5/22/2010

မျှော်လင့်ချက်သာ မထားခဲ့ရင်......မျက်ရည်ဝဲရုံ...

မျက်ရည်ဝဲရုံ


ရင်မှာလှိုက်ခုန်သွားရုံလေး..
အချစ်ဆုံး..ကိုယ် ဘာကိုမှလဲ မမျှော်လင့်ဘူး...
ကြင်နာစွာ ရီဝေတဲ့အကြည့်လေးနဲ့ နှစ်သိမ့်နေလို့..
တကယ်ဆို... ကိုယ့်စိတ်ထဲမှာ....ဘယ်လိုဖြစ်နေမယ် ထင်လဲကွယ်...
(ရင်ထဲ..)
ကိုယ်ခံစား...
ကိုယ်မြတ်နိုးခဲ့ရတာ ရင်မှာထားးး......
" ချစ်လား " မေးရင်
ကိုယ် ငြင်းမယ်....


ကိုယ်ဆီ မျက်ရည်ဝဲရုံလေးပါပဲ ကွယ်
ဒီလိုနဲ့ ဝေး........ဝေး ရမှာပဲ.....
နာကျင်စွာ ကြင်နာသူကို အဝေးက ငေးကြည့်နေရင်း...
ကိုယ်သာ ချစ်မိခဲ့တာ
ရင်မှာ လွမ်းရလဲ ကျေနပ်တယ်...
အချစ်လေး...

တကယ်လို့များ မဆုံအောင်ဝေးခဲ့ကြရင် ငိုမှာလား...
တစ်ယောက်တည်းကြိတ်ကာ ကိုယ်ခံစား...


ဒီလို တိတ်တိတ်မျက်ရည်ဝဲရုံ
ကြေကွဲသွားရုံလေး...
ရင်ခွင်ထဲ နွေးထွေးသွားရုံလေး
(အသည်းမှာ..)
မင်းအကြည့်တွေ
ရင်ခုန်ရုံလေး ချစ်နေမှာ..


ကြင်နာတာတွေကို ရင်မှာသာ သိုဝှက်ထား
ကိုယ်......ဘယ်တော့မှ
မပြောတော့ပါ..




အခုတလော ညအိပ်တိုင်း နားကြပ်နဲ့ သီချင်းတွေ နားထောင်ဖြစ်နေတယ်..။။
(သူငယ်ချင်းအိမ်ရောက်နေလို့ သီချင်းဖွင့်နားထောင်စရာ မရှိလို့..)
ထူးအိမ်သင် ။Jack Johnson...သီချင်းတွေပဲ ထပ်ခါတလဲလဲ..
ထူးအိမ်သင်ရဲ့ ဒုတိယအခွေမှာပါတဲ့သီချင်းတွေ ပိုနှစ်သစ်တယ်..။
ဒီတပုဒ်ကလဲ သူ့ရဲ့ ဒုတိယအခွေကပါပဲ..။(ထင်ပါတယ်)
ဒီအခွေမပေါက်ဖူး (ထင်ပါတယ်) တခြားအခွေတွေနဲ့ စာရင်ပေါ့လေ..။။
သံစဉ်ရိုး...စာသားရိုး...youtubeမှာလဲ တင်တဲ့သူမရှိသလောက်ပါပဲ..။။
ဲ ဒီဒုတိယအခွေထဲက နားထောင်ဖြစ်နေတာ နောက်တစ်ပုဒ်ရှိသေးတယ်..။
မျှော်လင့်ချက်သာ မထားခဲ့ရင်....ဆိုတဲ့ တစ်ပုဒ်..။။
စိတ်ပါရင် တင်ပါအုန်းမယ်..။










ဒီသီချင်းကို youtubeမှာ တင်ပေးတဲ့အတွက်..
လင့်လာချပေးတဲ့အတွက်..
အထူးကျေးဇူးတင်ပါတယ်..။။

မျှော်လင့်ချက်သာ မထားခဲ့ရင်..



မျှော်လင့်ချက်သာ မထားခဲ့ရင်


မမျှော်လင့်ရဲတဲ့ အချစ်တွေနဲ့
ရင်မှာချစ်ခဲ့ပြီးသည့်နောက်မှာ...
ကြင်နာတတ်သော အသည်းဟာ..
ဖြတ်တောက်မရတဲ့ကြိုးတွေနဲ့..
အခိုင်အမာရစ်ပတ်ငြိတွယ်ခဲ့ပြီပဲ...


မှောင်မိုက်သော ငါ့ဘဝမှာလည်း
သူသာ အလင်းတန်းလေး ဖြစ်ခဲ့တယ်..
ရင်ခုန်တတ်သော ..အချစ်သာ..
ငါ့ရဲ့ နှလုံးသား မီးအိမ်ငယ်..
မျှော်လင့်ခြင်းနဲ့ တောက်ပအသက်ဝင်ခဲ့..


မျှော်လင့်ချက်သာ မထားခဲ့ရင်..
ငါ ဒီလိုခံစားရမယ် မထင်ဘူး..
မျှော်လင့်ချက်သာ မထားခဲ့ရင်..
ငါဒီလို ငိုကြွေးရမယ် မထင်ဘူး..
ချစ်သူလေး...
ငါဟာ...
ဘဝနဲ့ရင်းကာ ချစ်ခဲ့..
ဘဝနဲ့ရင်းကာ ဆုံးရှုံးခဲ့လေရဲ့..

အိပ်မက်လေးတစ်ခု မက်သလိုပဲ..
အရာရာ အားလုံးပျောက်ပြက် လွှင့်ပျယ်..
ငါပိုင်ဆိုင်ခွင့်ရှိတာ..
ဆုံးရှုံးခြင်းနဲ့..
မျက်ရည်ပဲ...
ကြင်နာခြင်းများမရှိရင်..
ငါ့ဘဝ..
အဓိပ္ပါယ်မဲ့..



21 comments:

  1. ချစ်ပေါက်...
    ကိုယ်လဲ အခုတလော အဲဒီ ထူးအိမ်သင်ရဲ့ ဒုတိယအခွေ မှော်ဆရာ အိပ်မက်ကို နားထောင်ဖြစ်နေတယ်...။ ပထမအခွေလောက် မပေါက်ဖူးဆိုပေမယ့် ကိုယ်ကတော့ ဒီအခွေကို ပိုကြိုက်နေတယ်...။

    ချိုမြိန်ပျားရည် ဓါးသွားလို ကြောက်စရာ ဟန်ဆောင်ကောင်းတယ်...
    ရီဝေတဲ့သူ့ အပြုံးလေးတွေထဲမှာ အရည်ပျော်သွားမယ်...
    သွေးထွက်တော့မှ ဆူး စူးခဲ့မှန်းကို သဲကွဲပြီး နားလည်ခဲ့... ... ...

    သီချင်းတွေ ဆက်ဆိုပါ ပေါက်...
    ချန်းချန်းလေးကိုလဲ နှုတ်ဆက်ပေးပါအုံး...း))

    ReplyDelete
  2. ထူးအိမ်သင်သီချင်းတို့တွေကို အရမ်းကြိုက်တဲ့အထဲ တို့လည်းပါတယ်။
    သူ့သီချင်းတော်တော်များများက အဓိပ်ပါယ်အရမ်းလေးနက်တယ်လို့ ခံစားမိတယ်။

    ReplyDelete
  3. သာယာတဲ့ ချစ်စကားတွေနဲ့
    ကိုယ်..ကြာရင် ရူး..မယ်


    အိုး.ဟိုဟို..အဟားဟ..
    အချစ်ဆုံးလို့ ..သူပြောတယ်..

    အချစ်ဆုံးလို့..မပြောနဲ့...
    ကောင်မလေးရယ်..

    သူငယ်ချင်းတွေ တားမြစ်တဲ့စကားကို
    ကိုယ်မယုံခဲ့ဘူးကွယ်..
    ရင်မှာ မင်းတစ်ယောက်တည်း ချစ်ခဲ့ဖူးတာ.
    ကိုယ်သိပ်မှားတယ်..

    ReplyDelete
  4. 3D ရုပ်ရှင် ကြည့်လို့ မရတဲ့ မသီတာ...
    နားကြပ်နဲ့လည်း နားထောင်လို့ မရပါဘူးကွယ်...


    မသနားပါနဲ့ ပေါက်

    ReplyDelete
  5. ဝါသနာကိုမပါတာ ပေါက်ရယ်
    ကိုယ့်ကို ခွင့်မလွတ်ပါနဲ့။

    ReplyDelete
  6. မျှော်လင့်ချက်သာ မထားခဲ့ရင်
    ကိုယ်ဒီလိုခံစားရမယ် မထင်ဘူး...
    မျှော်လင့်ချက်သာ မထားခဲ့ရင်
    ကိုယ်ဒီလို ငိုကြွေးရမယ် မထင်ဘူး...
    အိုး... ချစ်သူလေး... ငါဟာ ဘဝနဲ့ရင်းကာ ချစ်ခဲ့... ဘဝနဲ့ရင်းကာ ဆုံးရှုံးခဲ့ပြီပဲ...

    ReplyDelete
  7. အဲဒီသီချင်းခွေထွက်တော့ တက္ကသိုလ်တောင် မတက်ရသေးဘူး၊
    ဆယ်တန်းအောင်ပြီး ဝေလေလေ ဖြစ်နေတဲ့ အချိန်ဖြစ်မယ်။
    မျှော်လင့်ချက်သာ မထားခဲ့ရင်ကတော့ သိပ်ကြိုက်တာပေါ့၊

    ReplyDelete
  8. အိပ်မက်လေး တစ်ခုမက်သလိုဘဲ အရာရာအားလုံး ပျောက်ပျက်လွင့်ပြယ် ငါပိုင်ဆိုင်ခွင့်ရှိတာ ဆုံးရှုံးခြင်းနဲ့ မျက်ရည်ဘဲ ကြင်နာခြင်းများမရှိရင် ငါ့ဘ၀အဓိပ္ပါယ်မဲ့............................။

    ReplyDelete
  9. ပေါက်ပြောတဲ့သီချင်းနှစ်ပုဒ်လုံး ကြိုက်တယ်..
ူတစ်ရက်လောက် မျက်နှာမှာ သီချင်းဆိုရအောင်လေ..တူးလေဒီရိုးပေါ့။
း)

    ReplyDelete
  10. မွန်...
    ပေါက် တယောက်ထဲပဲ မခေါ်ပါနဲ့
    ကိုယ်လဲ ပါမယ်...
    မျက်နှာစာအုပ်မှာ သီချင်းဆိုရင် ခေါ်ပါ...း))

    ReplyDelete
  11. လာမျက်ရည်ကျသွားတယ်၊ လွမ်းလိုက်တာ ပေါက်
း(

    အိတ်စ်ယောင်းစ်

    ReplyDelete
  12. ကဗျာလေးကိုခံစားသွားတယ်.။ မျှော်လင့်ချက်သာ
    မထားခဲ့ရင်.........

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  13. http://www.animated-gifs.eu/birds-penguins-12/0072.gif

    ReplyDelete
  14. မျက်ရည်ဝဲရုံ သီချင်းက ငယ်ငယ်က ဇာတ်လိုက်သီချင်းပေါ့...ခွိ ..
    မေ့နေတာတောင်ကြာရော့.... ပေါက် အစဖော်ပေးမှပဲ။ အမှန်တိုင်းဝန်ခံရရင် ငယ်ငယ်ကတည်းက အဲဒီသီချင်း ကြိုက်ပေမယ့် သိပ်နားမထောင်ဖြစ်ဘူး၊ သီချင်းနားထောင်ပြီး သောကမျက်ရည်ဗူးသီးလုံးလောက်ကျချင်တဲ့ ကိုယ့်ကိုယ်ကိုယ် တောက်ညင်ကတ်လို့။


    qifxHk

    ReplyDelete
  15. မှော်ဆရာအိပ်မက် တစ်ခွေလုံးကို ဟာမိုနီလိုက်ပေးတာ အောင်မင်း ( မှုံရွှေရည်)်တဲ့ ကြားလိုက်တဲ့ အချိန်တုန်းက ဘယ်လိုကြည်နူးမိမှန်း မသိဘူး.. ဒါကြောင့် ဟာမိုနီ ကအရမ်းကောင်းတာလို့ထင်မိတာ......။

    ReplyDelete
  16. Anonymous Anonymous said...

    မှော်ဆရာအိပ်မက် တစ်ခွေလုံးကို ဟာမိုနီလိုက်ပေးတာ အောင်မင်း ( မှုံရွှေရည်)်တဲ့ ကြားလိုက်တဲ့ အချိန်တုန်းက ဘယ်လိုကြည်နူးမိမှန်း မသိဘူး.. ဒါကြောင့် ဟာမိုနီ ကအရမ်းကောင်းတာလို့ထင်မိတာ......။

    May 30, 2010 2:56 PM

    There are multiple tracks of overdubbed harmonies in this album. No other album produced in burma, even htoo ein thein's later albums, have that rich harmony tracks. The best harmony tracks ever.

    ReplyDelete
  17. ဟုတ်..
    အခုလို လာပြောပြပေးတဲ့အတွက် ကျေးဇူးပါ
    အဲဒီ လီယိုနာ့ဒ်က (အောင်မင်း)တီဗွီမှာလာတဲ့သီချင်းတွေကိုလဲ ယူကျုမှာတင်ပေးထားတာ ရှိတယ်နော်..။

    ReplyDelete
  18. http://www.youtube.com/user/USannAung#g/c/92F9048D22C5EE06

    PAUK said...

    ဟုတ်..
    အခုလို လာပြောပြပေးတဲ့အတွက် ကျေးဇူးပါ
    အဲဒီ လီယိုနာ့ဒ်က (အောင်မင်း)တီဗွီမှာလာတဲ့သီချင်းတွေကိုလဲ ယူကျုမှာတင်ပေးထားတာ ရှိတယ်နော်..။

    May 31, 2010 8:13 AM

    ReplyDelete
  19. ပြောချင်ဇော အားကြီးသွားတယ်..
    လီယိုပါ..
    လီယိုနာဒ်က မောင်မောင်လွင်..(ထင်တာပဲ)
    မှတ်မိသလောက်ပြောရရင်ပေါ့..
    ကျေးဇူး..
    ကျေးဇူး..

    ReplyDelete
  20. ပေါက်ရဲ့ မျက်ရည်ဝဲရုံသီချင်း ကိုယ်သိပ်ကြိုက်တာ
    ကျေးဇူး ကျေးဇူး

    ReplyDelete