5/17/2010

အငွေ့အသက်

အငွေ့အသက် (၁)

မုန့်.............စိမ်း..ပေါင်းး............

ပဲပြုပ်.....ကောက်ညှင်းပေါ်င်း..ဆိုတဲ့..အသံနဲ့..မနက်ခင်းကိုအစပြုသံတွေ..

မန်းလေးကို..မန်းလေးကိုဆိုတဲ့ ကားဂိတ်က ခရီးသည်ခေါ်သံတွေ..

နေပူစာလှုံသူတွေနဲ့ ပြည့်နေတဲ့ လမ်းထောင့်..

မနက်၆ခွဲရင် ထိုးဆိုက်လာတတ်တဲ့..သုံးဆယ်သွားနွားနို့ကား...

ဒင်ဒေါင် ဒေါင်ဒင်...ဒင်ဒေါင် ဒင်ဒေါင် ဆိုတဲ့ နာရီစဉ်က လာတဲ့အသံ..

ငါး..တစ်ဆယ်...ဆယ့်ငါး..နှစ်ဆယ်..ဆိုတဲ့ အိမ်ကလုပ်ငန်းရဲ့ ရေတွက်သံတွေ..

ဆီဈေး..ပဲဈေး..မီးသွေးဈေး... ကြက်သွန်နီဈေး..ကြက်သားဈေး...ခရမ်းချဉ်သီးဈေး

မေးသံ....ပြောသံ...ဆိုသံတွေ...



အငွေ့အသက် (၂)

တနင်္လာနေ့တွေရဲ့ တိုက်ပွဲတွေ..
ကင်မ်ချီးနံ့တွေ လွှမ်းတဲ့ စကားသံတွေ..
ဆိုင်ကယ်သံတွေ..
၁၁၉ အသက်ကယ်ကားသံတွေ..
အလုပ်ရဲ့ဖိအားတွေ..
ညဉ့်နက်သန်းကောင်ထိ မအိပ်နိုင်ခြင်းတွေ..
ကြက်ကောင်လုံးကင် အော်ရောင်းသံတွေ..
ညဈေးက ဆူညံခြင်းတွေ..
..............
.............

အငွေ့အသက် (၃)

မနက်ခင်းက တိမ်တွေ...
နေ့လယ်ခင်း တိမ်တွေ..
ညနေခင်း တိမ်တွေ...
အမြဲလိုလို တိမ်ဖုံးနေတတ်တဲ့ ညတွေ..
လမ်းဘေးက သဘာဝအရိပ်အရောင်တွေ..
Z ကို ဇီးလို့ အသံမထွက်ပဲ ဇက်လိုပဲ အသံထွက်ဟန်တွေ..
ဘတ်စ်ကားပေါ်က မေ့မရနိုင်တဲ့ ရနံ့လေးတွေ..
မြေအောက်ရထားပေါ် အစားစားခွင့်ရနိုင်မှုတွေ..(ရနံ့လေးတွေ ပျံ့လွှင့်လာရင်းပေါ့)
.................
.................

ဘဝမှာ အငွေ့အသက် သိပ်များများမကြုံခဲ့ဖူးပါဘူး..။
ဒါပေမယ့်..
၁) ကိုရောက်ရင် ၂)ကိုသတိရ..
၂) ကိုရောက်ရင် ၃)ကိုသတိရတတ်စေတာ သိပ်ဆိုးတာပဲ..။။



မှတ်ချက်။။ ။။
အငွေ့အသက်တွေအကြောင်းပြောရရင် အများကြီးပါပဲ..။။
အချိန်မပေးနိုင်သေးလို့ပါ...။။နောက်ရက် အချိန်အားရရင် ထပ်ဖြည့်စွက်ချင်ပါသေးတယ်..။။


















16 comments:

  1. looking forward ur remaining "အငွေ့အသက် ".

    ReplyDelete
  2. နိုင်ငံ ၃နိုင်ငံက အငွေ့အသက်တွေပေါ့။ :)

    ReplyDelete
  3. ဘယ်မလဲ စီဘောက် အငွေ့အသက်တွေ..

    ReplyDelete
  4. ရေးမယ့် ရေးတော့လည်း စတိုင်လ် အမိုက်စားပဲ၊
    ကြိုက်တယ်၊
    ၁) ကိုရောက်ပြန်တော့ (၂) ကို အောင့်မေ့၊
    ဓမ္မတာပါပဲ။

    ReplyDelete
  5. "အငွေ့အသက် "တွေ လာရောက်ခံစားသွားပါတယ်။
    အတူတူပါပဲ။

    ReplyDelete
  6. သတိရနေတာ.
    စိတ်ပူသလိုတောင်ဖြစ်မိတယ်။

    ReplyDelete
  7. ချစ်ပေါက်လည်း လွမ်းနေ သတိရနေရတာ.. များလှပီ..
    ပင်ပန်းရောပေါ့

    ReplyDelete
  8. နောက်ဆက်ရေးရင်
    ဘလော့ဂ် အငွေ့အသက် ကို ပါးပါးလေး ဖြစ်ဖြစ် ထည့်ဖြစ်အောင် ထည့်စေချင်တယ်...
    ပိတ်သတ်ကြီးမှ တောင်းဆိုသွားပါတယ်

    ReplyDelete
  9. အားလုံးဟာ ပျော်ရွှင်ခဲ့တယ်ဆိုရင် သတိရစရာချည်းပဲပေါ့။ မပျော်ရွှင်ခဲ့ရင်တော့ စိတ်ကြေးမုံမှာ အလိုလို မှိန်သွားမှာပဲပေါ့။ အခု သတိရနေတယ်ဆိုတော့ ၀မ်းသာစရာပဲပေါ့..

    ReplyDelete
  10. ပေါက်ရဲ့ အငွေ့အသက်လေးတွေကို ဖတ်ပြီး လွမ်းသွားပါတယ်။

    ReplyDelete
  11. ex ယောင်းမMay 19, 2010 at 4:35 PM

    လူတွေကျ လွမ်းတယ် မပြောဘူး

    ReplyDelete
  12. အမ်မယ်..EXယောင်းစ် ဆိုပါ့လား..
    လူတွေကလွမ်းလောက်လို့လား။။
    မယ်ဆင်>>ဆက်ရေးချင်စိတ်ပျောက်နေတယ်.
    ZT>>ဟုတ်တယ် ကိုဇက်တီရေ..ဒါလေးပဲ..
    မစူးနွယ်.>>၂က ထားဝယ်လေ..
    ၃က ဒလ ပြောင်းပြန်..
    မြိုး>>စီဘောက်အငွေ့အသက်ကို ကျုပ်မကျွမ်းပါဘူးတော်..

    မအပြုံးပန်း>>ရေးချင်ရာ ရေးလိုက်တာ..
    မရှင်လေး>>အားလုံးဘဝတူတွေပါပဲ..
    (ထင်တယ်)

    မမ>>သတိရစိတ်ပူပေးတဲ့အတွက် ကျေးဇူး.

    နညလေး>>သတိရတာတွေ လွမ်းတာတွေ
    ဆွေးတာတွေ ဖြစ်တတ်လို့ ဘလော့ဂ် ရေးဖြစ်တာ ထင်တာပဲ..
    နောက်လဲ ရေးဖြစ်နေအုန်းမယ်ထင်တယ်..
    အားနာပါတယ်..။။

    မသီတာ>>ဘလော့အငွေ့အသက်ကို မသီတာပြောမှ သတိရသွားတယ်..
    ဟုတ်တယ်..ဒါလည်း အငွေ့အသက်တစ်ခုပဲ..

    မလှထုံ..
    ကျနော်တော့ ပျော်ရွှင်ခဲ့တာကိုသတိရပါတယ်..
    မပျော်ရွှင်တာလည်း မေ့လို့မရပါဘူး..
    ဟားဟား

    မလုလုရေ..
    တလောက သွားခဲ့တဲ့နေရာကိုသတိရနေပြီ
    မို့လား..

    ReplyDelete
  13. အငွေ့အသက်တွေ... ဘဝမှာကိုယ့်ကိုလွှမ်းမိုးနေတဲ့ အငွေ့အသက်တွေကို မျှဝေခံစားသွားပါတယ်....

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete