ခြေညောင်းတဲ့နေ့




ညကတည်း ကတိပေးထားတဲ့အတိုင်း မနက်ထတော့ မနက်စာဆိုင်
ိုလိုက်ပို့ ပေးရပါတယ်..။ ကော်ဖီခါးခါးတခွက် မုန့်တစ်ခုစားအပြီးမှာ..
သတင်းစာထိုင်ဖတ်တော့ သွားစရာနေရာတစ်ခုတွေ့တာနဲ့ သူငယ်ချင်းဆီဖုန်း
ဆက်ပြီး လိုက်ဖို့ အဖေါ်စပ်......။

ဒီိလိုနဲ့....မြို့ပြင်တနေရာကို ရောက်သွားခဲ့ပါတယ်..။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုံ့ဆော်တဲ့ ပြခန်းသေးသေးတစ်ခု။
အထူးသဖြင့် ပင်လယ်သဲသောင် ထိန်းသိမ်းရေးအတွက် ပြတဲ့ပြခန်းလေး..။
ဓါတ်ပုံလားး...။ ကင်မရာ ပါမသွား..။ သူငယ်ချင်းကတော့ လက်ကိုင်ဖုန်းနဲ့
မှတ်တမ်းတင်ထားလေရဲ့..။

ကဏန်းတွေတွေ့တော့ ခခက တစ်ကောင်လောက်ယူလာချက်စားရရင်
ကောင်းမှာပဲ..တဲ့..။ (တော်သေးတယ်..ပြခန်းက ဝန်ထမ်းတွေမကြားလို့)
ကြည့်ရှု မှတ်သား ဖတ်ရှု့ပြီးတဲ့ နောက်....။

နောက်တစ်ဘူတာက နာမည်ကြီး TAMSUI 淡水
(ရဲရဲနှိပ်ကြည့်ပါ..)
ဆိုတော့ ဆက်လက်ချီတက်ကြသည် ။
ဆန်းဒေးမို့ လူတွေ လူတွေ အုံလိုက် ကျင်းလိုက်..။
ဒေသခံတွေရော...ဒေသမခံတွေပါ..( နိုင်ငံခြားသားတွေကို ဆိုလိုသည်။) အလွန်များပြားလွန်းတယ်။
လမ်းဘေးဆိုင်လေးတွေ လည်စရာ မကုန်နိုင်ပါ..။( မနုစံ ကိုသတိရသွားတယ်..ကင်မရာ မပါသွားတာ ခက်တယ်)
ရွာက ဘုရားပွဲတွေလို ကစားစရာတွေလဲ မှိုလိုပေါတယ်..။ ခခက ဘောလုံးကို သေနတ်ပစ်တာ ကစားတယ်။
ကျည်ဆံ ၁၀ခုပေးရာမှာ ၄ချက်လားပဲ ထိတယ်..။ သူစာမေးပွဲဖြေတဲ့အကျင့်အတိုင်း ပစ်မှတ်ကို သေချာမကြည့်ပဲ
ပစ်တော့ ထိမှန်တဲ့ အချက်အရေအတွက် နဲသွားတယ်..၊ခခကိုလဲ ကြုံတုန်း သြဝါဒတွေ ပေးလိုက်သေးပါတယ်။
သေနတ်ပစ်မယ်ဆို..ပစ်မှတ်ကို သေချာအောင် ချိန်ရသလို စာမေးပွဲဖြေရင်လဲ မေးခွန်းသေချာဖတ်ပြီး ဖြေပါ..လို့။
ဟီးးဟီးး..။
ဆက်လက်ချီတက်တော့ ရှေးဟောင်းနှောင်းဖြစ် ကလေးကစားစရာ ရောင်းတဲ့ ဆိုင်လေးတွေတွေ့တော့ ခခက
ဂျင်ကလယ် ရွေးပါတယ်..။ မြန်မာကို ပြန်နေကျ ခခပဲလေ..။ဂျင်များ အသာလေး ပေါက်တတ်တာပေါ့။
ပါလာတဲ့သူငယ်ချင်းက ဟားနေတယ်..ခခကို..။
နောက်တဆိုင်ရောက်တော့ သူကောက်ကိုင်လိုက်တာက သေနတ်တဲ့..။ အစကတော့ ဝယ်ပေးမို့ ဈေးမတရားတင်
်ထားတာမို့ မဝယ်ပေးဖြစ်တော့ပါ..။

အပြန်လမ်းမှာ အိမ်နဲ့ နှစ်ဘူတာဝေးတဲ့နေရာက ဆင်းပြီး အိမ်ကို လမ်းလျှောက်ပြန်ကြပါတယ်..။
အဝေးပြေးကားလမ်းမ (တံတား)ပေါ်က ဖြတ်တော့ နှစ်ယောက်သား ကြောက်ကြောက်လန့်လန့်နဲ့။.
ဘယ်အချိန်များ အနောက်ကနေ ပွတ်တိုက်သွားမလဲ လို့..။

အိမ်နားလေးက စာအုပ်ဆိုင်ဝင်ပြီး မွေးနေ့ကဒ် ဝယ်ဖို့ ဝင်ပါတယ်။
ညီမလေးမွေးနေ့ ၂၁ နေ့မှာမို့..။ ခရစ်စမတ်စ်ကဒ်လေးတွေ လှလို့ တခါတည်းဝယ်လိုက်တယ်။
မမမွေးနေ့က ၁၀ရက်ကျော်မှာ မဟုတ်လားး။ ပို့ချင်ပေမယ့်လည်း အဆင်မပြေပါဘူးလေ..။
ကိုဘက ၂၅မှာထင်တယ်..။ မြိုးက ၁လပိုင်းမှ...။

နောက်..........
.....................။

ဒါပါပဲလေ..။

ဒီဇင်ဘာ...ဒီဇင်ဘာ..။

8 comments:

အိုးးဒီဇင်ဘာာ

ကဏန်းတွေတွေ့တော့ ခခက တစ်ကောင်လောက်ယူလာချက်စားရရင်
ကောင်းမှာပဲ..တဲ။
သည်ခလေး တော်တယ်..

ခလေးတွေက ကြုံတုန်းအဲလိုလေးတွေ ကိုယ်လိုရာ သိမ်းသွင်းနားချရတာဘဲနော်... ခခ လေးက လိမ္မာပါတယ်...

မမက ၁၆.. နာက ဘယ်နေ့လဲပြော

ပေါက်နဲ့ လမ်းလျှောက်လိုက်ရတာ ပျော်တယ်။
ခခ ပါ ပါတော့ ပိုတောင် ပျော်သေး။

လျှောက်လည်ရတာ ပျော်စရာ၊
လျှောက်ပဲလည်နေရရင် ကောင်းမယ်၊

ပေါက်...
တစ်ကယ်လို့  ခခလိုများ..ပေါက် ၁၀ချက်ပစ်ရင် ..ဘယ်နှစ်ချက်ထိမလဲ....း)
။။။။။
ကိုယ်လိုသူလို လက်တွေမို့ ....
......
......
မထင်။

ဘူတာဘေးမှာ ကိုယ်တိုင် ကြိုးဆွဲတတ်အောင် နည်းပြပြီး သီချင်းဖွင့်ပေး ကလေးတွေ ကိုယ်တိုင် ကြိုးဆွဲနေတဲ့ ရုပ်သေးပွဲကို ရော မနွှဲခဲ့ဘူးလား။