2/01/2010
ကိုယ့်အကြိုက်
အိမ်အပြောင်းအရွေ့အတွက် အိမ်ရှင်းရင်း ကိုယ့်ချစ်ထဘီလေးတွေတွေ့တော့..
ဓါတ်ပုံရိုက်မိပါတယ်..။။
ငယ်ကတည်းက ထဘီဝတ်ရင် တရုတ်ပွင့်ရိုက်နဲ့ ချည်ချိတ်ပဲ နှစ်နှစ်သက်သက် ဝတ်ခဲ့တာပါ။။
တခြားပြောင်စတွေလည်း ဝတ်ဖြစ်ပေမယ့် နည်းပါတယ်။။
လူတကာတွေ ပြောတဲ့ ပါတိတ်တွေ ကီမိုနိုတွေနဲ့ မရင်းနှီးခဲ့ပါဘူး။။
ပုံမှာပါတဲ့ တရုတ်ပွင့်ရိုက်၂ထည်ထဲက ထဘီအနီရောင်လေးက ညီမလေးထဘီပါ။။
၂၀၀၅ ပြန်တုန်းက ရန်ကုန်မှာပဲ သောင်တင်နေလို့ သူ့ရဲ့ထဘီကောက်ဝတ်ရင်း ယူလာတာ။။
နောက်တစ်ထည် ပွင့်ရိုက်ကလေးကတော့..ကျနော်နဲ့ အတူရှိနေတာ..၁၀နှစ်ကျော်ပါပြီ။။
နွမ်းလွန်းပြီး အတော်ဝတ်လို့ကောင်းပါတယ်။။
အလယ်တန်းက မီးခိုးခံမှာ ပန်းရောင်ချိတ်ထဘီက မှတ်မှတ်ယယ ညီမလေး ဘွဲ့ယူတုန်းက။။
၂၀၀၆ တုန်းကပါ။။
ကျနော်တာတွေကတော့ သူများလက်ဆောင်ပေးတာတွေပါ။။တစ်ချို့ဆို ချုပ်တောင် မချုပ်ရသေးဘူး။။
ထဘီတွေသာရှိတာ..အပြင်ထွက်ပြီး မဝတ်ဖူးပါဘူး။။ နွေရာသီမှာ ဘုရားဝတ်ပြုတဲ့အခါ
ဝတ်မိတာကလွှဲလို့ စိတ်ကူးပေါက်ရင် ထဘ်ီလေးတွေ ထုတ်ကြည့်ပြီး ဝတ်ကြည့်ပါတယ်။။
ပြီးတော့လည်း ပြန်သိမ်းထားရပြန်ရော..။။
မြန်မာပြန်တိုင်း ထဘ်ီဝတ်ဖြစ်အောင် ဝတ်ပါတယ်။။ ငှက်ခါးပြာရောင် ချည်ချိတ်ထမီလေး။။
ပြန်တိုင်းဝတ်လွန်းလို့ အိမ်နီးနားချင်းတွေကတောင် တခါလာလဲ ဒီထမိန်...
နှစ်ခါလာလဲ ဒီထဘီ.လို့တောင် ပြောယူရပါတယ်။။
ချည်ချိတ်လေးတွေက ဝတ်တာကြာလေလေ..ဝတ်လို့ကောင်းလေလေမို့ပါ။။(ဟီးးဟီးး)
နောက်အကြိုက်တစ်မျိုးက ကတ္တီပါကြိုးနဲ့ သားရည်ဖိနပ်ပါ။။
ဖိနပ်ဆို ပန်းသီး သားရည်ဖိနပ်ပဲ ဝတ်ပါတယ်။။
(အိမ်ရှင်းရင်း သိမ်းရင်းမို့ ထမိန်တွေ သေချာ မခေါက်မိပဲ ရိုက်မိတာ ခွင့်လွတ်တော်မူကြပါကုန်..
အိမ်သိမ်းရင်း ဝမ်းနည်းနေတယ် ...ဝမ်းနုတ်ဆေး မစားခိုင်းပါနဲ့ ..
ဒီက ရင်ထဲကနေ ဝမ်းနည်းနေတာ..။။)
မချစ်ကြည်အေး အကြံပေးလို့ ဒီပို့စ်ကို ခင်ရတဲ့ ညီအစ်မများကို တက်ဂ်ချင်ပါတယ်..။။
ကျနော် တက်ဂ်လိုသူများကတော့....
၁) မခင်ဦးမေ
၂)မသီတာ
၃)မသက်ဝေ
၎)မချစ်ကြည်အေး
၅)မသိင်္ဂ
၆)မမီယာ
၇)မလှထုံ
၈)မရှင်လေး
၉)မသုနှင်းဆီ
၁၀)မစူးနွယ်
၁၁)မခင်မင်းဇော်
တို့ကို တက်ဂ်ပို့စ်လေး ရေးပေးစေချင်ပါတယ်။။
နောက်ပြီး မြိုး ..ဆင်ဆင်နဲ့ မေ့ကိုလည်း ရေးစေချင်ပေမယ့်..
သူတို့က အိမ်ယာမဲ့လေးတွေဆိုတော့ မတောင်းဆိုတော့ပါဘူးလေ..။။
ဆရာမ မမေငြိမ်းဆီမှာလည်း ချိတ်ထဘီလေးတွေ အတော်များများရှိပုံရတယ်။။
မအားမှာစိုးလို့ မတောင်းဆိုရဲပါ။။
33 comments:
  1. အပြာလေးရယ် ပန်းရောင်လေးရယ်ကြိုက်တယ်။
    ထမီ အပြာလေးတထည်ကိုလျှော်လိုက်တာ အရောင်တွေကျွတ်သွားလို့  :( မီးခိုးနဲ့ အနက်ချိတ်
    လေးလည်းလှတာပဲ။
    ReplyDelete
  2. ၁. တို့မှာလည်း တရုတ်ပိတ်ချည်းဘဲ ထုတ်ရိုက်လိုက်ရ ဟင်း
    ၂. အနီလေးနောက်ဆုံးကြိုက်သည်
    ၃. ဝမ်းမနည်းပါနဲ့ အားလုံးအဆင်ပြေပသည်။
    ReplyDelete
  3. အိမ်ပြောင်းလို့ မသယ်နိုင်ရင် မီးခိုးရောင်ချိတ်လေးကို ဒီဘက်ကို လှမ်းပို့လိုက်ပါလေ။ သနားအောင်ပြောရမယ်ဆို
    မင်လာဆောင်တုန်းက ထမီတစ်ထည်ပဲ အကောင်းရှိတယ်။
    ကျန်တာတွေစုတ်ကုန်ပြီ။ ကိုယ့်ဟာကိုယ်ပိတ်စ၀ယ်ပြီး
    လက်စွမ်းပြလိုက်ရကောင်းမလား။
    ReplyDelete
  4. အပြာလေးကြိုက်တယ် လှမ်းပို့လိုက်ပါ လိပ်စာပေးမယ်
    ပေါက်ပေါက်ဆုပ်နဲ့ ကန်စွန်းရွက်
    ReplyDelete
  5. ချည်ထည်လုံချည်လေးတွေက သိပ်ဝတ်လို့ကောင်းတာပဲ..
    အလျှော်တော့မခံဘူး အဟောင်းမြန်တယ်..
    ယောလုံချည်လေးတွေလည်းကောင်းတယ် ဝတ်လိုက်ရင် ချပ်ချပ်ရပ်ရပ်ရှိတယ်..
    ReplyDelete
  6. ပေါက်ကမှ မသီတာထက်တောင် လုံချည်တွေပေါသေး
    ဟွန့် မနာလိုဘူး
    ReplyDelete
  7. ထမိန်လေးတွေ လှလိုက်တာ ပေါက်ရယ်..
    တို့လဲ ချည်ထမိန်လေးတွေ ၀တ်ရတာ သဘောကျတယ်။ ကချင်ထမိန်လေးတွေ ယောထမိန်လေးတွေဆို သိပ်ကြိုက်တာ..။ ဒါပေမဲ့ စည်ပိုင်းရှိတ် မို့ ထမိန် နဲ့ မလိုက်တာတောင် ၀တ်ချင်တုန်းပဲ။
    ဘယ်ပြောင်းမှာလဲ။ တို့တွေဘက် ပြောင်းလာလေ.. :)
    ReplyDelete
  8. ချည်ထမိန်လေးတွေ ၀တ်ရတာ သဘောကျတယ်။ ကချင်ထမိန်လေးတွေ ယောထမိန်လေးတွေဆို သိပ်ကြိုက်တာ..။
    အပြာလေးကြိုက်တယ်
    momiji
    ReplyDelete
  9. ဗမာချည်ထမီလေးတွေကကောင်းတယ် တခါဝတ်ထားရင်တနေ့လုံးပြနပြင်ဝတ်စရာမလိုလောက် အောင်ကိုမြဲနေတာ..ယောထမီအကြိုက်ဆုံးပဲ...
    ရွှေတိုင်ညွန့်ရေးတဲ့ ယောဆရာဆိုတဲ့သီချင်းလေးတောင် သတိရသွားတယ်..
    ဒါနဲ့ ဘာလို့ဝမ်းနည်းနေတာလဲ
    ReplyDelete
  10. ပေါက်ရေ...ထမီလေးတွေ အကြိုက်တူလိုက်တာဟယ်...ရိုက်ပြီးတောင် တင်ပြ လိုက်ချင်တယ်...အဆင်လေးတွေတူ...အရောင်လေးတွေပဲကွဲတာ...တို့မှာ...ထမီတွေမှ အများကြီးရယ်...ပြန်တိုင်းအမေကချုပ်ထည့်ပေးလိုက်တာ...သိတ်မဝတ်ဖြစ်ပေမဲ့ သိမ်းထားရတာကို ကြိုက်တာ...ခုတောင်...ပေါက်ရဲ့ ချည်လုံချည် အနီဆင်လိုမျိုး အနက်ခံပွင့်ကလေး အိမ်နေရင်း ဝတ်ထားသေး...:))
    ReplyDelete
  11. တူတယ်၊ ပါတိတ်တွေ ကီမိုနိုတွေ ရှောရှောရွှိရွှိတွေ တခါမှကို မဝတ်ဖူးဘူး၊ ယောနဲ့ ချိတ်နဲ့ပဲ ပြန်တိုင်း ၁၀ ထည်လောက်ကို ပါတ်ဝတ်တယ် (၁၀နှစ်အတွင်းမှာ).. တခါသွားရင် ၁ ထည်လောက်တော့ အသစ်ရတတ်ပါတယ်
    ဘွဲ့ယူတုန်းကလဲ ချိတ်တွေနဲ့ပဲး)
    ReplyDelete
  12. ပေါက်ရေ
    ထမိန်ကတော့ အသားကုန်ကြိုက်တယ်
    ကိုယ်က ထမိန်စကတ်ထက် ထမိန်ကွင်းလိုက်ကို ၀တ်ရတာကို ပိုကြိုက်တယ်
    ပြီးတော့ ချည်ထည်လေးတွေ အရမ်းကြိုက်တယ်။
    ချိတ်လုံချည်လည်း ကြိုက်တယ် ဒါပေမယ့် အရပ်က ပုတော့ ချိတ်လုံချည်ဝတ်ရင် ခါးမှာ ဖုနေတယ်
    ဘာလို့ ၀မ်းနည်းနေတာလဲဝေ
    မောင်နှမတွေအားလုံးအနားမှာ ရှိနေပါတယ်
    ReplyDelete
  13. စကားမစပ်
    ဒေါ်သုနှင်းဆီ
    ထမီတစ်ထည်ပဲရှိတယ်ဆိုတော့
    ရေချိုးပြီးရင် ရေချိုးခန်းထဲကနေ ဘယ်လိုထွက်လာလဲ
    :D
    နောက်တာနော်
    ReplyDelete
  14. ထမီပို့စ်ဆိုတော့ အမျိုးသမီးထုကြီးတစ်ခဲနက် ဝိုင်းမန့်လိုက်ကြတာ .. :)
    နာ့မှ စပန့်ထမီတွေအများကြီးပါတယ်။ ကချင်ထမီရော၊ပါတိတ်အညံ့စားရောပါတယ်၊ ယူဦးမလား။
    ReplyDelete
  15. facebook ပေါ် တင်ပေးမယ်လေ၊ အဟတ်၊ ဒီကို နှစ်ထည်လားပဲ ယူလာတယ် ပေါက်.. ဘွဲ့ယူတုန်းက ဝတ်တာတွေ၊ ပိုးချိတ်ခေါ်လား မသိ၊
    ReplyDelete
  16. ပေါက်... လုံချည်လေးတွေက ချစ်စရာလေးတွေ...
    ပေါက်ပုံစံနဲ့ လုံချည်ကြိုက်လိမ့်မယ်လို့ မထင်မိဘူး...
    ပေါက် တက်ဂ်ထားတာ...
    အင်း... ခက်တော့ခက်တယ်...
    ဒါပေမယ့် တနည်းတဖုံ ကြံစည်ပြီး ရေးမယ်လေ...း))
    ဘယ်သွားမလို့ ပစ္စည်းသိမ်းနေတာလဲ...
    ပြောပြအုံးနော်...
    (အစစ အဆင်ပြေပါစေ...)
    ReplyDelete
  17. ပေါက်..ဘယ်သွားမှာမို့လဲ..
    ညက အဲဒါမေးဖို့ မေ့သွားလို့
    ReplyDelete
  18. အဟိ ဟိ...ပျော်ထာ...ကြွားရ....အဲလေ...ရေးရတော့မယ်...ဟို...အပေါ်က ထမီမရှိသူများ ပတ်နေကျ စောင်ကလေးတွေ တင်ပေါ့ကွယ်...ငှဲငှဲ...မယ်သက် နဲ့ ညီမ မွန် အကြံပေးမယ်လေ လုံချည်လေး တထည်ကို အတည့်ရိုက် ပြီးတော့ ပြောင်းပြန် လှန်ပြီးရိုက်...ပြီးတော့ မတူတဲ့ ဒီဇိုင်းလေးတွေ ပေါ်အောင် အမျိုးမျိုး ခေါက်ပြီးရိုက်...ဟိ..ဟိ....ဟောဒီက ထမီတွေ ဓါတ်ပုံရိုက်ဖို့ ငှားမယ်...ငှားမယ်...:))
    ReplyDelete
  19. မြိုး ..ဆင်ဆင်နဲ့ မေ့ကိုလည်း ရေးစေချင်ပေမယ့်..
    သူတို့က အိမ်ယာမဲ့လေးတွေဆိုတော့ မတောင်းဆိုတော့ပါဘူးလေ..။။
    (အိမ်ခြေယာခြေမဲ့လေးတွေဆိုတော့ မျက်နှာငယ်ရတာပေါ့လေ..)
    ဒီမှာတော့ စီလွန်လုံချည် တထည်ပဲရှိတယ်..
    မြန်မာပြည်ပြန်မှ လုံချည်တွေ ဓါတ်ပုံ ရိုက်ယူလာခဲ့ရမလား..
    ဟင်း စိတ်ကြီးတယ်နော်..
    ReplyDelete
  20. တသက်နဲ့တကိုယ် ပထမဦးဆုံးတက်ဂ်ခံရတဲ့ ပို့စ်ပါလား.. ၀မ်းသာအားရ ရေးပေးရမှာပေါ့ပေါက်ရယ်...စောင့်ဖတ်နော်..
    Mae ကိုတွေ့ရင် ပြောလိုက်ပါ...ဘယ်တော့ပြန်လာမှာလဲ.သတိရတယ်လို့
    ReplyDelete
  21. ပေါက်ရေ... ဖတ်ပြီး ပြန်သွားတာ... အလုပ်တွေ ရှုပ် စိတ်တွေ ရှုပ်နေလို့.. တက်ဂ်ထားလို့ စိတ်ပါသွားပြီး မနက်ဖြန်ကျ ရေးမယ်နော်...
    ReplyDelete
  22. ပေါက်ရေ..ဘယ်ပြောင်းမို့ တုန်း..
    လုံခြည်တထည်လောက် လက်ဆောင်ပေးချင်လို့...း)
    ReplyDelete
  23. ၁) မခင်ဦးမေ
    ၂)မသီတာ
    ၃)မသက်ဝေ
    ၄)မချစ်ကြည်အေး
    ၅)မသိင်္ဂီ
    ၆)မမီယာ
    ၇)မလှထုံ
    ၈)မရှင်လေး
    ၉)မသုနှင်းဆီ
    ၁၀)မစူးနွယ်
    ၁၁)မခင်မင်းဇော်
    you need to remove extra "//http" if you want links working.
    ReplyDelete
  24. စတိမှာ ထမိန်ရှိလို့လား သူကဝင်ရေးနေတယ်။
    ReplyDelete
  25. အိမ်ယာမဲ့ဆိုတာဘာပါလိမ့်လီု့စဉ်းစားသွားသေးတယ်။ဖဘနဲတွစ်တာရှိတာဘဲ အဲဒိမှာ ရေးခိုင်းပါ။
    ReplyDelete
  26. လာဖတ်ပြီးကာမှသူက တပ်နေတာ .
    ReplyDelete
  27. ခင်တဲ့ မင်တဲ့သူ အချင်းချင်း ချစ်တဲ့ လုံချည်လေးတွေ အကြောင်း ပြောရတာ၊ နားထောင်ရတာ၊ ကိုယ့်အကြိုက် သူ့အကြိုက် တူတာတွေလည်းရှိ၊ ကွဲတာတွေလည်းရှိ အပြန်အလှန် အလုအယက်ပြောကြ ပျော်တယ် ပေါက်ရယ်...
    ReplyDelete
  28. tag ပို့စ်တွေ လိုက်ဖတ်တာ အတော်များများ ထမိန်ချည်းရေးနေကြတယ်။ ဘယ်သူက စလိုက်တာလဲ မသိဘူး။
    ထမိန် လို့ အသံထွက်ပေမဲ့ ထဘီလို့ ရေးရတာ ဆရာမကြီများ ပမာဒ လေခနေကြလေသလား။ ဖတ်ရတာ မျက်စိ စပါးမွှေးစူးလွန်းလို့ပါ။
    ReplyDelete
  29. Ghost...
    ကျေးဇူးပါ..
    ကျနော်လည်း သေချာမသိတော့....
    လိုက်ပြင်မိပါတယ်..
    အခုပြန်ပြင်လိုက်ပါဦးမယ်..။။
    လာလည်တဲ့အတွက်ကျေးဇူး။။
    ReplyDelete
  30. သက်ဝေ ပြောလို့ ပေါက်တဂ်တဲ့ စာရင်းထဲ အမ ပါတယ် သိရတယ်။ ဘလော့မရေးတာ ကြာနေတဲ့ အမကို စာပြန်ရေးအောင်မြှုဆွယ်လိုက်တာကိုးးး
    ရေးပေးပါ့မယ်နော်..
    အမခင်မင်းဇြေ်
    ReplyDelete
  31. ဟာ.. ပေါက်ကွာ.. နာ့ကိုလည်းမတက်ဂ်ဘူး.. ဟင်း..
    ReplyDelete
  32. ပေါက်ရေ.. မအားတာနဲ့ မရောက်တာကြာလို့ တက်ဂ်ထားမှန်းတောင် မသိဘူး.. မသီတာက ကိုယ့်အကြိုက် တက်ဂ်ပို့စ်တွေရေးလိုက်..သင်းနွယ်ဇင်က ရေးလိုက်နဲ့ ဆိုတော့ ကိုယ်လည်း အူကြောင်ကြား ဘာတွေပါလိမ့်ဆိုပြီး ရာဇ၀င်ပြန်လိုက်နေရင်း ရောက်လာတာ...အွန်လိုင်းမတက်ဖြစ်တဲ့အချိန် ပေါက်ရဲ့ ပို့စ်တက်သွားတာ မသိလိုက်လို့..ရေးမယ်နော်ပေါက်ရေ... :)
    အဲ.. လုံချည်လေးတွေက ၀င်ငေးသွားတယ်...ပြီး မြင်ယောင်ကြည့်မိတယ်.. အရပ်မြင့်မြင့်နဲ့ ပေါက်ကို....
    ReplyDelete
  33. ပေါက်ရေ… ပေါက်ထမီလေးတွေက အကုန်ချစ်စရာကောင်းတယ်… အမလဲ ပေါက်လိုပဲ… ပါတိတ်၊ ကီမိုနို လုံးဝမကြိုက်ဖူး… အဆင်နုတ်နုတ် တရုတ်ပိတ်လေးတွေကို ချစ်တယ်… မြန်မာပြည်ပြန်ရင် ခရီးထွက်တဲ့အချိန်ကလွဲလို့  ထမီပဲ ၀တ်ဖြစ်တယ်… အဲဒီအရသာက ဘာနဲ့ မှမတူဘူးလေ…
    ReplyDelete