6/07/2009

ကမ်းစပ်နဲ့ ရေလှိုင်း


မနက်က သူငယ်ချင်းမင်္ဂလာဆောင်သွားပြီးတော့..ကမ်းစပ်ကိုတန်းသွားဖြစ်ပါတယ်..
ရေလှိုင်းလေးနဲ့ တွေ့ဖို့လေ...


ငါးလေးသနားပါတယ်..



အတူသွားတဲ့ သူငယ်ချင်းတွေနဲ့ ကဲနေတဲ့ချန်း..

ရေညှိပင်တွေ..
သူငယ်ချင်းကတောင် ခူးလာသေးတယ်..
ဟင်းရည်ချက်စားရအောင်တဲ့..
ဒါက နောက်တိုးပုံ( ရေညှိပင်လှတယ်ဆိုလို့..ဇွတ်)





နောက် ကမ်းစပ်တစ်ခု..
ဒီမှာတော့ သဲသောင်ရှိတယ်..


sunsetကို ကြိုက်လို့ အများကြီးရိုက်လာခဲ့တယ်...



ဒါနောက်ဆုံးပဲ...
ဒါနောက်ဆုံးပါပဲ...(ဒီနေ့ အတွက် နောက်ဆုံးရိုက်ခဲ့တဲ့ပုံလို့ပြောတာပါ)
သွားရတော့မယ် ရေလှိုင်းရေ..
နုတ်ဆက်ခဲ့ပါတယ်..။။

18 comments:

  1. ရေညှိပုံလေးလှလိုက်တာ၊

    ဘာလို့ နောက်ဆုံးရတာလဲ? ဝေးလို့လား

    ReplyDelete
  2. ရေညှိက ဒီတိုင်းခူးရင်လဲ ဟင်းချက်စားလို့ ရလား? စိတ်ဝင်စားတယ် ဟိ.. ဘယ်လို ရေညှိဆို ရလဲဟင်

    ReplyDelete
  3. သူငယ်ချင်းလဲ ခူးပြီး ဇဝေဇ၀ါဖြစ်နေတာပဲ..
    ချန်းနဲ့ သူနဲ့ တူတူဝိုင်းခူးနေကြတာ တစ်အိပ်ကြီးရတယ်
    စားရ မစားရ သူလဲ မသေချာဘူး..

    ReplyDelete
  4. ကမ်းစပ်ကိုလှိုင်းကလေးလာသလို မင်းအနားကို တို့ရောက်လာတယ်...။

    ကျောက်ဆောင်နဲ့ ပုံတွေလည်းလှတယ်.. ရေညှိပုံတွေလည်းလှတယ်.. sunset လည်း လှတယ်။

    ReplyDelete
  5. ပေါက်ရေ သီချင်းဆိုမယ်ဟေ့
    ကမ်းစပ် တို့ဟာ ကမ်းစပ် မင်းဟာရေလှိုင်းလေးပေါ့အချစ်ရယ်
    ရေလှိုင်းလေးပေါ့အချစ်ရယ်...

    ဒါပဲ ရတယ် :D

    ReplyDelete
  6. ဟုတ်ပ.. မေဆွိရဲ့ ကမ်းစပ်နဲ့ ရေလှိုင်းသီချင်းလေးတောင် သတိရသွားရသေးတယ်..ချန်းလေး ပျော်နေတယ်ပေါ့..

    sunset ကြည့်ပြီးမှ ပြန်တာလား...မိုက်တယ်နော်.. ပင်လယ်နဲ့ sunset, ပုဂံနဲ့ sunset..သိပ်လှတာပဲ.. အဲ.. ကျိုက်ထီးရိုးဘုရားကျတော့ လပြည့်ညတွေမှာ..။

    ရေညှိလေးတွေကလည်း စိမ်းလို့..ချက်စားလို့ ဖြစ်သလား အကြောင်းပြန်ဦးနော်..ဟဲဟဲ..

    ReplyDelete
  7. သိတ်လှတယ် လိုက်ချင်လိုက်တာ။

    ReplyDelete
  8. ငါးလေး သနားပါတယ် ဆိုပြီး ရေနက်ထဲတော့ ချမပေးခဲ့ဘူး။ :D

    ReplyDelete
  9. လှတဲ့ရေညှိက စားလို့ရတယ်လား..
    ရေလဲဆော့ရ၊ ပုံလဲရိုက်ရ၊ ဟင်းစားလည်းရ။ ကောင်းလိုက်တာ...

    ReplyDelete
  10. နောက်တိုးရေညှိပုံလဲ လှပါသည်

    ပုံ
    အမာခံ ပိတ်သတ်ကြီး
    :P

    ReplyDelete
  11. အမပေါက် ကျနော်လည်းလိုက်ချင်တယ် :P

    ReplyDelete
  12. ညကအိပ်ချင်မူးတူးနဲ့ အားလုံးလှတယ်လို့မန့်သွားတာ ခုမှ တကယ်လှတာဟုတ်မဟုတ် ပြန်လာကြည့်တယ်.. ဟီးဟီး..

    ဟုတ်တယ် အားလုံးတကယ်လှတာသိလား ချန်းကလည်း တော်တော်ပျော်နေပုံပဲ..။

    ReplyDelete
  13. ငါးလေး သနားပါတယ်....။ ကြော်စားချင်စရာလေး.. :)))

    ReplyDelete
  14. No. 5 ပုံက ကြည့်၇တာ မျက်စိအေးလိုက်တာ....

    LYSS:

    ReplyDelete
  15. ပင်လယ်ကမ်းခြေသွားပြီး ရေလှိုင်းတွေ ကမ်းခြေပေါ်တက်လာတာ အေးအေးဆေးဆေး ထိုင်ကြည့်ချင်တယ်။ sunset လည်း ကြည့်ချင်တယ် ပေါက်ရေ.. ချန်းချန်းလေး ကြည့်ရတာ ပျော်နေပုံပဲ.. အဲဒီမှာ ရာသီဥတုက ပူနေပြီလား.. :)

    ReplyDelete
  16. ကမ်းခြေနာမည် ရှာတာမတွေ့လို့...။

    ReplyDelete
  17. Professional ဓါတ်ပုံဆရာတွေ ရိုက်ထားသလိုပါပဲ...
    ပေါက် ဓါတ်ပုံလေးတွေ သိပ်လှတယ်...

    ReplyDelete
  18. နောက်တိုး ရေညှိပုံနဲ့ နေ၀င်ချိန် ပုံတွေ အလှဆုံး။
    ခြေလေးဆင်းပြီး ထိုင်ချင်လိုက်တာ။

    ReplyDelete