ပျင်းပျင်းရှိတာနဲ့ ရုပ်ရှင်တွေ ဒေါင်းလုဒ် လုပ်ပြီး ကြည့်ဖြစ်ပါတယ်။
သူငယ်ချင်းတယောက်ကောင်းမှု့ကြောင့်ပေါ့..။
ရုပ်ရှင်ကြည့်တော့ ဇာတ်လမ်းကို ကြည့်ဖြစ်ရမှာပေါ့နော်..။
ရုပ်ရှင်ကိုကြည့်ရင်း ဇာတ်လမ်းထဲမှာ မျောပါရင်း
ဇာတ်ဝင်သီချင်းတွေနဲ့ နောက်ခံသီချင်းတွေကို ပိုသတိထားမိတယ်.။
တနေ့ညက ဟိုဟိုဒီဒီမွေနှောက်ရင်း one day ဆိုတဲ့ ရုပ်ရှင်ကြော်ငြာကိုသတိထားမိတယ်။
ဒီမှာ ၂၆ရက်နေ့မှ တင်မှာပါ..။
အလကားကူးလို့ မရသေးတော့ youtube မှာ trailerသွားကြည့်မိတယ်..။
အဲ့မှာ ဒီ နောက်ခံတေး သဘောကျသွားတယ်.။
အပြန်ပြန်အလှန်လှန်ရှာရတယ်..မတွေ့ဘူး.။
ရုပ်ရှင်အညွှန်းတွေမှာလဲ ဒီနောက်ခံတေးကို မိတ်ဆက်ထားတာ မရှိပြန်ဘူး။
နောက်ဆုံး ရှာတွေ့သွားပါတယ်..။
OneRepublic ရဲ့ သီချင်းဖြစ်နေတယ်..။
O R ရဲ့သီချင်းတွေ သိပ်နားမထောင်ဖြစ်ခဲ့ဖူး.။
သိပ်ဟော့သွားတဲ့ Apologize ကလွှဲရင် သေသေချာချာနားထောင်ဖူးတဲ့ သီချင်းမ၇ှိသလောက်ပါပဲ.။
အခု ဒီ one dayမှာနောက်ခံသီချင်း အဖြစ်အသုံးပြုထားတာ သူတို့ရဲ့ သီချင်းအသစ်ဖြစ်မှာပါ.။
ရုပ်ရှင်နဲ့ တွဲကြည့်ပြီး နားထောင်ရင် ပိုနှစ်သက်ကြမှာပါ...။
Good life တဲ့
မှတ်ချက် ။ ။ ညက ကြည့်ဖြစ်တဲ့ ဟာသကား
နောက်ခံသီချင်းနဲ့ တွဲမိတော့ မျက်ရည်ကျမိသွား..။
ဒီသီချင်းကောင်းတယ်.. ကြိုက်တယ်.. မှတ်ချက်..နားမလည်
ReplyDeleteN/A
one day ကို စာအုပ်ဖတ်ထားတာ မကြာသေးလို့ မကြည့်ဘူးလို့ ဆုံးဖြတ်ထားတယ်..
ReplyDeleteone republic တော့ ကြိုက်တယ်
ပွင့်
ရုပ်ရှင်ကြည့်တော့ စိတ်တွေအပန်းပြေတာပေါ့ညီမပေါက်ရေ... တခါတခါ တယေဏက်ထဲ ရုပ်ရှင်ကြည့်ရတဲ့ အရသာက ဘာနဲ့ မှမတူဘူးညီမရဲ့ ...
ReplyDeleteကိုအန်အေ...
ReplyDeleteကောင်းရင် ဟောင်းတဲ့အထိ နားထောင်လိုက်ပါ။
ပွင့်..
စာအုပ် မလိုက်နိုင်ဘူး။
ရုပ်ရှင်ပဲ စောင့်မျှော်..။
မတန်ခူးရေ..
စိတ်ပေါ့ပါးတဲ့ရုပ်ရှင်တွေပဲ ကြည့်ဖြစ်တာများ။
သိပ်လဲ မများ.။
နဲနဲပဲ ကြည့်ဖြစ်ပါတယ်.။
ရုပ်ရှင်အကြောင်း သိပ်နားမလည်.။
ကေကေကေ