9/09/2011

ငကြောင် ၂

ငကြောင်တကောင် အကြောင်လွန်ပြီး မွေးသမိခင်ကို ဂျီကျပါတယ်...။

ဖြစ်ပုံက...
ဒီလိုပါ.............
တစ်နေ့သ၌ဗာရာဏသီပြည်ထုံဝိုင်း မြို့တော်တွင် နေထိုင်သော.. 
အရေမရ အဖတ်မရ အလွန်ပြောတတ်သော..
ခပ်ကြောင်ကြောင်သီချင်းများကို ရူးသွပ်သော ...
ဂီတအကြောင်း နားမလည်သော...
ဂျင်းဘောင်းဘီချစ်သော...
ဆံပင်များကို မုန်းသော...
အသံကျယ်ကျယ်ရယ်တတ်သော..
လက်ကောက်များကို ချစ်သော..(လက်ထိပ် လက်ကောက်တော့မပါ)
စုတ်တီးစုတ်ပြတ် နေတတ်သော..(ဝတ်ကောင်းစားလှ မှ မရှိတာ)
ဖိနပ်ဖြူကို ညစ်ပတ်ပေရေနေအောင် စီးတတ်သော...
ရံဖန်ရံခါ နွားနို့သောက်တတ်သော..(မသောက်ရတာ ကြာပေါ့..)
ဖုန်းပြောရသည်ကို နှစ်သက်သော..
သိပ်စိတ်တိုင်းကျသော ပို့စ်များကို ဖြုတ်တတ်သော...
ညဉ့်နက်သန်းကောင်ထိ အတွေးများထဲတွင် မျောနေတတ်သော..
အမေ့အိမ်ကိုသံယောဇဉ်ကြီးစွာ မကြာခဏဖုန်းဆက်လေ့ရှိသော..
အလုပ်မကြိုးစားသော...
တာဝန်ပေါ့လျော့စွာ နေတတ်သော...
အကြံကြီး ဥာဏ်ကြီး မကြံစည်တတ်သော..
ရှေ့ရေးမတွေးတတ်သော...
နောက်ရေးကိုလည်း အရေးမလုပ်သော...
အူတိ အူကြောင်..
ထုံထုံ ထိုင်းထိုင်း...
ဘုတ်ဘုတ် ဘိုင်းဘိုင်း...
ငပျင်းတစ်ယောက်ဟာ အိမ်ကို လွန်ခဲ့သောတစ်လခွဲခန့်ကတည်းက
မြန်မာ့တိုင်းရင်းဆေးတမျိုး မှာမိပါတယ် ..။
အိမ်ကလည်း အင်း ဘယ်လို ဘယ်ညာဝယ်ပြီး ပေးထားလိုက်ပါ့မယ်
လို့ ကတိအထပ်ထပ်ပေးပါတယ်..။
ဒီ၁လခွဲအတွင်း..ဖုန်းမကြာခဏဆက်ပါတယ်..။
ဆက်တိုင်းလည်း ဆေးလူကြုံအတွက် သတိပေးမိပါတယ်..။
တဖက်ကလည်း အင်းအင်း..အေးအေးနဲ့ ကတိပေးမြဲ..။
ဒီလိုနဲ့ လူကြုံကရောက်လာပေမဲ့ သွားမမေးရဲသေးပဲ
အိမ်ကို ဖုန်းဆက်လှမ်းမေးလိုက်ပါတယ်..။
အမေက မထည့်ပေးဖြစ်ဖူး...မအားဘူး လို့ ဆိုတဲ့အခါ..
ကိုယ်အတော် စိတ်ထိခိုက်သွားပါတယ်..။
(နှလုံးရောဂါတော့ မရပါဘူး..ဇာတ်မနာတော့ဘူးပေါ့)

ဒါပေမယ့် အမေ့ကိုတော့ ကိုယ့်ကို အလေးမထားသူ
ကိုယ်မှာတာကို ဂရုမစိုက်သူ ဆိုပြီး စွပ်စွဲပြီး 
အမေ ဘာပြောစရာရှိပါသေးသလဲမေးတော့
အမေက ဘာကိစ္စမှ အထူးမရှိပါဘူး ဆိုလို့...ဖုန်းဂွက်ကနဲ ချလိုက်ပါတယ်..။

ဖုန်းချအပြီး..........
စိတ်ဆိုး..စိတ်ပျက်...စိတ်မကောင်း..စိတ်ညောင်း ပြီး အရာရာကို စိတ်တိုနေပါတော့တယ်..။
ကဲ...
ပြီးပါပြီ..။


မှတ်ချက် ။  ။ ရေးချင်ရာရေးထားပါတယ်..။
ဖတ်ပြီး စိတ်ပျက်သွားကြရင်တော့ ပျက်ကြပါစေတော့..။
ဟီးးးးဟီး

 













 

20 comments:

  1. ဖျားဖျား..
    စီရီးလိုက်ပါလား..
    N/A

    ReplyDelete
  2. လာကြည့်တယ်အေ့

    nn

    ReplyDelete
  3. အကြံကြီး ဥာဏ်ကြီး မကြံစည်တတ်သော..
    ရှေ့ရေးမတွေးတတ်သော...
    နောက်ရေးကိုလည်း အရေးမလုပ်သော...
    Same as me,
    Mon Petit Avatar

    ReplyDelete
  4. :ngo: လိုက်တော့

    ReplyDelete
  5. Pls don't angry Arr Gyi Marr. May be your mom very busy. What medicine u want? I buy for u. hh

    ReplyDelete
  6. တို့ကတော့ အမေနဲ့အဖေက မွေးနေ့ကို အရေးမထားပဲ ခရီးသွားရကောင်းလားလို့ ဂျီကျလိုက်မိတာ နောက်နှစ်ကျလာနေမယ်တဲ့.. ကွိကွိ

    ဘယ်သူမပြု မိမိမှု

    အိတ်စ်ယောင်းစ်

    ReplyDelete
  7. ချစ်စရာကောင်းတဲ့ ကြောင်လေးအကြောင်းများ ရေးသလားလို့... :D :D :D

    ReplyDelete
  8. ပေါက်ကို အားကျလို့ ငကြွက်စီးရီး ရေးဦးမယ်...ကွိကွိ

    ReplyDelete
  9. စိတ်မကောင်းမဖစ်ပါနဲ့..
    မပို့ မသောက်၇တော့ဘူးပေါ့
    ဆေးမသောက်၇တာ ကောင်းချင်းတစ်ပါးဘဲလေ..

    လွန်းနေမိသူ

    ReplyDelete
  10. သြော်...
    ဖျားတောင်တနေတယ်..။
    စီးရီးလိုက် မဖတ်ချင်ဘူးလား.။
    မရေးစေချင်ရင် တည့်တည့်ပြောပါ..။
    ဟင်းးးး

    အန်အန် မလာစဖူး..
    အေးဆေး သက်သာသလိုနေပါ..
    ရောက်တုန်းရောက်ခိုက်..

    ဟုတ်တယ်Mon Petit Avatarရေ..
    ဘာမှ မစဉ်းစားချင်ဘူး.။
    အခုထိ မရင့်ကျက်နိုင်သေးဘူး..။
    (နုနုလေး ပဲရှိသေးတယ်..ဟီးးဟီး)

    ငိုချင်လျက် လက်မတို့ပါနဲ့ ရီတာ..။

    အာဂျီမားဘွားပိုး ကျေးဇူးပါနော်..။

    မည်သူမပြု မိမိမှုဆိုတာ ဘယ်သူ့ကိုညွှန်းတာလဲ..အိတ်စ်ယောင်းထုံ..
    မသက်ဝေရေ..
    အိမ်နားမှာ ကြောင်ကြီးတကောင်ရှိတယ်..။
    ပျင်းပျင်းလေးလေးလံလံကြီး..။
    အရာရာ ကျနော့်ထက်တောင်သာသေးတယ်..။
    နောက်ရက် ရိုက်ပြမယ်...။
    (တုတ်နဲ့)

    အင်းး...
    သတိတော့ထားပါ..မသီတာ..
    ဒီငကြောင်က ကြွက်တွေတွေ့ရင် ဒီတိုင်းတော့ ကြည့်နေမှာမဟုတ်ဖူး.။

    ReplyDelete
  11. လွန်းနေမိသူက ဘယ်သူလဲ...။
    အညာသူသားကြီးလား..။
    ပြော..
    ပြော..
    ခု..ပြော

    ReplyDelete
  12. တိုင်းရင်းဆေးမရှိလဲ၊အနောက်တိုင်းဆေးနဲ့ကုမယ်၊
    ဘာဖြစ်နေလဲပေါက်....?
    ......

    ReplyDelete
  13. ဘာဆေးလဲပေါက်ရေ...အမပို့ ပေးမယ်လေ...အီးမေးလ်ပို့ လိုက်နော်

    ReplyDelete
  14. ဆီးယိုထင်တယ် ... အမေကတော့ အဲလောက်အရေးမကြီးပါဘူးဆို မအားလို့ မပို့ ပေးတာနေမယ် ဒီက ဖောက်နေပီ။ ဟိ

    ReplyDelete
  15. ဆေးကိုပြောပြလေ ဒီမှာရှိရင်ပို့ပေးမှာပေါ့။
    မေးလ်နဲ့ပြောပြလေ ပေါက်ရဲ့။

    ကျွန်မလည်း ဒါမျိုးဖြစ်ဘူးပါတယ်။
    အမေ့ကိုမှာပေမယ့် အမေ့ခံရဘူးတာကိုပြောတာပါ။

    ဆေးမှာတဲ့ အဆင့်ကိုပြောတာဟုတ်ဘူးနော်။

    ပေါက်.....
    ခင်လို့စတာနော်

    ReplyDelete
  16. ဖတ်လို့ကောင်းတယ် ဆက်ကြောင်ပါ..

    ReplyDelete
  17. ဆေးမှာရအောင် ဘာဖြစ်နေလို့တုန်း..?

    ReplyDelete
  18. ဘယ်သူ့ကို ညွှန်းလဲသိလိုက်ပေါ့ အချစ်ရယ်
    ex---

    ReplyDelete
  19. ပေါက် အမေရဲ့ fb account ပေး။

    ဆေး ပို့ပေးဖို့ reminder ကို wall မှာရေးထားပေးမယ်။


    ^^uS1z

    ReplyDelete
  20. ဘာပြောရမှန်းတောင်မသိ.

    ReplyDelete