8/26/2010

စစ်ပွဲ

အပြောင်းအလွှဲတစ်ခုကြောင့် အပြောင်းအလဲ ဖြစ်ခဲ့တယ်..။
နေ့စဉ် နေ့တိုင်း တိုက်ပွဲတစ်ခုလို အသင့်ပြင်အနေအထားနဲ့ နေနေရတယ်..။
ဒါ...ကိုယ်ရွေးချယ်ခဲ့တာပဲလေ....။
ခြုံခို တိုက်မဲ့သူရှိလိမ့်မယ်..။
စစ်ကြေငြာသူရှိလိမ့်မယ်..။
တခြားအုပ်စုတွေနဲ့ ပူးပေါင်းပြီး တိုက်မဲ့သူ ရှိလိမ့်မယ်..။
ဘယ်နေ့ ကျဆုံးမလဲ စောင့်ကြည့်သူရှိလိမ့်မယ်..။
ဒါပေမယ့်..
ကိုယ်ကလည်း ခေသူမဟုတ်ပါဘူး..။
ကိုယ့်ကို လာတိုက်ရင်..
ကိုယ့်ဆီ လာ စစ်ကြေငြာရင်...
.............
....................
ခြေထောက်ဖက် တောင်းပန်လိုက်မယ်..။
အသက်ချမ်းသာခွင့်ပေးပါ............လို့။ ဟီးဟီး..။IMBooster

11 comments:

  1. how to fight and lose effectively :D

    ReplyDelete
  2. ပစ္စည်းတွေလည်းချမ်းသာပေးပါဗျာ လို့လဲပြောဦး။

    ReplyDelete
  3. မကြောက်ပါနဲ့ ပေါက်နောက်မှာ နာတို့ရှိတယ်
    (နောက်မှာပဲနေမှာနော်)

    ReplyDelete
  4. လက်နက်ကြီး အကူအညီလိုရင်လည်းပြောဦး

    (ကျိုက်ထီးရိုးကဝယ်ထားတာတွေရှိတယ်)

    ReplyDelete
  5. လူကိုလုပ်ချင်တာလုပ်ပါ.. ပစ္စည်းတွေတော့ ချမ်းသာပေးပါ.............လို့

    ReplyDelete
  6. စစ်ပွဲတွေရပ်
    ငြိမ်းချမ်းရေးကို...
    ကောင်းကင်ထက်မှာ ချိုးဖြူငှက်များ ၀ဲပျံသွား...

    (သီချင်း..၀ါးတားတားလေး ဆိုသွားသည်)

    ReplyDelete
  7. ချစ်ပေါက်
    သတ္တိကတော့ သိပီးသားပါ
    ဟိုနေ့ က ဟိုဘက်ဆိုင်ကသူဌေးမ ကိုတစ်ခွန်းမကျန်
    (ဟုတ်ကဲ့၊ဟုတ်ကဲ့ လို့ ) ခံပြောပီးထဲက ..LOL

    ReplyDelete
  8. ကြွက်မီ..
    မတွေ့တာကြာ..
    တွေ့မဲ့တွေ့တော့လဲ စစ်ဖြစ်မှ...။

    မမ..
    အကုန်ချမ်းသာပေးပါ လို့ပြောမှာ..။

    မယ်မြိုး..
    ပေးသေနတ်..လိုရ မယ်ရဆောင်ထားရအောင်။

    ညီးအလှည့်ကျမှပြောတော့..မယ်ဆင်။

    မသီတာက ရှေ့တန်းရောက်ဘလော့ဂ်ဂါများအတွက်
    သီချင်းလေးနဲ့ ဖျော်ဖြေပါတယ်..။

    ဗစ်စတာ..
    နာ့ မူ မဆိုးဘူးမို့လား။
    လူသာ ဆိုးတာပါ..။ဟီးး

    ပေါက်

    ReplyDelete
  9. ပေါက်
    အသက်ကိုချမ်းသာပေးပါ
    လူကိုလည်းဘာမှမလုပ်ပါနဲ့
    ပစ္စည်းလေးထဲမယူပါနဲ့ :D

    ReplyDelete
  10. ပေါက်..
    အတည်ပေါက်ကြီးနဲ့ .....
    လူသားတစ်ယောက်ဖြစ်ပြီး...ဒီလောက်တောင်
    အားလျှော့ရသလား...
    ကဗျာဖတ်ရင်း ကွန်မန့် ရေးရင်းတောင် စိတ်တိုလာပြီ..
    အခုချက်ခြင်း စစ်ပွဲထဲ ကိုယ်ပါ ခုန်ကျော်တိုးဝင်ပြီး..
    တောင်းပန်လိုက်ရရင်တော့....။ ဟင်းးးးးးးးးးးးးးးးးး
    စိတ်ကြီးတယ်နော်..။
    ကိုယ်ကတော့ တော်ရုံတောင်းပန်ရယုံနဲ့ ကျေနပ်တဲ့ ကောင်မဟုတ်ဘူး။

    ReplyDelete
  11. ခြေထောက်ပဲဖက်မှာလား ပေါက်စ်စ်စ်ရယ်။။။

    မူမူမုန်း

    ReplyDelete