12/17/2008
ဒီနေ့ ကံမကောင်းပါလား...၁၆.၁၂.၀၈
ဒီနေ့ ကံမကောင်းပါ....
အရာရာနဲ့ အဆင်ပြေအောင် နေနေရတဲ့ အထဲ...
......................
ကိုယ့်သွေးတွေ ဘယ်လောက်ဆူပွက်နေတယ်ဆိုတာ
ကိုယ်အသိဆုံး.....
.........................
မျက်နှာချင်းဆိုင် ဖြေရှင်းရမှာလား....
သည်းညည်းခံ ဥပေက္ခာပြုရမှာလား....
ကိုယ့်မှာ အကောင်းဆုံးအဖြေ ရှိမနေခဲ့ဘူး...
............................
ဒီနေ့...
ဆင်ခြေတုံတရား ကင်းမဲ့သူနဲ့..
သစ္စာတရား ကင်းမဲ့သူ...
နှစ်ယောက်ကို တပြိုင်နက်တည်း တွေ့ကြုံလိုက်ရချိန်မှာ...
..................
........................
...........................
မှတ်ချက် ။။ မမတို့ကိုနုတ်ဆက်ပြီး အိပ်မရလို့...စိတ်ထဲရှိနေတာ ရေးချလိုက်တာ..
အိမ်ပြန်ရောက်ပြီး မမတို့နဲ့တွေ့လိုက်ရချိန်မှာ ၀မ်းနည်းတာတွေပျောက်ကုန်ပြီ...
ကျေးဇူး...
18 comments:
  1. ကိုပေါက်ရေ -
    အရာရာ အဆင်ပြေပါစေ...
    ဆုံးဖြတ်ချက်တိုင်းကလည်း မှန်ကန်ပါစေ...
း)
    ReplyDelete
  2. ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့။ နောက်ပြီးရင် ကောင်းသွားမယ်။
    အောင်ရင်ရဲ့ သီချင်းထင်တာပဲ။
    mm
    ReplyDelete
  3. မရေ့း
    စိတ်ညစ်ညစ် နဲ့ လာလည်တာ။
    post လေးမြင်တော့ ပိုခံစားမိတယ်။။ ပိုပိုလဲ
    ဒီဝေဒနာကို 2 နှစ် ကျော် ခံစားခဲ့ တာပါ။။
    အခုတောင် တည် ငြိမ်ပြီ လို့ မထင်သေးဘူး။။
    ပို့ ဘက်ကဘဲလျော့ ထားလိုက်တယ်။။
    ရူးမတတ်ဘာပဲ။။ ဒါပေမယ့်  သမီးလေးမျက် နာကြည့် 
    ပြီဖြေ နေဆဲပါ။။
    မ လဲ ချန်းချန်းလေးမျက်နာကြည့် ပြီးဖြေပေါ့။။
    မ ဝေဒနာတွေအမြန်ဆုံးပျောက်ပါစေ။။
    ပျော်ရွှင်သောမိသားစုဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ။။
    ReplyDelete
  4. မကြီးပေါက်.. စိတ်မညစ်ပါနဲ့.. မောင်လေးအန်ကြီး တစ်ယောက်လုံးရှိတယ် ..
    ခင်ရင်ဒီစာဖတ်နေချိန်မှာ တစ်ခေါက်လောက်ဖြစ်ဖြစ် ပြုံးပြပါနော်။း)
    ReplyDelete
  5. ignore လုပ်လိုက်ပါ။
    ReplyDelete
  6. ၀ါဝါခိုင်မင်း: မမ ရေ မမဆီမှာ Pauk လိပ်စာရှိလား လာချောင်းတာ. ပြန်မလည်နိုင်ဖြစ်နေလို့..အဟီးး
    ReplyDelete
  7. http://warwarkhaingmin.blogspot.com/
    ReplyDelete
  8. ပေါက်ထုံလေး အတွက် လိပ်စာပါ တခါတည်းပေးခဲ့တယ်
    ReplyDelete
  9. မကြီးပေါက် ဘယ်လိုတွေ ဖြစ်နေတာလဲ။ စိတ်ပင်ပမ်းမခံနဲ့နော်။ အဆင်ပြေပါစေ။
    ReplyDelete
  10. ပေါက်ရေ...
    ကိုယ်ခံစားနေရရင် ကိုယ်ရှုံးတာပဲ။ ပျော်ပျော်သာ နေပြလိုက်။ ရှေ.ကိုပဲ စဉ်းစားနော်။
    တို့ ကိုပေါက် က စိတ်မာပါတယ်ကွာ..
    ကံကောင်းခြင်းတွေ တို့ကိုပေါက်နဲ့ ချန်းချန်းလေးတွက်ဖြစ်ပါစေ..
    ချစ်တဲ့
    tg...
    ReplyDelete
  11. မကြီးပေါက် အစစအရာရာ အဆင်ပြေပါစေ
    ReplyDelete
  12. ပေါက်ကြီး ဘာတွေဖြစ်ဆေးခါးကြီးတိုက်ဖို့လိုနေပြီလား။ အင်း မတွေ့တာကြာပြီ ပြောပါဦးဘာဖြစ်ရပြန်တာလဲ ဒါမျိုးများတွေ့ ရင် ... လုပ်ရမဲ့ အလုပ်တခု ရှိတယ် နောက်ကြုံမှပြောပြမယ် ဒီ ည ပေါ့ ကွာ . ခုတော့ပြန်အိပ်လိုက်ဦးမယ် အိပ်ငိုက်နေလို့ ဟိဟိ
    ReplyDelete
  13. ကိုနိ..နိနိ..မွန်..မမ..
    အဆင်ပြေအောင်..နေနေပါတယ်နော်..
    အမှန်က..ဒီနေ့လည်း လူမဟုတ်တဲ့သူနဲ့
    ဆက်ဆံနေရတုန်းပဲ...
    ပိုပိုရေ...
    ကျနော်ဖြစ်နေတာ..သူဌေးမနဲ့..တူတူလုပ်တဲ့
    လုပ်ဖော်ကိုင်ဖက်ကတော့...နေ့စဉ်မြင်တွေ့နေရတာလေ..
    ကိုယ့်ကိုသစ္စာဖောက်သလိုလုပ်တော့..
    ကိုယ့်မျက်လုံးတောင်..ကိုယ်မယုံနိုင်အောင်ပါပဲ...
    လောကကြီးမှာ.ဒီလိုလူမျိုးတွေရှိတယ်ဆိုတာ...
    သိထားပေမယ့်...မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့..
    ဒီနေ့တော့..စိတ်တည်ငြိမ်စွာနဲ့စကားပြောနိုင်ပါပြီ..
    (သူ့ကိုသတိထားဆက်ဆံရင်းနဲ့ပေါ့..)
    မသီဂီ င်္ရေ...
    ကိုယ့်ကိုယ်ကို စိတ်မာတယ်လို့ အားတင်းထားရင်း
    တိုက်ခိုက်မှုတွေကြုံလာတဲ့အခါ...
    ...........
    မေမိုးလေး..မနက်ဖြန်ကစပြီးအဆင်ပြေမှာပါ
    ကဖြိုးရေ...
    ငါအားရင် ဂျီးတော်ဖက်လာမယ်..
    အန်ကြီးပို့တဲ့ကြောင်ပုံတွေကြည့်ပြီး
    ရီချင်သလိုလို..အူယားစရာလေးတွေ..
    ငါက ကြောင်..ကြောက်တတ်တယ်...
    ကျေးဇူး..အန်ကြီးး
    ReplyDelete
  14. ပေါက်ရေ.. တွတ်ပီလိုတော့ မညည်းလိုက်ပါနဲ့လား.. ကံမကောင်းတာတွေ နှစ်ဟောင်းမှာ လာပြီးရင် နှစ်သစ်မှာ ကံကောင်းတာတွေချည်းပဲ လာမှာပါ... ပျော်အောင်နေပါ ပေါက်ရေ... :)
    ReplyDelete
  15. မားပေါက် နေကောင်းအောင်နေပါနော်။ ဘေးနားမှာ ချမ်းလေးတစ်ယောက်လုံးရှိသေးတာပဲနော်။ ကျားယို ကျားယို အားဂျ အားဂျ ဖိုက်တင်း :*
    မားပေါက်ဆီ အာလူးလာဖုတ်မယ်နော်။
    ReplyDelete
  16. ကပေါက်..
    သိသင့်တာတွေကိုပဲသိ
    မသိသင့်တာတွေကို မသိနဲ့လို့
    ဇွတ်ဖန်တီးထားတဲ့ ၀န်းကျင်မှာ ...
    သိသလိုလို မသိသလိုလိုနဲ့ပဲ
    ကိုယ့်ကိုကိုယ် ဆောက်တည်
    ဆူးတွေကို ဇွတ်မနှုတ်နဲ့
    ထုံကျင်ပြီး အေးခဲသွားပါစေ ...
    တရားဆိုတာ ရှိကိုမရှိတဲ့ လောကမှာ ကျင်လည်ရတဲ့အခါ...
    လွင့်သွားပြီ မဟုတ်လား ကပေါက်
    ReplyDelete
  17. နုပေးတဲ့ ဆုနဲ့ပြည့်ပါ့စေနော်..
    သာမီးလေးဒေးရေ...
    ပေါက် လူအား စိတ်အားရင် ဖုန်းခေါ်လိုက်ပါ့မယ်..
    ချန်းချန်းကတော့...ပေါက်ကို စိတ်ဓါတ်တွေ
    မြင့်တင်ပေးနေတယ်..
    ဟားဟ
    မသီတာ..
    ကျေးဇူး..လာလည်တဲံ့အတွက်..
    “တရားဆိုတာ..ရှိကိုမရှိတဲ့လောကမှာ
    ကျင်လည်ရတဲ့ အခါ...”ဆိုတဲ့..စကားလေး
    သိပ်သဘောကျသွားပြီ..
    လောလော လတ်လတ်တော့ဘာသာမဲ့တဲ့သူတို့မှာ..
    ဘုရားလည်း မရှိ...
    တရားလည်း မရှိ...
    ReplyDelete
  18. သူငယ်ချင်းတွေ အများကြီးနဲ့ ပေါက် ... တခါတခါ ကိုပေါက် .. တခါတလေ .. မကြီးပေါက် .. မျက်စိတောင် ရှုပ်သွားတယ် .. သိလိုက်တာက ချမ်းချမ်းလေးဆိုတဲ့ ကလေးလေးရှိတယ်၊ စာရေးလဲ ကောင်းတယ်၊ သဘောလဲကောင်းမယ့်ပုံပဲ .. လာလည်ပါတယ်။ စာတွေဖတ်နေပါတယ် :)
    ReplyDelete