12/06/2009

ရာသီ




ရာသီပြောင်းတော့ အသက်ရှုကြပ်ပါတယ် ။။
နှာစေးပါတယ် ။။
အသားအရေ ခြောက်ပါတယ် ။။
အခုလို မိုးအုံ့တဲ့နေ့တွေဆိုအင်္ကျီခြောက်ရ ခက်ပါတယ် ။။
မနက် မနက်ဆို အိပ်ယာ ထရခက်ပါတယ်။။
နိုးရခက်ပါတယ် ။။

ရာသီပြောင်းတာ လူတွေရဲ့ စိတ်ကို ပြောင်းလဲစေပါသလား။။


ရာသီပြောင်းတော့ စိတ်တွေ မှုန်မှိုင်းပါတယ်။။
စိတ်ညစ်ပါတယ် ။
စိတ်မကြည်ဘူး ။ စိတ်ဓါတ်ကျပါတယ် ။။
စိတ်မခိုင်ဘူး ။ စိတ်အားငယ်ပါတယ် ။။
စိတ်မကောင်းဘူး ။ စိတ်ဖိစီးပါတယ် ။။
ကြာတော့ .........
စိတ်ပြောင်းတော့မယ်။။





18 comments:

  1. ပေါက်ရေ...ရာသီပြောင်းချိန်...ဟုတ်တယ်။
    ကျမလည်း အမှောင်များတဲ့ရက်တွေ ကိုမကြိုက်ဘူး။
    အေးအေး၊မှောင်မှောင်နဲ့ လူလည်း ကြောက်တောင်တောင် မဖြစ်အောင် ထိန်းထားရတယ်။

    ReplyDelete
  2. စိတ်ပြောင်းသွားရင် နေရပ်လိပ်စာအသစ်ကို မှတ်ထားပါရစေနော်.. စိတ်နဲ့ဝေးသွားမှာကြောက်လို့ =)

    ReplyDelete
  3. ရာသီအပြောင်းမှာ စိတ်ပြောင်းမပြောင်းတော့မသိဘူး။ ကျွန်တော်ကတော့ အခန်းပဲအောင်းတော့တယ်။ အရမ်းအေးလာပြီလေ။

    ReplyDelete
  4. သြ..သူလည်းအသက်ရှူကြပ်တဲ့အကြောင်းတင်လို့ ။ ကိုယ်လဲကြပ်နေလို့ တင်ထားတယ်။ စိတ်ဓာတ်မကျနဲ့ ပေါက်ရေ။ အဖေါ်တွေရှိတယ်။

    ReplyDelete
  5. kom: စိုင်းထီးဆိုငသီချင်းလေးဆိုလိုက်ပါ ရာသီပြော်ငချိန်။

    ReplyDelete
  6. ရာသီမပြောင်းတဲ့ နိုင်ငံနေလို့ တစ်နှစ်တစ်နှစ် ကုန်သွားတာတောင် မသိလိုက်ဘူး။ :)

    ReplyDelete
  7. ကိုယ်ကကျတော့ ရာသီပြောင်းတာ သိပ်မသိရတဲ့ နိုင်ငံမှာနေပေမယ့် ရခဲ့ဖူးတဲ့ ရာသီပြောင်းချိန်ကို မျှော်မှန်းပြီး စိတ်ကို လှည့်စားပြီး ပင်ပန်းအောင် ရှာနေတယ်။
    မခင်ဦးမေပြောသလိုပဲ ရာသီပြောင်းချိန် သီချင်းနဲ့တောင် လွမ်းလိုက်သေးတယ်။

    ReplyDelete
  8. အင်း စိတ်တွေက အဲဒီလိုပဲ။ ဂျေဒီလည်း စိတ် သိပ်မကောင်းဘူး။ စိတ်မမှန်တာ မဟုတ်ဘူးနော်။ စိတ်တွေ အောက်ကို အတားအဆီးမဲ့ တရှိန်ထိုး ကျနေတယ်။

    ReplyDelete
  9. အဲလိုပဲ ဖြစ်တတ်တယ်

    ReplyDelete
  10. စိတ်ဓာတ်မကျနဲ့ အချစ်လေးရေ....
    သီချင်းဆိုပြတာပါ။

    ReplyDelete
  11. စိတ်ဆိုတာကိုက ပြောင်းလဲနေတတ်တဲ့ အမျိုးပဲလေ..

    ပြောင်းသွားရင်ပြောဦး..
    စိတ်ပြောင်းတဲ့နေရာကိုလိုက်ခဲ့မယ်..

    ReplyDelete
  12. ပေါက်ရေ.. ဒီမှာလည်း အတူတူပါပဲဟယ.်. ၄ နာရီခွဲလောက်ဆို မှောင်စ ပြုနေပြီလေ.. နေ့တာတိုတယ်.. အပြင်မှာ နေပူနေပေမယ့် လေက အေးစက်စက်ကြီး.. အိမ်ထဲနေပြန်တော့လည်း လူက ထိုင်းမှိုင်းပြီး နေရတာ ဘယ်လိုကြီးမှန်းကို မသိ.. နောက်ထပ် ၄ လ ၅ လ လောက်တော့ ဒီရာသီဥတုကြီးနဲ့ နှစ်ပါးသွားနေရဦးမယ်..

    ReplyDelete
  13. ပေါက်...ရာသီပြောင်းတဲ့ အခါ စိတ်တင် မဟုတ် ကိုယ်ပါ လိုက်ပြောင်းတယ်၊ နွေးရင် ချည်ထည်လေးပြောင်း ဝတ်ရ၊ အေးရင် ခြုံထည်လေးလွှမ်းရနဲ့ ၊ရာသီပြောင်းလို့ဆို တော်သေး ရာသီမပြောင်းပဲနဲ့ စိတ်တွေ ခဏ ခဏ ပြောင်းနေတတ်တာက ပိုဆိုးတယ်လေ၊ စိတ်ဆိုတာကလဲ မှီတွယ် ကပ်ငြိရာ တယ်များသကိုး.....။

    ReplyDelete
  14. ရာသီပြောင်းတော့ ခဏခဏ ဖျားရတယ်၊ နှာရည်တွေလည်း ထွက်ရတယ်၊ ရာသီဥတု အေးတာကို ကြိုက်ပါတယ်၊ ဒါပေမယ့် မှောင်တာကို မကြိုက်ဘူး။
    အေးလွန်းရင်လည်း ကွေးမိပြန်တော့ ကျန်းမာရေးနဲ့ မညီတော့ပြန်ဘူး။ အမျိုးမျိုးပဲနော်။ လူ့အလို နတ်မလိုက်နိုင်ဘူးဆိုတာမျိုးပဲလားမသိ :P

    ReplyDelete
  15. တူတူပဲ

    မနက်ကို မထချင်ဘူး၊ အလုပ်သွားရင် တရှုံ့ရှုံ့၊ စက်ဘီးစီးရင်း မျက်နှာတွေဆို ကျိမ်းစပ်နေတာပဲ၊ ခု ၂ ဒီဂရီအောက် ဆို မစီးဘူး၊ မခံနိုင်လို့

    ReplyDelete
  16. ပေါက်ရေ... ဒီလို စောစော မှောင်တတ်တဲ့ ရာသီမှာ တို့လည်း စိတ်ညစ်တယ်... အပြင်လည်း ထွက်လည်လို့ မကောင်းဘူး။ ကြိုက်တာတွေ စားပြီး ကိုယ်အလေးချိန် တိုးလာတာပဲ အဖတ်တင်တယ်ကွယ်...

    ReplyDelete
  17. ရာသီပြောင်းချိန်မှာ အဖော်ကွာလို့ အပြင်ရော အတွင်းရော ဥပါဒ်ဝင်။

    ReplyDelete