမေ့ပါနဲ့..။
ဂျင်းအရင်ကြော်ပါ..။

 အရွက်တစ်စည်းရှိလို့ ကြော်ဖြစ်တယ်..။
ကြက်သွန်ဖြူနဲ့ ဆီ..ဆားပဲ ပါတယ်..။

 ဒုတိယအကြိမ်မြှောက်  ချဉ်ပေါင်ဟင်းရည်ချက်ပါတယ်..။
ဆရာမ တစ်ယောက် သင်ပေးလို့ ချက်တတ်ပါတယ်..။
မျှစ်ထည့်ချက်ထားပါတယ်..။
ပိုချိုအောင် ကြော်မဲ့ပုဇွန်ထဲက အကောင်သေးနဲနဲ ထည့်ချက်ထားပါတယ်..။
ချခါနီး ငရုတ်သီးစိမ်းနဲ့ နံနံပင် အုပ်ပါတယ်..။


သူများပေးထားတဲ့ ဘာလချောင်ကြော်ပါ..။
ကျနော်ပိုစားဖြစ်တာကတော့ ချဉ်ပေါင်နဲ့ ဘာလချောင် ..အရွက်ကြော်ပါပဲ..။

18 comments:

  1. ကြိုက်တယ်ပေါက်... ခုမှထတာ ဟင်းကောင်းနဲ့တန်းတိုးတာပဲ

    ReplyDelete
  2. ကြိုက်လိုက်တာ ပေါက်ရာ။
    ခခရော များများစားလား။ အချဉ်ဟင်းမိုက်တယ်။
    ကြက်သွန်ဖြူ၊ ဆီ နဲ့ ဆားကြော်လည်း ကြိုက်တယ်။

    ReplyDelete
  3. စားချင်စဖွယ်ပဲ.. ချဉ်ပေါင်မပါ..
    N/A

    ReplyDelete
  4. I love the shrimp and the soup, which make me want to cook them in no time. Thanks!

    ReplyDelete
  5. နောက်တစ်ခ မိရွေ မိုးဖြစ်စေ။ ငရုတ်သီးအကြမ်ျးွှမှု့ ( ငပိရည်ထဲထည့်တဲ့အမှု့န် + ကြက်သွန်ဖြု+ ငရုတ်သီးစိမ်း+ ပုဖွန်ခြောက်နဲနဲ+ ငပိနဲနဲ+ ဆီနဲနဲ) နဲ့ ထောင်းစားရင်ကောင်းမှကောင်း........

    တို့ကတော့ပျင်းလို့ငံပြာရည်ဘဲဆမ်းစားလိုက်တယ်။

    ReplyDelete
  6. ထောင်းပြီးမှ ဆီနဲနဲ ဆမ်းရတာနော် ထုံ။ မဟုတ်ရင် ဆီတွေ နဲရောထောင်းနေဦးမယ် အဟိ။

    ReplyDelete
  7. ချဉ်ပေါင်ဟင်းကို နံနံပင်အုပ်တာ ဒီတခါပဲ တွေ့ဖူးတယ်... အမျိုးက လုပ်လိုက်မှဖြင့် အဆန်းတွေချည်းပဲ...း)))

    ReplyDelete
  8. ပုဇွန်အခွံ မသင်ရင်တော့ စားတဲ့အခါ အာစူးးးးးးးမှာကြောက်လို့ ချဉ်ရေသာလျှင် သောက်သွားပါကြောင်း

    ခင်မင်တဲ့
    seesein

    ReplyDelete
  9. ပုစွန်မှာ ခြေထောက်ရှိသလား :thinking:

    ReplyDelete
  10. ပုစွန်ကျားကြီးတွေ ကြိုက်တယ်
    ချဉ်ဟင်းထဲတိုင်းမွှေးအောင်ဆိုပီး နံနံပင်ထည့်တဲ့ မိခင်ကြီးကိုတောင် သတိယမိသေးတယ် အဲ့နံနံပင်စားမိလို့ ကတော့ ထမင်းစားရင်းစိတ်ကောက်ပီး ဆက်မစားပဲ အော်ဟစ်နေတဲ့ ကိုယ့်ဖာသာကိုယ်လည်း ပြန်သတိယတယ်
    ခုတော့ အာဂျီးမားကြီးနဲ့ ပေါင်းပီး နံနံပင်ကို နှာခေါင်းပိတ်ပီး စစားနေပီတော်ရေ့ 

    ReplyDelete
  11. ဟုတ်တယ်ပုဇွန်ဟင်းကောင်းမယ့်ပုံပါ။
    ဒါပေမယ့်ကျန်တဲ့သုံးမျိုးပိုကြိုက်တယ်။

    ReplyDelete
  12. မောင်ဝေးSeptember 19, 2011 at 2:01 PM

    နံနံပင် မပါရင်ပိုကောင်းမလားလို့ကွာ။

    ReplyDelete
  13. နောက်တခါ ပင်စိမ်းအုပ်ပြီးချက်ကြည့်ပါ.. ပိုစားကောင်းတယ်

    ပုံ/ဆရာမ

    ReplyDelete
  14. ရောက်သမျှဘလော့မှာအစားတွေမြင်သမျှလိုက်လုပ်ရတာ
    မသက်သာလှပါလား

    ReplyDelete
  15. ခခတို့ ပေါက်တို့ နေကောင်းကြရဲ့လား။
    mm

    ReplyDelete
  16. နံနံပင်နဲ့ ချဉ်ပေါင်ဟင်းကနေ မတက်လို့ လာကြည့်တာ.. ကြောင်နေတုန်းပဲလား
    :P

    အိတ်စ်ယောင်းစ်

    ReplyDelete
  17. အမ်အမ်..လာလညတဲ့အတွက် ကျေးဇူးပါ..။
    မိရွှန်း...စိတ်ညစ်အောင် လာလာ မစနဲ့အချစ်ရေ...
    အိပ်စ်ယောင်းစ်..
    ရပြီ..။ ညကသူများနဲ့ အာလူးများနေလို့..။
    ဆရာမ နောက်တခါ စမ်းကြည့်ပါ့မယ်..။
    အကြောင်းသိရအောင်လို့..။
    ကမောင်ဝေး...ကျေးဇူး..

    နောက်မှ နောက်လူတွေကို ဆက်ရေးတော့မယ်နော်

    ReplyDelete