2/25/2009
ကျွန်တော် မကောင်းဘူး..
ကျနော် မကောင်းဘူး...
ဘလော့ဂ်တွေ သေချာမလည်နိုင်တော့ လူမှားမှတ်တတ်ပါတယ်..
မမခင်ဦးမေကလည်း ကျနော့်ကိုဆို အသေဟားပါတယ်...
အရင်ကဆို...မနုသွဲ့ နဲ့ မပန်းနွယ် တစ်ယောက်တည်းမှတ်နေတာပါ..
နောက်တော့ နှစ်ယောက်မှန်းသိတယ်...ဒါပေမယ့် မကွဲပြားဘူး..
အခုတော့ ၀ါးတားတာား ခွဲခြားနိုင်လာပါပြီ..(ဟိ..)
နောက်..
ကိုRepublic နဲ့ ကို welcome..
ဘယ်သူက ကိုကြီးဝီမှန်းသေသေချာချာ မသိ..
မနုစံကိုလည်း ဂျပန်အကြောင်းတွေရေးတဲ့ဘလော့တွေနဲ့ မှားဖူးသေးတယ်..
နောက်တော့ သူတောင်ငူမုန့်ဝင်းခါးအကြောင်းရေးတာကိုအသေမှတ်ထားရပါတယ်..
megumiနဲ့ shwnmi ကို မကွဲပြားဘူး...(စိတ်မဆိုးနဲ့နော်)
နောက်ရှိသေးတယ်...မမှတ်မိတော့လို့ပါ။။
သြော်...
ငါတော်တော် ဆိုးပါ့လား..။။
စိတ်မဆိုးကြနဲ့နော်..
အဟိ..
လက်ကျန်..
မကေကို ကျနော်က ကျနော်သိတဲ့ ရန်ကုန်က မကေမှတ်လို့ သွား သွားကြည့်နေတာ
နောက်ပြီး ၀င်နုတ်ဆက်လိုက် ဘာညာပေါ့..
မကေကလဲပြန်နုတ်ဆက်တော့ ကိုယ်လဲ သံသယမရှိဘူးပေါ့..
နောက်မှ သူက သြဇီမှာနေတဲ့ မကေဆိုတော့..
ကိုယ်လူမှားနေမှန်း သိလာတယ်..ဟီးဟိ
19 comments:
  1. 'နင် ငါ့ကိုမှတ်မိသေးရဲ့လားးး ငါ့ကိုမှတ်မိသေးရဲ့လား...'
    ဇော်ဝင်းထွတ် သီချင်းဆိုပြီးဝင်လာရတော့မယ်....။
    ပေါက်က တကယ်ရယ်ရတယ်.. မှတ်မိလား..၊ မမက ပေါက်ကို ကိုဘွိုက်ဇ်ဆီသွားလည်လို့ပြောတော့ ပေါက်က ကိုဘွိုက်ဇ်ဆိုတာ ဘယ်သူလဲတဲ့...။ ဒီလောက်နာမည်ကြီး ကိုများ (ပင့်ပေးတွားတာ)။ ပြီးတော့ သွားလည်တယ်၊ ကိုဘ ကလည်း ပြန်လာလည်တယ်..ပြီးတော့ သူ့ဆီ လာလို့ "ကျေးဇူးတင်ပါတယ် ကိုပေါက်"တဲ့..။ :D :D အများကြီးရှိသေးတယ်.. ပေါက်နဲ့ မမ စီဘောက်စ်မှာ မေး/ဖြေနေရင် နာ အမြဲ တိတ်တိတ်ခိုးဖတ်ပြီး ရယ်နေရတာ..။
    ReplyDelete
  2. ပန်းနွယ်နဲ့ မနုသွဲ့အမှားကောင်းနော်။ နေတဲ့နေရာကလဲ တော်တော်နီးတာကိုး။ ကျုပ်ကိုရော ဘယ်သူနဲ့မှားမိသေးလဲ။
    ဟားဟား
    mm
    ReplyDelete
  3. မကြီး
    ကျွန်တော်က welcome ပါ
    အပေါ်ထပ်မှာနေပါတယ်။
    ကိုကြီးဝီက Republic လေ
    သူက အောက်ထပ်မှာနေတယ်။
    ၂ယောက်သား တစ်ခါမှ မတွေ့ဖူးသေးပါဘူး။
    ReplyDelete
  4. ပေါက်.. တို့က Osaka မှာနေပါတယ်။ ဂျပန်အကြောင်းလည်း နည်းနည်းပါးပါး ရေးပါတယ်။ အမျိုးသားက တောင်ငူကမို့ တောင်ငူမုန့်ဟင်းခါး ရေးဖြစ်ပါတယ်.. တို့ကတော့ ပေါက်ကို မှတ်မိလိုက်သမှ အပြင်မှာတွေ့ရင်တောင် လှမ်းခေါ်လို့ ရတယ်.. အဲ.. ချန်းချန်းလေး ပါပစေနော်.. ကိုယ့်တူမလေးကို ကောင်းကောင်းမှတ်မိတယ်.. :D
    ReplyDelete
  5. အော်... ပေါက်မှားမှာစိုးလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နေကြတာကိုး...
    ဟုတ်ကဲ့ပါ...
    ကိုယ်က သက်ဝေပါ...
    စင်္ကာပူမှာနေပါတယ်...
    ဟိုစပ်စပ် ဒီစပ်စပ် ရေးပါတယ်...
    ခေါင်းခဏခဏ ကိုက်တတ်ပါတယ်...
    ပေါက်ကိုတော့ သိပြီးသားပါလေ... လင့်ခ်တောင် လင့်ခ်ထားသေးတာပဲ.. ဘ်ာလိုမှ မမှားနိုင်...
    ReplyDelete
  6. မဂျီးပေါက် သာမီးကိုရောသိလား :P
    ReplyDelete
  7. တီစကွဲယား မေမိုးက ရှေ့က ကန့်လန့်း)
    တို့များကတော့ - ဝဝနဲ့ ပါးပါး
း)
    ဒါဆို မလွဲတော့ဘူး
    ReplyDelete
  8. ဒါတောင် ...ထုံ နံမည်တွေနဲ့ မခေါ်ကြလို့.. မဟုတ်ရင် ပေါက်တယောက် ခေါင်းမူးနေမှာ.. ပို့စ် ခေါင်းစဉ်ကြည့်ပြီး ခိုင်ထူးသီချင်း ပေါက် ကိုယ်တိုင်ဆိုပြီး တင်ထားလားလို့ ပြေးလားတာ... ပြတိုက်တွေ ကြုံရင် ၀င်ကြည့်ပါ ပေါက်ရေ.. စိတ်ဝင်စားစရာတွေ အများကြီး ချန်းချန်းလည်း ဗဟုသုတ ရတာပေါ့
    ReplyDelete
  9. ဆင်ဆင်ပြောတာ ဟုတ်မယ်..
    ကို.ဘ ကိုမသိလို့ ပြောခံရဖူးတယ်..
    နောက်..ကိုအောင်သာငယ် ဆိုတဲ့နစ်ကို ခဏ ခဏ
    မြင်ဖူးတယ်ပြောတော့..မမက ကျနော့ကိုဟားတယ်..
    သုနှင်းဆီကို မှတ်မိပါတယ်..သီချင်းတွေတင်လွန်းလို့..
    မွန်းအောင်သီချင်းပို့ပေးဖူးတယ်..
    ကို ၀ဲကမ်း(၀ဲလ်ကမ်းမဟုတ်) အခုမှတ်မိသွားပြီ
    နုရေ..
    ရောနေတာက..အရင်ကပါ..
    အခု ရှင်းပါတယ်..စိတ်မဆိုးနဲ့နော်...
    မသက်ဝေကိုမှတ်မိပါတယ်..
    စလုံးကိုဆွေမျိုးမိတ်ဆွေတွေလာရင် လိုက်ပို့ရလွန်းလို့ မောတဲ့အကြောင်းရေးတဲ့ မသက်ဝေပါ
    အဲ့ပို့စ်ဖတ်ပြီး..ကျနော်..
    orchard roadက ရေခဲမှုန့်သည်ကြီးကိုတောင်သတိရသွားသေးတယ်
    အရင်ကparagon ထောင့်မှာရောင်းတာ..
    အခုတော့ မသိတော့ဘူး..
    ပြောရင်းဆိုရင်း paragonအောက်ထပ်က sogo
    အရှေ့က cheesecake စားချင်လိုက်တာ..
    အဲ့တုန်းက ၆ကျပ်..ဟီးး
    မေမိုးနဲ့ ကိုနိ မယ်နိ တို့ကို ဝေေ၀၀ါးဝါးပဲ..
    ဟားဟ
    မမီယာ...ပြတိုက်တွေကြိုးစားပြီး သွားကြည့်ပါ့မယ်နော်...
    ReplyDelete
  10. ရှိသေးတယ်လေ။သစ်နက်ဆူးကို ဘာသွားလုပ်တာလဲ။ ကိုဘ ဟားနေတာမှတ်မိတယ်။
    ReplyDelete
  11. နောက်တစ်ယောက်ကိုလဲ ဘယ်သူလဲဘယ်သူလဲ နဲ့ လာမေးနေတာလေ။ အရိုက်ခံရမှာစိုးလို့ မမွန်ကလာအဖြေပေးရတာကော မှတ်မိသေးလား။
    ReplyDelete
  12. မမ.
    အောက်တစ်ခု ဘယ်သူလဲ ဘယ်သူလဲ က
    ဘယ်သူ့ကိုပြောတုန်းကလဲ..
    စကားလိမ်နဲ့ပြောနော်..ကာယကံရှင်သိသွားရင်
    အားနာစရာကြီးး..(ကျော်ကွန့်တော့ မဟုတ်ဖူး
    လှထုံလောက်လဲ မထုံပါဘူး..ဟီးးဟိ
    အဲ့တော့...ကျော် ကွန့်တဲ့ ..လှ ထုံတဲ့
    လိုက်လည်းလိုက်တဲ့စုံတွဲ..)သဘောပေါက်ပါ မမ)
    ReplyDelete
  13. ပေါက်က ကျွန်တော်မကောင်းဘူးဆိုတော့ တို့တွေက ကျွန်တော့်နံမယ် ဘာညာဘာညာ ဟိုမြို့မှာ နေပါတယ်..ကျွန်တော့်အဖေ ဦးကကြီး ဆိုက်ကားကြီးကြီးမောင်းပါတယ်....အဲဒီသီချင်း ဆိုပြရမလို ဖြစ်ကုန်ပြီစ်..
    မှတ်မိတယ်နော်..တို့နံမယ်က။
    ReplyDelete
  14. ပေါက် ကျုပ်က မယ်နိနော်။ ကိုနိနဲ့ ဘာမှမဆိုင်ဘူး။ အတွဲလိုက်ကြီးမှတ်ထားမှာစိုးလို့။
    ReplyDelete
  15. မနေ့က လာမန့်ထားတယ်..။ ပျောက်သွားပါလား...။ ကြည့်ရတာ မန့်ပြိးပြီးချင်း တက်မသွားခင်မှာ စက်ပိတ်လိုက်လို့လား မသိဘူး
    ReplyDelete
  16. တို့ ကိုတော့ မှတ်မိတယ် ဟုတ်…
    မြင်မှမမြင်ဘူးတော့ လူမှားစရာလဲ မရှိဘူးပေါ့…
    ပြောသာပြောရတာ… ဟိုးအစက တို့ က မှားတာ…
    ပေါက်ကို ကိုပေါက်လို့ ခေါ်ခဲ့တာလေ… မှတ်မိလား…
    ReplyDelete
  17. နေဘုန်းလတ် ကို မသိတာလေ။
    ဒီလောက် အုတ်အော်သောင်းနင်းဖြစ်ရပ်ကို သူမသိတာ။
    ပေါက်တစ်ယောက်ဟာ အတော်ဝေးတယ်။
    ကျုပ်ကတော့.. သူ့ကို အမြဲမှတ်မိတယ်။
    ကိုယ့်နှလုံးသားအသံကို ကိုယ်ပြန်ကြားနေရသလိုမို့။
    ဟားဟား ပေါလိုက်တာ..ကိုယ့်ကိုကိုယ်တောင်..ပြန်ဟားမိတယ်။
    mm
    ReplyDelete
  18. နေဘုန်းလတ်ဆိုတာကို ကိုယ်သွားတဲံ့ဘလော့တကာမှာ
    ပြောနေတော့..
    ကိုယ်ကလည်း စပ်စုချင်တာပေါ့..
    အဲ့ နေဘုန်းလတ်ဆိုတာ ဘာလဲ..ဘာလုပ်တာလဲ..
    ဘာဖြစ်တာလဲ ပေါ့..
    မ tg ကို မမှားပါဘူး..
    သူ့ပုံတူပန်းချီကြီး တင်ထားတာ ဘယ်လိုမှားနိုင်မှာလဲ..တဲ့
    မယ်နိ...က ကိုနိနဲ့ မသက်ဆိုင်မှန်းသိတယ်လေ..
    ထပ်ရှင်းပြစရာမလိုဘူးနော်...ဟီး
    ကို.ဘ မလာစဖူး...
    မတန်ခူးကိုပေါက်လို့ ခေါ်တာ မှတ်မိတယ်..
    အခုလည်း မတန်ခူး...ကျနော့အပေါ်တစ်ခုခု လွှဲမှားနေသေးတယ်..ဟားဟ
    ReplyDelete