2/23/2011

ထမင်းဝါ


ဟိုတရက်က ဝယ်လာတဲ့ ဂျူးမြစ်ရှိကတည်းက ထမင်းဝါလုပ်စားလိုစိတ်ပေါ်လာပါတယ်..။

ဒီညတော့ မဖြစ်မနေချက်မှ ဖြစ်မယ်တွေးမိပြီး ချက်ဖြစ်ပါတယ်..။

ပြောခဲ့ဖူးတဲ့အတိုင်း..ပဲပုပ်ချက်တွေနဲ့စားရတဲ့ ရှမ်းထမင်းချဉ်နဲ့မတူဘူး။

တောင်ပိုင်းရှမ်းပြည်ကလို ငါးထမင်းနယ် မဟုတ်ဖူး။


ထမင်းအိုးထဲမှာ ဆားနဲ့ နနွင်းထည့်ချက်ပါတယ်.။
စေးတဲ့ဆန်ဆို ပိုကောင်းမယ်။


ချက်ပြီးသားထမင်းပါ..။


(အရင်က တင်ဖူးတဲ့ ကြက်သွန်ကြော်ကို
ပြန်တင်ပေးလိုက်ပါတယ်..။ဒီထဲက ဆီချည်းခပ်ယူပြီး အသုံးပြုပါတယ်)

ထမင်းထဲကို ကြက်သွန်ဖြူကြော်ပြီးဆီစိမ်ထားတဲ့အထဲက ဆီကိုထည့်ပြီးမွှေပေးရပါမယ်။
ဆုံရှိရင် ဆုံနဲ့ထောင်း။ မရှိရင် ဘရင်ဒါထဲမှာ မွှေလို့ရပါတယ်..။
ခပ်စေးစေးဖြစ်လာရင်..

အခုလို အပူခံအိတ်ထဲထည့်ပြီး ဒလိမ့်တုံးနဲ့အပြားလေးဖြစ်အောင်လိမ့်ရပါမယ်..။
ထမင်းဝါပြားရပြီဆိုရင် ကတ်ကျေးနဲ့ကိုက်ပြီး ပန်းကန်ထဲပြင်ဆင်ထားပါ..။
ဆိုင်မှာရောင်းသူဆိုရင် ကတ်ကျေးနဲ့ညှပ်ပြီးသားထမင်းဝါပြားတွေကို
ဗန်းတစ်ခုထဲ ပတ်ပတ်လည်စီထားပါတယ်..။


ကျနော်လုပ်တာ သိပ်မကြေလို့ ထမင်းစေ့အတိုင်းတွေ့နေရသေးတယ်.။
ဒီထက်ကြေညက်နိုင်ရင် ပိုကောင်းပါလိမ့်မယ်..။(စားချင်ဇောနဲ့ဆိုတော့ ကမန်းကတမ်းဖြစ်သလို)



ခရမ်းချဉ်ကို အလုံးလိုက်ပြုပ်ပြီး အခွံခွာပြီး ဆီနဲနဲနဲ့ကြေအောင်ချက်ထားတာကို အပေါ်ကလောင်း။
ကြက်သွန်ဖြူကြော်....ကြာညို့အငန်(အကြည်) ...နံနံပင်...ငရုတ်သီး ထည့်ပြီး..
သုံးဆောင်နိုင်ပါပြီ..။
ဂျူးမြစ်ပါ တွဲဖက်နိုင်ပါတယ်..။
နောက် ငရုတ်သီးအခြောက် အတောင့်လိုက်တူးတူးလေးကြော်ထားတာပါ တွဲစားရင်
ပိုပြည့်စုံပါတယ်..။

ဒီမှာ ..မေမြို့က ထမင်းဝါ..။ ပါးပါးလေး..။ စားချင်စရာလေး..
ကျနော်လုပ်ထားတာနဲ့ တခြားစီ...။
နောက်တခါပေါ့နော်..။







19 comments:

  1. ဂျူးမြစ် သိတ်ကြိုက်တယ် စားချင်လိုက်ထာ မမပေါက်ရယ်

    ReplyDelete
  2. Oh...I miss this so much! I had the best yellow rice at near cinema in "Thi paw" many years ago.

    ReplyDelete
  3. ဂျူးမြစ် သိတ်ကြိုက်တယ် စားချင်လိုက်ထာ မမပေါက်ရယ်
    kom

    ReplyDelete
  4. ဂျူးမြစ် သိတ်ကြိုက်တယ် စားချင်လိုက်ထာ မမပေါက်ရယ်..,

    Thet Wai

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)February 23, 2011 at 3:51 AM

    အို စားချင်စရာလေး
    အရောင်လေးလဲ လှတယ်

    ReplyDelete
  6. တောင်ပိုင်း ရှမ်းပြည်က ငါးထမင်းနယ် နဲ့မတူဘူးဆိုတာ ဟုတ်ပါတယ်၊
    ဘာဖြစ်လို့လဲဆိုတော့
    မြောက်ပိုင်းရှမ်း သီပေါကနေပြီး ထမင်းဝါကို လာရောင်းတာ တဆိုင်ရှိတယ်၊
    ဗိုလ်ချုပ်အောင်ဆန်းဈေး၊ (ခ) မှောင်ခိုဈေး၊ (ခ) အောက်ဈေးထဲမှာ တဆိုင်ရှိတယ်လေ၊
    ထမင်းဝါကို အ၀ိုင်းလေးတွေ လုပ်ထားတယ်၊
    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စားဖူးတာပါ၊
    သိပ်ကောင်းပါတယ်၊

    ReplyDelete
  7. မေမြို့က အစားအစာတွေကိုလည်း သွားပြန်ကြည့်သေးတယ်၊

    လွမ်းစရာတွေပဲနော်၊

    ထမင်းဝါကို လုပ်ကြည့်လိုက်အုံးမယ်၊

    ဘာမှ သိပ်မလိုဘူးနော်၊

    ReplyDelete
  8. ညီလင်းသစ်February 23, 2011 at 6:58 AM

    ဒီလိုဆိုတော့လည်း လုပ်နည်းက ရှင်းရှင်းလေးလိုပဲ နော်၊ ရိုးရိုးလေးနဲ့ တကယ့်ကို စားချင်စရာ ကောင်းတယ်၊

    ReplyDelete
  9. စားဖူးဝူးပေါက်စ်...လုပ်စားအုံးမယ်တစ်ခေါက်..

    ReplyDelete
  10. ငွေစန္ဒာFebruary 23, 2011 at 9:17 AM

    ပေါက်ရေကျေးဇူး၊ထမင်းဝါလုပ်စားမယ်။
    ပေါက်လုပ်ထားတာစားချင်စရာ၊ဒီမှာဂျုးမြစ်
    တော့ရှိဘူးကွယ်။

    ReplyDelete
  11. တခါမှစားဖူးဘူး.. ဂျူးမြစ်ကိုတော့ ချဉ်ရည်ဟင်းချက်စားချင်တယ်

    ReplyDelete
  12. ဂျူး မြစ် မရှိပေမယ့် တမင်းဝါကို မေမြို့ အလွမ်းပြေ လိုက်လုပ်ကြည့် အုံးမယ်။

    ReplyDelete
  13. ထမင်းဝါလုပ်နည်းကို ခုမှသိတာ.. နဂိုက အာလူးထည့်ရတယ် ထင်တာ.. ငရုတ်ဆုံနဲ့ ထောင်းရတာတော့ တော်တော်လက်ဝင်မယ်နော်.. လုပ်ကြည့်ဦးမယ်။

    ReplyDelete
  14. ထမင်းဝါလုပ်နည်း ပညာရသွားတယ်။
    ပဲတို့ အာလူးတို့ပါမှာပဲလို့ထင်နေခဲ့တာ။
    ခင်မင်စွာဖြင့်

    ReplyDelete
  15. တောင်ပိုင်း ကလုပ်တဲ့ ထမင်းဝါ မှာ အာလူး ကို ထည့် ပြီး ထ္မင်း ချက် ပါတယ်။ ကျန်တာ အားလုံး တူပါတယ်။
    စားတဲ့အခါမှာ ငါးမုန့်ကြော် ကြက်သွန်ဥနီ လေးစိတ်ခွဲ (ခြမ်း) ဂျုးမြစ် တို့ နဲ့ စားကြပါတယ်။

    ReplyDelete
  16. တစ်ခါမှမစားဖူးဘူး မပေါက်ရယ်...လာစားရမှာလားဟင်း)

    ReplyDelete
  17. လုပ်စားအုံးမယ်။ ကျမကတော့သထုံဘက်က ထမင်းဝါနဲ့ ပဲရင်းနှီးတာပါ။

    ReplyDelete
  18. ဂျူးမြစ်စားချင်တယ်
    ဟိုတယောက်အိမ်မှာ ချဉ်ပေါင်နဲ့ ဆိတ်သားခြောက်ထောင်းတဲ့.. အရမ်းစားကောင်းတာပဲ
    :)

    ReplyDelete
  19. ဂျူးမြစ်အရသာ ဘာမှန်းမသိသူ

    ReplyDelete