3/06/2011

ဆန်ခေါက်ဆွဲအလွယ်နည်း

ဟိုတလောက စီဘောက်စ်မှာ ဆန်ခေါက်ဆွဲ အကြောင်းပြောမိကြတော့..
အစ်မတစ်ယောက်က ဆန်ခေါက်ဆွဲကို အလွယ်လုပ်နည်း မေးပါတယ်.။
professional လိုမချက်ပဲ အလွယ်နည်း ပြောပြလို့ရမလားတဲ့.. ဆိုတာနဲ့..
မြန်လဲမြန် လွယ်လည်း လွယ်စေမဲ့ နည်းလေးပါ..။



ဆန်ခေါက်ဆွဲအသုတ်


ပထမဆုံး ကိုယ်ချက်ချင်တဲ့အသားကို ဂျင်းစိမ်း ကြက်သွန်ဖြူဓါးပြားရိုက်စိတ်..ဆားတို့နဲ့
နယ်ထားပါ..။

ကြက်သွန်နီပါးပါးစိတ်ပြီး ခပ်ကြမ်းကြမ်းပြန်စိတ်ထားပါ..။


ခရမ်းချဉ်သီး လေး ငါးလုံးလောက်ကို နုတ်နုတ်စင်းထားပါ..။(အခုပုံက စိတ်နေရင်းတန်းလန်းရိုက်မိ
တော့ သိပ်မနုတ်ဘူး..။)


ကြက်သွန်နီကို ကြော်ပါတယ်..(ဆီသတ်တယ် ခေါ်မလား) နဲနဲနွမ်းလာရင် ငရုတ်သီးမှုန့်ထည့်ပါတယ်။


ပြီးရင် စင်းထားတဲ့ ခရမ်းချဉ်သီးတွေထည့်ပါတယ်..။



ခရမ်းချဉ်ကအရည် ခမ်းလောက်ပြီဆိုရင် နယ်ထားတဲ့ အသားကိုထည့်ပါတယ်..။
မပြတ်မွှေပေးနေပါ.။

၅မိနစ်လောက်မွှေပြီးရင် ဆားထည့်..။ရေနဲနဲထည့်ပြီး အဖုံးအုပ်ထားပါတယ်..။
အချိုမှုန့်နှစ်သက်သူ ထည့်ပါ..။


ဒါကတော့ ကော်မှုန့်အထုတ်..။


ထမင်းစားဇွန်းတစ်ဇွန်းစာလောက်ယူပြီး ရေအေးနဲ့ဖျော်ပေးထားပါ..။


ရေထည့်ပြီးတည်ထားတဲ့ဟင်းအိုး ၁၀မိနစ်လောက်ကြာရင် ကော်ရည်ထည့်နိုင်ပါပြီ။
ကော်ရည်ကို လက်တဖက်က ဟင်းအိုးကိုမွှေရင်း နောက်တဖက်က ကော်မှုန့်ရည်ကို
လောင်းချပေးနေပါ..။
ခပ်ကျဲကျဲပျစ်တဲ့အနေအထားရောက်ရင် ရပါပြီ..။


အဆာအတွက် ငရုတ်သီးအကြမ်းမှုန့်ကို ကြွေပန်းကန်ထဲထည့်ထားပါ..။
ဆီအိုးတည်ပြီး ဆီအငွေ့ထလောက်အောင်ပူလာရင် ငရုတ်သီးပန်းကန်ထဲခပ်ထညိ့ပါ..။
ဆီပူဝင်တာ သမအောင် ဇွန်းနဲ့ ငရုတ်သီးကို မွှေပေးရင်း ဆီပူကိုလောင်းထည့်ပါ..။



နှမ်းကို ဘလန်ဒါနဲ့ ခနမွှေပေးပါ..။ ငရုတ်ဆုံနဲ့ ထောင်းလို့လဲ ရပါတယ်..။
ကြွေပန်းကန်တစ်လုံးထဲထည့်ပြီး ဆီပူလောင်းပေးပါ..။

ကြက်သွန်ကြော်အတွက် အိမ်မှာအသင့်မရှိလို့ ..ပုံမရှိပါ..။


ဒီနေ့က ဆန်ခေါက်ဆွဲမစားပါဘူး..။(တစ်ပွဲတော့ ပြုပ်ပြီး ပြင်စားလိုက်သေးတယ် အပေါ်ပုံ)
ဂျုံခေါက်ဆွဲစားဖြစ်တာပါ..။ ဒီမှာတော့ လတ်ဆတ်တဲ့ ကြက်ဥဂျုံခေါက်ဆွဲတွေ ရပါတယ်။
ဝယ်လာပြီး ပြုပ်ရုံပါပဲ..။

အဆာလေးတွေ တန်းစီ..။
နှမ်းဆီ...ငရုတ်ဆီ..ကြာညို့အငန်..
ကော်ရည်ဟင်း..ကြက်သွန်မြိတ်...။အသုတ်အတွက်ပဲ ကော်ရည်က အသုံးဝင်ပါတယ်။
အရည်နဲ့စားချင်ရင်တော့ ကော်မှုန့်ရည် ထည့်ချက်စရာ မလိုပါဘူး။


အခုဟင်းက ကော်ရည်ထည့်လိုက်တော့ အသုတ်လုပ်စားဖို့ ပိုအဆင်ပြေပါလိမ့်မယ်။
မြေပဲထောင်းအသင့်ရှိနေရင် ထည့်သုတ်စားနိုင်ပါတယ်..။

ဆန်ခေါက်ဆွဲ..(ရေစိမ်..အဖွယ်)နဲ့စားရင် အဖွယ်သုတ်ပေါ့..။
ရှမ်းခေါက်ဆွဲ
(ဆန်စီး) နဲ့စားရင် အစီးသုတ်ပေါ့..။
ဂျုံခေါက်ဆွဲပဲစားစား..
မြီးရှည်ပဲစားစား..ဒီအစာလောက်ဆို အဆင်ပြေလောက်ပါပြီ..။
(မြီးရှည်စားရင်တော့ ပဲငပိလေး ထည့်စားပါ..)

အဆင်ပြေပါစေ..။
ဒါကတော့ ဟိုအရင် တင်ထဲ့ဖူးတဲ့ ဆန်ခေါက်ဆွဲပါ..။


တို့ဟူးပျော့အလွယ်နည်း..မကြာမှီလာမည်..။
မျော့..။
ကျွတ်..။


14 comments:

  1. မပေါက်ရဲ့ ဆန်ခေါက်ဆွဲ အလွယ်နည်းလေး မှတ်သွားတယ်။ လုပ်စားကြည့်မယ်။ ကျေးဇူး။ တို့ဖူးပျော့ အလွယ်နည်း မျော့နေတယ်နော့း))
    http://redroseofburma.blogspot.com/

    ReplyDelete
  2. ညီလင်းသစ်March 6, 2011 at 5:32 AM

    အလွယ်နည်းဆိုပေမယ့် လုပ်စားဖြစ်မယ်တော့ မထင်တော့ပါဘူးဗျာ၊ ပါရမီက အဲဒီလိုကို ပါလာတာမို့..၊
    ဒီမှာပဲ တဝ ငမ်းသွားတော့မယ်..။း)

    ReplyDelete
  3. မေဓာဝီMarch 6, 2011 at 6:37 AM

    ဒီလိုဆိုတော့လဲ လွယ်သားပဲနော် ... လုပ်စားကြည့်အုံးမှ။

    ReplyDelete
  4. ကောင်းထှာ. မြင်ရတာနဲ့ကို လုပ်စားချင်စိတ်ပေါက်တယ်။ ကျေးဇူး.
    ပုံ့
    အစ်မတစ်ယောက်.

    ReplyDelete
  5. အိ.
    အနော်မိနတစ (Anonymous)်လုပ်ဘို့မေ့သွားတယ်။ ဆောရီး. အခုလေးတင်အိပ်ရာကထတော့မျက်စေ့မပွင့်သေးဘူး. မြင်ရတာ ဘိုက်ဆာလိုက်တာ.

    ReplyDelete
  6. ရှောက်ကောပေါက်ကော
    လို့ ခေါ်တဲ့ အမူန့် မထည့်ဘူးပေါ့၊
    နှမ်းကို ဆီသပ်တာလေး ထည့်တာပေါ့၊

    ခေါက်ဆွဲဆို အကုန်ကြိုက်။

    အပြုံးပန်း

    ReplyDelete
  7. မောင်ဝေးMarch 6, 2011 at 1:27 PM

    တို့ကတော့ ဘာခေါက်ဆွဲသုပ်သုပ် ပဲမှုန့်အကျက်၊ ငါးငံပြာရည်၊ မန်ကျည်းသီးချဉ်ရည် နဲ့ အာလူးပြုပ်(optional) ထဲ့ရမယ်လို့ ခေါင်းထဲစွဲနေတာ သိပ်ခက်တယ်ဗျာ။

    ReplyDelete
  8. လွယ်တယ်၊ကောင်းတယ်ဆို...လုပ်စားမယ်။

    ReplyDelete
  9. ၀မ်းဘဲတံဆိပ် ဆန်ခေါက်ဆွဲ ၀ယ်လာတယ်။
    ချက်စားပါမယ်။

    တို့ဖူးပျော့ အလွယ်နည်း မျွှော့တ်*နေပါတယ်။
    (*မျှော်ရယ် မျော့ရယ် ကျွတ်ရယ် ပေါင်းရေးလိုက်တာပါ။)

    ReplyDelete
  10. သစ်နက်ဆူးMarch 6, 2011 at 9:36 PM

    နေကောင်းပါစ...
    အဝေးကနေ အစားအသောက်များနဲ့ 
    ဒုက္ခပေးသူကြီးရေ..
    ဘာဘဲပြောပြော ကြိုးစားပြီး လုပ်စားရဦးမှာပေါ့

    ReplyDelete
  11. တို့ကတော့ ဘာခေါက်ဆွဲသုပ်သုပ် ပဲမှုန့်အကျက်၊ ငါးငံပြာရည်၊ မန်ကျည်းသီးချဉ်ရည် နဲ့ အာလူးပြုပ်(optional) ထဲ့ရမယ်လို့ ခေါင်းထဲစွဲနေတာ သိပ်ခက်တယ်ဗျာ။

    (အဲ့ဒါတွေက ဗမာသုပ်မို့မဖြစ်မနေထည့်တာ ဦးမောင်ဝေး ဆီချက်လေးလည်းပါသေးတယ်)

    ReplyDelete
  12. မောင်ဝေးMarch 8, 2011 at 3:46 AM

    အာ.. ဒီမြိုးကလဲ အထာမပေါက်လိုက်တာ၊ သူ့မှာဘာသုပ်သုပ် ဘာချက်ချက် ကိုယ်က အဲဒီ ပဲလှော်မှုန့် ငါးငံပြာရည် မန်ကျည်းချဉ်ရည် အာလူးပြုပ်တွေကို ခပ်တည်တည်နဲ့ အတင်းအတင်းကြီး အပင်ပန်းခံပြီးလာလာ ထည့်ခိုင်းနေတာကို နဲနဲအထာမပေါက်ဘူး။ ခုတော့ ညည်းလုပ်လို့ သူနားယောင်ပြီးလိုက်မလုပ်ခင် ညည်းကိုရှင်းပြနေရတာနဲ့ ငါ့အကြံအစည်တွေ ပေါ်ကုန်ပြီ။

    ReplyDelete
  13. ကျွန်မလုပ်စားတာ ခရမ်းချဉ်သီးနဲ့ အသားသပ်သပ်စီချက်မိလို့လေ။
    အခုတော့ ဒီနည်းကပိုကောင်းတယ်။
    ဘာပဲတင်တင်ပါ အမြဲမျော့နေပါတယ်။
    စကားမစပ် ပန်းကန်လေးတွေက ဆင်တူလေးတွေ ခင်းကျင်းတာလည်းလှတာပဲနော်။

    ReplyDelete
  14. ရို့စ်ရေ..
    အဆင်ပြေပါစေ..။
    မျော့နေပါ..မျော့နေပါ..။

    ကိုညီလင်းသစ်အချိန်အားတဲ့တစ်ရက် စမ်းကြည့်ပေါ့
    ဆန်ခေါက်ဆွဲခြောက်ကို ဗီယက်နမ်ဆိုင်(သို့)
    အာရှဆိုင်မှာရနိုင်မှာပါ..။

    မမေဓါဝီ လုပ်နိုင်မှာပါ..။
    ဆန်ခေါက်ဆွဲခြောက် တရုတ်ဆိုင်ကဝယ်လို့ရတယ်။
    လဒမှာဆိုရင် ပြောပါတယ်.။ဟိ

    အစ်မတစ်ယောက် ..
    လုပ်စားဖြစ်ရဲ့လား..။
    မလှထုံလိုတော့ ပုံပြောမသွားနဲ့နော်။ဟီးးဟီးး

    မအပြုံးပန်း..
    ချောင်းကော့ ပါကော့ တွေထည့်ချက်ပြနေရင်
    အလွယ်နည်းမဖြစ်တော့မှာစိုးလို့.။
    များသားအားဖြင့်လဲ မသိကြတော့ မပြောတော့တာ။

    ကိုမောင်ဝေး..
    ကျေးဇူးပါ..။

    မရှင်လေး..
    လွယ်ပါတယ်..။
    ဆန်ခေါက်ဆွဲခြောက်ကိုတော့ ရေအရင်စိမ်ထားပေးဖို့
    လိုပါတယ်..။

    မသီတာရေ..
    လုပ်စားပြီးပြီလား..။
    တိုဖူးပျော့ ကျိုဖြစ်တဲ့တစ်နေ့ တင်ပါ့မယ်.။
    မျော့တ်နေပါ..။

    ကိုသစ်နက်ဆူး..
    ဒန်ပေါက်ချက်တိုင်း သတိရနေပါတယ်။
    စွန်တန်ဟင်းရည်ပုံကို သတိရမိလို့။

    မြိုး..
    ချက်ဖြစ်လား..
    ချက်ဖြစ်လား..။

    မကောင်းမွန်ဝင်းရေ..
    အဆင်ပြေပါစေ..။
    ပန်းကန်ဆင်တူတာမဟုတ်ပါဘူး။
    အဖြူတွေများနေတာ..
    ဆင်တူတွေလည်းရှိတော့ရှိပါတယ်.။
    ခင်းကျင်းထားတာကတော့..ဖြစ်သလိုပါ။
    အဟဲ..။

    ReplyDelete