4/23/2011

ဖြစ်နေတာ.နဲ့.ဖြစ်သင့်တာ

အခုတလော ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာတယ်..။
တနည်းပြောရရင် ဝဝလှလှလေးပေါ့..။
စိတ်ညစ်တယ်..။စိတ်ဓါတ်ကျတယ်..။စိတ်အဆာမကြေဖြစ်တယ်..။
စိတ်ကုန်တယ်.။........
.....................
ဆိုပြီး အစားတွေ နင်းကန်စားမိပါတယ်..။
စတော်ဘယ်ရီရာသီမို့ စတော်ဘယ်ရီလက်ဖျော်ကို creamတစ်ဗူးကြီးဝယ်ပြီး
အားတိုင်း လုပ်စားဖြစ်နေပါတယ်..။ ဒါတောင်double cream ဒီမှာဝယ်မရလို့။
ဟိုတနေ့ကလဲ ငချိတ်ဆန်တွေဝယ်လာပြီး ကြိတ်ပြီး ဒိုဒိုးလုပ်စားဖြစ်ပါတယ်။
ထောပတ်များများ အုန်းနို့များများနဲ့ပေါ့..။ (အချိုပေါ့ပဲစားတတ်လို့တော်သေး)
ဒီလိုနဲ့ ဝ... ဝလာပါတယ်..။
ဝလာတော့ ဘာဖြစ်သလဲ..။
ဝလာတော့ ဗိုက်ခေါက်ထူပါတယ်..။
ဗိုက်ခေါက်ထူတော့ ကြမ်းပေါ်ကပစ္စည်းတွေ ကုန်းကောက်တဲ့အခါမှာ ခက်ခဲပါတယ်။
ဖိနပ်ကြိုးချည်ရာမှာ ဗိုက်ခေါက်ကြောင့် အလွယ်တကူချည်လို့မရပါဘူး။
သူငယ်ချင်းတွေ မိတ်ဆွေအသိတွေကတွေ့တော့
"ဝလာတယ်နော်..စိတ်ချမ်းသာတယ်ထင်တယ် "ဆိုပြီး နောက်တတ်ပါတယ်.။
(အမှန်က စိတ်ကျနေတာ သိလျက်နဲ့....)

ဝဝလှလှလေးဖြစ်နေတာကို ကိုယ့်ကိုယ်ကိုမကျေနပ်နိုင်လို့ အစားလျော့မယ်လို့
စဉ်းစားထားပါတယ်..။(မျက်နှာပြောင်လိုက်တာနော်..)
ညစာ ထမင်းနှစ်ပန်းကန်လုံးကနေ တပန်းကန်ပဲစားတော့မယ်လို့ တွေးထားပါတယ်။
အသားဟင်း လျှော့ချက်မယ် တွက်ထားတယ်..။
မနက် မနက် ခခကျောင်းသွားချိန်ကို ပန်းခြံတပတ်ပတ်မယ်လို့ စိတ်ကူးထားပါတယ်..။
လက်တွေ့ လုပ်ဖြစ် ..မလုပ်ဖြစ်ဆိုတာ အပထား..။
စိတ်ကူးနဲ့တင် ကျေနပ်နေတယ်.။ဟားဟား

ဒီနေ့ (၂၂ရက်နေ့) earth dayမှာ
ကမ္ဘာကြီးကို အလေးချိန်ပိုတိုးစေမိပါတယ်..။
အမှိုက်ခွဲခြားပစ်ပါတယ် ။(မပစ်လို့မှမရတာ အမှိုက်ပစ်အိတ်က ဈေးကြီးတာကိုးးး)
ဆူပါမားကပ်သွားရင် အိတ်ဆောင်သွားပါတယ်..။
အဝတ်လျှော်ရင် (အချိန်လဲရခဲ့ရင်) အဝတ်လျှော်စက်ကထွက်တဲ့ရေကို ခံထားပြီး
ကြမ်းတိုက်....အိမ်သာဆေး ပါတယ်.။
အိတ်ထဲမှာ တူဆောင်ထားပါတယ်။(တခါသုံးတူမသုံးမိစေဖို့အတွက်)
တူ..မဆောင်မိရင်တောင် တခါသုံးဝါးတူ မသုံးပဲ စတီးလ်တူသုံးပါတယ်။
အလုပ်သွားရင် ဖြုတ်လို့ရသမျှ ပလပ်တွေဖြုတ်ခဲ့ပါတယ်.။
အားကုန်သွားတဲ့ ဓါတ်ခဲတွေကို ရီဆိုက်ကယ်လ်ပုံးထဲ သွားထည့်ပါတယ်။
ကိုယ်လုပ်နိုင်တာတွေကို ဒီလောက်ပဲစဉ်းစားမိပါတယ်..။(ကျန်ချင်လဲ ကျန်ခဲ့မှာပါ..။)

Green Up!!!!!!!!!!!

14 comments:

  1. ဖြစ်ချင်တာကရော ဘာလဲဟင်???

    စူးနွယ်လေး

    ReplyDelete
  2. ၀ါးတူကို ဘာကြောင့်ရှောင်လဲ သိပ်နားမလည်ပါ (မသိတာပါ)။

    ReplyDelete
  3. ကမ္ဘာမြေကြီးနေ့မှာ
    ပန်းခြံသွားပြီး လှပနေတဲ့ ပန်းတွေ သစ်ပင်တွေကို သွားပြီး မှတ်တမ်းတင်ဖြစ်တယ်။

    ReplyDelete
  4. ကောင်းလိုက်တာ ချစ်ပေါက်

    ReplyDelete
  5. စာလာဖတ်သွားပါတယ်....
    စကားလုံးတွေကောင်းတယ်။

    ReplyDelete
  6. ပလပ်အကုန်ဖြုတ်နိုင်တာလေးစားတယ်။
    ကျွန်မက unplug တော့သိပ်မရသေးဘူး။

    ReplyDelete
  7. မောင်ဝေးApril 23, 2011 at 3:21 PM

    အဲသလောက် ကမ္ဘာကြီးနဲ့ချီပြောတာမို့၊ ဘယ်အချိန်မှာ ပန်းခြံပတ်ပြေးမလဲ ကြိုပြောထားပါလားဟင်၊ ပြုတ်ကျကွဲရှတတ်တဲ့ ပစ္စည်းလေးတွေ နေရာတကျ သိမ်းထားပြုထားဖို့ပါအေ။

    ReplyDelete
  8. ကဘာကြီးကို တနားလို့ ကဆုန်ပေါက် မပြေးဖြစ်ဖူးထင်ပါရဲ့။

    ReplyDelete
  9. တူဆောင်မနေနဲ့... လက်နဲ့စားလိုက်..
    မြေကြိးနာသွားမယ် ဖော့ပြီးနင်း။
    :D

    mm

    ReplyDelete
  10. မစူး..
    ဖြစ်ချင်တာ သိပ်များနေတယ်.။

    (မ/ကို)မိုးယံ..
    ဝါးတူကိုသုံးရင်
    ဝါးပင်တွေပြုန်းမယ်..နောက်ပြီး တူကိုဖြူအောင်
    ဓါတုဗေဒပစ္စည်းတွေနဲ့ဆေးထားတော့ ကျန်းမာရေးအတွက် မကောင်းဘူးပေါ့။

    အပြုံးပန်း ..သဘောကျတဲ့ ပန်းတွေနဲ့ပေါ့။

    ရီတာ..
    ဘာကောင်းတာလဲ ပြောသွားဦး။
    ဝတာလား..။ ဝိတ်လျှော့မှာကိုလား။

    ကိုကိုစိန် ..ကျေးဇူး။

    အစ်မကောင်းမွန်ဝင်း..
    ပလပ်တွေအကုန်ဖြုတ်တာ တခါတလေတော့လဲ
    မေ့တတ်တယ်.။(ကောင်းတာရွေးရေးတော့ ကောင်းသလို ဖြစ်သွားတာပါ.။)

    ကမောင်ဝေး..
    ကျနော်က ပမွှားလေးမဟုတ်တာ အခုတော့
    သိပြီမို့လား.။

    ကိုအန်အေ...
    ညင်သာသော ခြေသံနဲ့ နေ့စဉ်လျှောက်နေတာပါ။

    အမ်အမ်..
    ညီးပဲ လက်နဲ့စားတော့..။ဟီး.
    လမ်းလျှောက်တာ ညင်သာပါတယ်ဆို..။


    ပေါက်

    ReplyDelete
  11. ကွန်ပြူတာကောပိတ်ထားတယ်ထင်ပါရဲ့။

    ReplyDelete
  12. ဒီပေါက် က သစ်သစ်ဆီက ပေါက်လား

    အစားတွေ အသားကုန်စားမယ်ဆိုရင် တီ့ ဆီ ရောက်မှ ဖြစ်မယ်နော်


    ဟင်းသစ်ချက်ထားတယ်နော်

    ReplyDelete
  13. ဝါးတူ မျောက်ခေါင်းကိစ္စလား ဖော်ဝပ် အီးမေး ဘတ်လိုက်ရတယ်
    အိမ်မှာတော့ သစ်သားတူ သုံးတယ် စတီးတူတွေတော့ မကြိုက်

    ReplyDelete
  14. အဲ့နေ့က ကွန်ပြူတာပိတ်ထားမိတယ် ထင်တယ်..

    ReplyDelete