ယနေ့ နေ့လည်စာ

ယနေ့ နေ့လည်စာပါ..။
သူငယ်ချင်းလာပေးတဲ့ ထဝခေါက်ဆွဲသုတ် (ခေါက်ဆွဲအေး)
နွေရောက်ရင် ဒီခေါက်ဆွဲအေးစားကြတယ်..။
ကိုယ်ကတော့ သိပ်မကြိုက်ဘူး။
သူများက လာကျွေးတော့လည်း စားလိုက်ရတာပေါ့..။
(အလကားရတဲ့ နွား သွားဖြဲကြည့်မနေတော့ပါဘူးလေ..ဟီးးဟီး)
ဒီခေါက်ဆွဲသုတ်က ရိုးရိုးလေးပါပဲ.။
ခေါက်ဆွဲဖတ်ရယ်..နှမ်း(သို့)မြေပဲကို အနှစ်ရအောင်ကြိတ်ထားတာရယ်။
အချဉ်ရည်ရယ်..ကြာညိုအငန်ရယ်။
အပေါ်ကနေ သခွားသီးစိတ်နဲ့ ပဲပင်ပေါက်ရေနွေးဖျော ပုံပေးလိုက်တာပဲ..။
အသုတ်မပီသတာက နံနံပင်မပါတာပဲ..။ငရုတ်ဆီထုပ် ထည့်ပေးထားတာတော်သေးတယ်။
စားချင်စဖွယ်မရှိတဲ့ နေ့လည်စာတွေတင်နေလို့...
ဒီအိမ်ရှင် ရူးနေတယ် မထင်စေလိုပါ..။




ဒါက ပါဆယ်ထုတ်ထားတာ

4 comments:

My other half love the cold noodle while I prefer the hot ones. I wish I could have some friends who would feed me too, hehe!!!

ကောင်းပါတယ်

အဲ့ခေါက်ဆွဲမှာ ငါးငံပြာရည်၊ ပဲမှုန့်အကျက်နဲ့ ပုဇွန်ခြောက်မှုန့်တွေ ထပ်ဆောင်းရောထဲ့လိုက်ရင် ပိုကောင်းသွားမယ်ထင်တယ်။

လောလောဆယ် ဗိုက်ဆာနေလို့ ပန်းကန်ပြားချည်းပဲ ပြထားရင်တောင် ဝါးစားမိမလား မသိဘူး။ :D