9/05/2011

ငကြောင်

 အလကားနေရင်း ရေးချင်နေတယ်..။
ပို့စ် ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့..။
အရည်မရ အဖတ်မရတွေလို့ ပြောချင်ပြောနိုင်ပါတယ်..။
မကြည်လင်တာတွေ များနေတယ်..။
ကျောက်ချဉ်ထည့်လိုက်လို့တော့ မပြောနဲ့..။
အမှန်က မရေရာဘူး.။
ကိုယ့်အသိတွေ မရေရာဘူး.။
အမြင်တွေ မရေရာဘူး.။
အထင်တွေ မရေရာဘူး.။
အလုပ်တွေ မရေရာဘူး.။
မျှော်လင့်ချက်တွေ မရေရာဘူး.။
မနက်ဖန်တွေ မရေရာဘူး..။
ဘဝ မရေရာတာကြာပေါ့..။


အမှန်က ဒီနေ့ ရယ်မောစရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
ကျနော်လား..
ရယ်တာပေါ့...။
တဒင်္ဂခဏလေးမှာ စိတ်လွတ်သွားတယ်နဲ့တူပါတယ်..။
အသံကျယ်ကျယ်ရယ်ဖြစ်တယ်..။


အမှန်က ကျနော် ငိုချင်နေတယ်..။
ဘယ်လိုဖြစ်တာလဲ မသိ...။
မျက်ရည်မကျနိုင်ဘူး.။


အမှန်က သီချင်းဖွင့်ပြီး နားထောင်နေတယ်..။
သီချင်းပေါင်းစုံကိုပေါ့..။
ပျော်စရာသီချင်း..။
မကျေနပ်ချက်တွေ ပါတဲ့သီချင်း..။
အဆွေးသီချင်း...။
သာယာလှပတဲ့ သီချင်း..။
သီချင်းအေးး...။
သီချင်းကြောင်...။
စုံနေအောင် နားထောင်တယ်..။
ဒါပေမဲ့...
ရင်ထဲကို မဝင်ဘူး.။

မရေရာတာတွေများတဲ့အတွက်...
(ကျနော် )တခုခုကို ဆုံးဖြတ်မှ ဖြစ်တော့မယ်...။




11 comments:

  1. D-Days တွေများနေရတယ်....

    ReplyDelete
  2. ကိုယ်လည်း မရေရာတာတွေ များတဲ့အတွက် ပိုက်ဆံစုမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ အဲဒါလည်း သိပ်တော့ မရေရာဘူး။

    ReplyDelete
  3. လောကကြီးကိုက မရေရာမှုတွေနဲ့ပြည့်နေတာပဲလေ..

    ReplyDelete
  4. ဆက်ချစ်ရမယ် မချစ်ရဘူးဆိုတာတောင်မရေရာတော့ဘူး

    ReplyDelete
  5. တခါတလေ
    ကိုယ်လည်း အဲဒီလို ဖြစ်တယ်၊
    ကိုယ့်ကိုယ်လည်း အဲဒီလိုပြောလိုက်တယ်၊
    ငကြောင်။။။။

    ReplyDelete
  6. မရေရာတာ သေချာပေမယ့်..
    တချို့ဟာတွေတော့ ရေရာပါတယ်လေ
    ဥပမာ.. ဒီနေ့တော့ အစားတခုခု စားဖြစ်မယ်.. ရေသောက်ဖြစ်မယ် စသဖြင့်

    အာဘွား ချစ်ပေါက်

    ex-...

    ReplyDelete
  7. ဘလော့ဂါဆိုတာ ဒီလိုပါပဲ ထရစ်ပယ်လ်ကေရေ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ဖတ်ရတာ ဂတုံဂရင် ရှိလိုက်တာ။

    ReplyDelete
  9. ဒီမှာ လာဘာဘီ ငကျားးးး
    ငကြွားမဟုတ်ဘူးနော်
    နောက်တော့... ငကျက်. ငါးပိချက်..
    ဘာမှ မဟုတ်စားချင်နေသူ ..

    ဘယ်သူလဲ သိလား ငကျား

    ReplyDelete
  10. ဘူလဲဟဲ့..ငကျားရဲ့

    ReplyDelete