6th oct : 2011



စိတ်ကြည်နေတယ်...(ထင်တာပဲ..)
တခြားကိစ္စတွေ သိပ်အဆင်မပြေပေမဲ့ စိတ်ကြည်နေတယ်..။
နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝနေ့ရက်တွေ မရေရာပေမဲ့ စိတ်ကြည်နေတယ်။
ရည်မှန်းထားတဲ့ ခရီးတခုအတွက် မသေချာပေမဲ့ စိတ်ကြည်နေတယ်..။
ကိုယ့်ဆံပင်မညှပ်တာကြာပြီး ကြည့်ရဆိုးနေပေမဲ့ စိတ်ကြည်နေတယ်..။
ဝင်ငွေနည်း နေပေမဲ့ စိတ်ကြည်နေတယ်..။
ထွက်ငွေများနေတာ သိပေမဲ့ စိတ်ကြည်နေတယ်..။
ညည ညဉ့်နက်ပေမဲ့ စိတ်ကြည်နေတယ်.။
မနက်ခင်းတွေ အိပ်ရေးမဝပေမဲ့ စိတ်ကြည်နေတယ်..။
 တွေး ငေးနေရပေမဲ့ စိတ်ကြည်နေတယ်..။
မနက်ဖန်တွေ  မရေရာပေမဲ့ စိတ်ကြည်နေတယ်...။
စိတ်ကြည်နေတယ်....။
စိတ်ကြည်နေပါတယ် လေ.....။

~~~~~If there's love just feel it,~~~~
`~~~~~If there's life we'll see it,~~~~~~
~~~~~~This is no time to be alone, alone, yeah,~~~~~




10 comments:

ပျော်ရွှင်ပါစေ ပေါက်

I won't let you go ပို့စ်မှာ သည်မနက်က ကွန်မန့် အရှည်ကြီး ရေးလိုက်တာ မပေါ်ဘူးနော်။

can't type MM.. :(
Anyway.. I m also happy when u "SEIK-kYI" :p

မသီတာ ပြန်ရေးပေးပါ...
ဖတ်ချင်ပါတယ်..။
ပျော်တယ် ထင်တာပဲ..ဟားဟား..။

မယ်ဆင်...။
ဆိတ်ကြီးရင် ပျော်တယ်ပေါ့လေ...
ဟင်းးး

စိတ်ကြည်လို့ထင်တယ်၊
သစ်ရွက်တွေ ပန်းတွေက စိမ်းကြည်နေတာပဲ၊

ကြည်ဖို့ အဓိကပဲ ပေါက်

ပေးထားတဲ့ ပုံလေးကလည်း စိတ်ကြည်တယ်။

ကိုယ်လည်း စိတ်ကြည်နေတယ် ပေါက်...
ပူစရာတွေ... ဝင်ငွေနဲ့ ထွက်ငွေ မမျှတာတွေ... အိပ်ရေးမဝတာတွေ... အတူတူပဲ... ဒါပေမယ့် စိတ်ကြည်နေတယ်...း)

စိတ်ကြည်နေလို့ စောစောထပြီး ဘလော့တကာလည် ကွန့်မန့်လိုက်ပေးနေတယ်။ သောကြာညနေ၊ စနေမနက်ဆို စိတ်ကြည်ကြပါတယ်။

ကြည်ပါစေ ပေါက်။

အစိတ်ကြည်နေတုန်း များများလေးရေးပါဗျ..
အအစစ