5/20/2011

ခဝဲသီးကြော်..tunaငါးသေတ္တာသုတ် နဲ့ ကြက်ဥကြော်

ဒီည  သူများပေးတဲ့ခဝဲသီးကို ပုဇွန်ခြောက်နဲ့ကြော်စားပါတယ်..။
ဆားနဲနဲပဲထည့်ပါတယ်.။ကြက်သွန်ဖြူဓါးပြားရိုက်လဲပါတယ်။

tunaငါးသေတ္တာကို  ကြက်သွန်နီပါးပါး..သံပုရာသီး ငရုတ်သီးစိမ်း
နံနံပင်တို့နဲ့ သုတ်စားပါတယ်..။
ဒီအသုတ်ကိုလဲ ဆားနဲနဲပဲ ထည့်ပါ။

ဒီကအရွက်တမျိုးကို ဆားနဲ့သိပ်ထားတာကို ရိတ်ရိတ်လှီးပြီး
ကြက်ဥနဲ့ ကြော်ပါတယ်..။
အရွက်ဆားသိပ်ကြောင့် ဆားထည့်ကြော်စရာမလိုပါ..။

ဒီနေ့ သည်မျှသာ..။

အာလူးမုန်ညှင်းချဉ် မျှော့်..။











17 comments:

  1. အကုန်စားချင်တယ်

    ReplyDelete
  2. ခ၀ဲသီးက ခြံထွက်ထင်တယ်၊
    ကိုယ်လည်း အဲဒီလိုလေးတွေ စားရတာကြိုက်တယ်။


    အပြုံးပန်း

    ReplyDelete
  3. ရီတာ..
    စေတနာမေတ္တာတွေနဲ့ ချက်ထားတာနော်..။
    ဟီး

    မှန်တယ်အပြုံးပန်းရေ...
    ခဝဲသီးက ခြံထွက်တဲ့ ။
    အသိတယောက်က
    သူစိုက်ထားတာ လက်ဆောင်လာပေးထားတာ။
    ကိုယ့်ဖာကိုယ်ဆို ဝယ်စားဖြစ်မှာမဟုတ်ဘူး။
    ခဝဲသီး ဝယ်စားလေ့မရှိဘူး။

    ReplyDelete
  4. တူနာငါးဗူးတွေ ဈေးသွားတိုင်း တွေ့နေတာ မသိလိုက် မသိဖာသာပဲ နေခဲ့တယ်၊ အခုတော့ ဘယ်လိုလုပ်စားရင် ကောင်းမလဲဆိုတာ သိသွားပြီ၊ အိုင်ဒီယာလေး အတွက် ကျေးဇူးအထူးပါဗျို့....။း)

    ReplyDelete
  5. စားစရာတွေချည်း တင်နေတယ်
    (အပြစ် ပြောတာ မဟုတ်ပါဘူးနော် မှတ်ချက်ပေးတာပါးD)

    ReplyDelete
  6. ပုံတွေက ဝါးလိုက်တာ.. မမဆီ သင်တန်းသွားတက်ထားတာလား
    :P
    အိတ်စ်ယောင်းစ်

    ReplyDelete
  7. ကိုညီလင်းသစ်ရေ..
    အထဲကအရည်ကိုစစ်လိုက်အုန်းနော့..
    မဟုတ်..ရွှဲရွှဲကြီးဖြစ်နေမယ်။
    သခွားသီးပါးပါးလှီးထည့်သုတ်လဲ ကောင်းတယ်။

    သြ......
    ဘာလုပ်လုပ် အပြစ်ချည်းမြင်နေတော့တာပဲလားး..။
    အဟင့်..။
    (မသီတာကို ရီပလိုင်းလုပ်သည်။)

    ပုံ။
    နည်းနည်းလေးမှ အပြောမခံသူ


    ဝါးဆို ဖုန်းစုတ်နဲ့လေ..။
    တင်ချင်စိတ်ရှိတုန်းမို့..။
    မဟုတ်..ဓါတ်ကျပြီး ဘာမှ မတင်ချင်ဘူး။
    ဒီအချိန်မှာ အမ်အမ့်ကို သတိရလိုက်တာ..။
    မဟုတ်..ဟင်းမချက်ဘူးလား..
    မေးနေတတ်လို့။


    ပေါက်

    ReplyDelete
  8. ခဝဲသီးနဲ့ ကြာဆံနဲ့ ချက်တာကို အရမ်းကြိုက်တယ်... ပေါက်ရဲ့ ခဝဲသီးက ဒီကအသီးတွေနဲ့ မတူဘူးရော...

    ခခလေး နေကောင်းတယ် ဟုတ်...း))

    ReplyDelete
  9. ဆားအကြောင်း သိပ်အသားပေးသလိုပဲ
    အိတ်စ်ယောင်းစ်

    ReplyDelete
  10. အာလူးမုန်ညှင်းချဉ် မျှော့်..။

    ReplyDelete
  11. အာလူးမုန့်ညှင်းချဉ်မျှော်နေတယ်ပေါက်
    မြန်မာပြည်က ပို့လာတဲံမုံညှင်းချဉ်တွေ ကျန်နေတယ်
    နည်းပြောပြပါအုံး။ ဒါနဲ့ အဲ့ဒါခ၀ဲသီးလို့ခေါ်တာလား
    ကိုယ်ထင်တာက တပွတ်သီးအနုတွေထင်တာပဲ
    မြန်မာက ကိုယ်တို့အိမ်မှာပေါမှပေါ့ပေါ့

    ReplyDelete
  12. အမျိုးရေ..
    ခဝဲသီး သိပ်မချက်ဖြစ်ဖူး။
    ကြာဇံနဲ့ချက်တယ်ဆိုတာ ကြားတောင်မကြားဖူးဘူး။
    ကျေးဇူး။

    ဂျွန်ဝမ်းရေ..။
    ကတိပျက်ပြန်ပြီ..။
    ဒီအိမ်ရှင်က ဒီလိုပဲ ကတိမတည်တတ်သူကြီး။
    ခွင့်လွှတ်ပါနော့..။

    မဘေဘီရေ..
    မျှော့နော်.။အဟိ
    ခဝဲသီးရင့်သွားရင် သပွတ်အူလုပိသုံးတာလေ။
    ရေချိုးရင်သုံး.။
    ပန်းကန်ဆေးတဲ့အခါသုံး.။
    ချက်တာတော့ သိပ်မချက်ဖြစ်ဖူး။
    သူများလာပေးထားလို့ ချက်ဖြစ်တာပါ..။

    ReplyDelete
  13. hi Good Day to u, keep on posting

    ReplyDelete
  14. hi Good Day to u, keep on posting

    ReplyDelete
  15. ဟင်းစပ် လိုက်ဖက်တယ်
    ခ၀ဲသီးမစားရတာတောင်ကြာလှပြီ

    စူးနွယ်လေး

    ReplyDelete